ခုနှစ်ရက် သားသမီးများအတွက်.. ၂၀၁၉ ခုနှစ် ဇူလိုင်လအတွက် ..တစ်လစာ ဟောစာတမ်း

ခုနှစ်ရက် သားသမီးများအတွက်.. ၂၀၁၉ ခုနှစ် ဇူလိုင်လအတွက် ..တစ်လစာ ဟောစာတမ်း

စိတ်ပြေလက်ပြောက် ဗေဒင်လေး ဖတ်ကြအူးစို့

တ န ဂ ၤနွေသားသမီးများ

ဒီက ာ လ မှာ မိမိအတွက် လုပ်စရာအလုပ်အကြွေးတွေများနေတတ်ပါတယ်။အရင်အပတ်က မပြီးပြတ်သေး တဲ့ကိစ္စတွေဒီကာလမှာ အပြီးသတ်လုပ်နေရတတ်ပါတယ်။ ဖခင်ရှိသေးသူများ ဖခင်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ။ ဒီကာလမှာ အိုးအိမ်အပြောင်းအလဲမျိုးတွေ ၊ အိမ်ပြင်ဆင်တာမျိုးတွေလဲကြုံနေရတတ်ပါတယ်။ အားကိုးမရှာပါနဲ့၊ မိမိကိုယ်သာအားကိုးပါ။ လုပ်ချင်တဲ့ကိစ္စတွေကို သူများကိုမတိုင်ပင်ပါနဲ့ ၊အဖျက်စကားတွေပဲကြားရပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ရသလောက်နဲ့ရောင့်ရဲလိုက်ပါ။ အဲလိုသာနေနိုင်မယ်ဆိုရင်တော့ ရသင့်တာထက် ပိုရပါလိမ့်မယ်။ ဒီကာလမှာကိုယ်ခံအားနည်းနေတာမျိုးတွေလဲ ဖြစ်ရတတ်ပါတယ်။

ကျန်း မ ာရေးနဲ့ပက်သက်ရင် ခြူခြာလွန်းတဲ့နေ့တွေပါပဲ။ ရောဂါခံစားရပြီးလို့ထင်တာနဲ့ဆေးခန်းသာသွားပါ။ ဆေးမြီးတိုနဲ့မကုပါနဲ့။ အချစ်ရေးမှာ တော့ ချစ်သူက မိမိကိုနားလည်မှုအပြည့်ရှိမဲ့နေ့ရက်တွေပါပဲ။ အိမ်ထောင်ရေးမှာ ညှိနှိုင်းရခက်နေပါတယ်။ နားလည်မှုရဖို့အတော့်ကိုကြိုးစားရပါလိမ့်မယ်။ ပညာရေးမှာ ဉာဏ်၊ဝီရိယကိုသာ အားကိုးပါ။

အထူးဟောကျန်းမာရေးဂရုစိုက်ပေးပါ။အကျိုးပေးဂဏန်း 6/0/2။ ယတြာ = ဘုန်းကြီးကျောင်း ဘုရားကျောင်းများတွင် သောရေအိုး ရေအိုးစဉ်များ လှူပေးပါ။ မိမိအိမ်ဘုရားတွင် ပန်းအဝါရောင်(21)ပွင့် ကပ်လှူပေးပါ။

တ န င်္လာ သား သမီးများ

မိ မိ ရဲ့ စိတ် ကူးတွေက သစ်လွင်နေပါလိမ့်မယ်။ အဓိပ္ပါယ်ရှိရှိတွေးနိုင်ခေါ်နိုင်တာကြောင့် အဆင်ပြေချောမွေ့ မဲ့နေရက်တွေပါပဲ။ အစုစပ်ကိစ္စများ၊ငွေပေးငွေယူကိစ္စများ ၊ အာမခံခြင်းများလဲ ဆောင်ရွက်နိုင်ပါတယ်။ လွတ်လွတ် လပ်လပ်နဲ့ အဆင်ပြေအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ရင် ပွင့်လင်းမြင်သာမှုရှိ အောင်ကြိုးစားလေ အောင်မြင်မှုရလေပါပဲ ။ ကားဝယ်ခြင်း၊ ကားရောင်းခြင်းမျိုးလဲ ဒီအပတ်မှာလုပ်ဆောင်လို့ အဆင်ပြေတတ်ပါတယ်။ ငွေအစုလိုက်ဝင်နိုင်တာကြောင့် မိမိကိုယ်တိုင်က လာဘ်မပိတ်အောင်နေတတ်ဖို့တော့ လိုပါတယ်။ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းပြီး စားကောင်းအိပ်ပျော်မဲ့ အချိန်ကာလပါပဲ။ လိုချင်တာတွေကို လုပ်ယူနိုင်ပါလိမ့်မယ်။

အိမြေ ထာငြေ ရးကတော့ ကှားလူအနှောကအြယှကရြှိ နတတေပြါတယြ။ ကှားစကားတှကေိုခငွ့ခြွိနပြှီးမှာယုံကှညစြခငွေပြါတယြ။ အခစွရြေးကောငြးပါတယြ။ တညငြှိမြ အေးခမွြးတဲ့ ခစွသြူမွိုးတှဆေုံရတတပြါတယြ။ ပညာရေးကတော့ဆရာသငကြှားသမွှနားလညလြှယနြတော ကှောင့ြ အခကအြခဲမရှိတဲ့အနအထေားပါပဲ။

အ ကျို းပေး ဂဏန်း 7/1/2အထူးဟော ကံမြင့်မားနေပါတယ်။ ယတြာ = ထောပတ်ဖျော်ရည် တစ်ခွက် ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါသားသမီးများ

မိမိရဲ့စွမ်းဆောင်ရည်မြင့်မားမှုကြောင့် အားလုံးကိုကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးကိုရောက်ပါလိမ့်မယ်။ အားကစားအလုပ်များ၊ ပြေးပွဲ၊ပြိုင်ပွဲများတွင်ဆုတံဆိပ်တွေရလာ ပါလိမ့်မယ်။ မိမိအနေနဲ့ စူးစမ်းရှာဖွေလေ အကျိုးရှိလေပါပဲ။ ရသင့်တဲ့လုပ်အားခထက် ဘောနပ်ဆိုတာမျိုးလဲ ရရှိနိုင်တဲ့အခွင့်အရေးမျိုးတွေရှိပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တော်တဲ့သူကို မြှောက်စားခြင်းဖြင့် မိမိအတွက်အကျိုးမယုတ်ပါဘူး၊အလုပ်နဲ့ ပက် သက်ပြီးအခွင့်အရေးကောင်းတွေလဲ ရလာတတ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို လုပ်ခွင့်ရလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ မဆိုးပါဘူး။ အစားစားချင်စိတ်တော့ နည်းနေတတ်ပါတယ်။ ဝမ်းချုပ်တတ်ပါတယ်။ စက်ပစ္စည်းအသစ်ဝယ်မယ်ဆို ဒီအပတ်ထဲခြင်းဖြင့် ရေရှည်အဆင်ပြေပါလိမ့်မယ်။

လူချစ်လူခင်လဲ များနေမဲ့နေ့ရက် မျိုးပါပဲ။ လက်ရှိအနေအထားအရတော့ အချစ်ရေးကံကအတော်လေး ကောင်းနေပါတယ်။ အဆင်မပြေတဲ့ချစ်သူ တွေပြန်လည်ပြီးနားလည်မှုယူနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာချမ်းမြေ့ပါလိမ့်မယ်။ ပညာရေးအထူးကောင်း မွန်တဲ့နေ့တစ်နေ့ပါပဲ။

အကျိုးပေးဂဏန်း 1/9/3အထူးဟော စန်းပွင့်နေမည်။ ယတြာ = စက်ပစ္စည်းအဟောင်းတစ်ခုကို အနောက်အရပ်တွင် စွန့်ပြစ်လိုက်ပါ။ သီလရှင်တွေကို ဆန်လှူပါ။

ဗုဒ္ဓဟူးသားသမီးများ

ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုဦးစားပေးလိုက်ပါ။ နွားကွဲရင် ကျားဆွဲတယ် ဆိုသလို တစ်ယောက်ထဲ ချွန်ပြီးဘာမှမလုပ်ပါနဲ့၊ အဖွဲ့အစည်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမျှမျှလုပ်ကိုင်လိုက်ပါ ။ အဆင်ပြေသွား ပါလိမ့်မယ်။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရှိရင်တော့ သားသမီးကြောင့်ပူပန်ရတာ ငွေကုန်ရတာမျိုးတွေရှိ တတ်ပါတယ်။ ကြားပွဲစားလုပ်ပေးခြင်းများ ၊အကျိုးဆောင်ပေးခြင်းများလုပ်မိပါက မိမိကစေတနာအဓိကထားလုပ် ရင်တောင်မှ အပြစ်ပြောမဲ့သူတွေက ရှိနေတတ်ပါတယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာလက်မလွယ်မိဖို့ အထူးပဲသတိ ထားလိုက်ပါ။ မိတ်ဆွေကောင်းရှားပြီး ဒုက္ခပေးမဲ့သူတွေပဲ ဒီကာလမှာတွေ့နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အလွန်ကောင်းပါတယ်။

နာမာကျန်းဖြစ်နေသူတောင်မှ နေ့လို့ထိုင်လို့ကောင်းပြီး ထူထူထောင်ထောင်ဖြစ်လာပါလိမ့် မယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က ခရီးများနေတာကြောင့် ဆုံချိန်နည်းပါးနေတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူရဲ့အထင်လွဲမှုက ကြီးမားလွန်းနေတတ်ပါတယ်။ ပညာရေးကတော့ မိမိမသိသေးတဲ့ ပညာတွေသင်ယူခွင့် သင်ကြားခွင့်တွေရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း 2/3/6အထူးဟော ကံအားနည်းနေချိန်ပါ။ ယတြာ = မိဘမဲ့ ကလေးကျောင်းများတွင် လိုအပ်သောပစ္စည်းများကို အဓိကထားပြီး တက်နိုင်သလောက် ကူညီပေးလိုက်ပါ။

ကြာသပတေးသားသမီးများ

ယုံကြည်ရာကို စွဲမြဲစွာလုပ်ပါ။ လုပ်ချင်တာတွေအတွက် အခက်အခဲတွေကို အရင်ဆုံးရင်ဆိုင်ရပါလိမ့်မယ်။ မိမိလုပ်ချင်တာတွေကို သံဓိဌာန်ချပြီး ဒီကာလမှာစတင်လုပ်သွားကြည့်ပါ ၊သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ ဘာသာရေးသမားများ၊ အဓိဋ္ဌာန်ဝင်လိုသူများ ဒီကာလမှာသေချာပရိကံလုပ်ပြီးစတင်ဆောင်ရွက်ပါ။ ပေါက်မြောက် အောင်မြင်ပါလိမ့်မယ်။ သူများပြောတာလုပ်လေအမှားများလေပါပဲ။ မိမိကိုယ်တိုင်ချင့်ချိန်ပြီးလုပ်သင့်တာကို လုပ် သွားလိုက်ပါ။ စီးပွားရေးသမားများ အကြပ်အတည်းကာလပါပဲ။ သည်းခံပြီးကျော်ဖြတ်နိုင်ပါမှ အောာင်မြင်ပါလိမ့်မယ်။ လိုချင်တာတွေကို ကိုယ်တိုင်လုပ်ယူရပါလိမ့်မယ်။ မကောင်းတဲ့သူတွေကို ပေါင်းသင်းတာ မျိုးဒီနေ့မှာရှောင်စေချင်ပါတယ်။ သူတို့ရဲ့မကောင်းမှုတွေကြားကိုယ်ပါပြီး ရုံရောက်ဂတ်ရောက်ဖြစ်တတ်ပါတယ်။

ကျန်းမာရေးကတော့ ချင့်ချိန်ပါ။ ဝမ်းဗိုက်နဲ့ပက်သက်တဲ့ရောဂါမျိုးရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အဆင်ပြေတာများပါတယ်။ အချစ်ရေးလဲ အကောင်းကြီးမဟုတ်ပေမဲ့ ”သင့်”တဲ့ အချိန်တွေပါပဲ။ ပညာရေးကတော့ ကောင်းတယ်ဗျာ ။တစ်ဦးတစ်ယောက် ဆရာတင်ပြီး ပညာစယူလိုက်ပါ။

အကျိုးပေးဂဏန်း 4/8/5 အထူးဟော လူလိမ်ခံရတတ်ပါတယ်။ယတြာ = ကျောင်းသား/ကျောင်းသူများကို မိမိတက်နိုင်သလောက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို လှူပေးပါ။ အိမ်ဘုရားမှာ ထောပတ်ဆီမီးခွက်(3)ခွက် ထွန်းညှိ့ပူဇော်ပေးပါ။

သောကြာသားသမီးများ

စိတ်ကူးယဉ်တာ လေထဲတိုက်အိမ်ဆောက်တာမျိုးကို မလုပ်ပါနဲ့။ လက်တွေ့ကျကျ လုပ်ကြည့်လိုက်ပါ။ သေချာပေါက်အောင်မြင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ အားထည့်ကြည့်လိုက်ပါ။ ကြိုးစားသလောက် အကျိုးအမြတ်တွေလဲကြီးပါလိမ့်မယ်။ ကုန်သွယ်မှုအလုပ်များ၊ ရပ်ဝေးမှာတည်ထောင်ထားတဲ့အလုပ်များ သေချာ ပေါက်အကျိုးအမြတ်ကြီးပါလိမ့်မယ်။ နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းမျိုးလဲ ကောင်းမွန်နေပါလိမ့်မယ်။မိမိအိမ် ၊မိမိလုပ်ငန်းအတွက် ပရိဘောဂပစ္စည်းများဝယ်ယူခြင်းတွေလဲ အထူးကောင်းတဲ့ကာလပါပဲ။ စကားချိုသာစွာပြော ခြင်း၊ ကတိသစ္စာတည်ခြင်းများကြောင့် လူအများရဲ့ယုံကြည်လေးစားမှုကိုရရှိပါလိမ့်မယ်။ကျန်းမာရေးအနေနဲ့ ကိုယ်ခံအားအလွန်ကောင်းနေပါလိမ့်မယ်။ တော်ရုံနဲ့ ရောဂါဖြစ်မှာမဟုတ်ပါဘူး။

အချစ်ရေးကံကတော့ အလွန်ပဲ ကောင်းနေပါလိမ့်မယ်။ ချစ်သူသစ်ရည်းစားသစ်ဆိုတာမျိုးလဲ ရလွယ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ဆွေမျိုးတွေနဲ့ပက်သက်ပြီးစကားများရတတ်ပါတယ်။ ပညာရေးကတော့အားထည့်ထားနိုင်ရင်အကောင်းဆုံးးပါပဲ။

အကျိုးပေးဂဏန်း 5/4/6အထူးဟော စီးပွားကောင်းမည်။ ယတြာ = မိမိအိမ်ဘုရားတွင် အုန်းညွန့်(5)ညွန့် ပန်း(7)ပွင့် အောင်သပြေ (9)ညွန့် ကပ်လှူပေးပါ။

စနေသာသမီးများ

စိတ်ချမ်းမြေ့ပျော်ရွင်ရတတ်ပါတယ်။ ဒါပေမဲ့တာဝန်နဲ့ဝတ္တရားတွေကို မေ့ထားနိုင်မှအဆင်ပြေပါလိမ့်မယ်။ မိမိသူတစ်ပါးအကျိုးယုတ်မဲ့ကိစ္စတွေကို ရှောင်စေချင်ပါတယ်။ မိမိလုပ်ချင်တာတွေကို အချိန်ပေးပြီးလုပ်ရပါလိမ့် မယ်။ အခက်အခဲတွေကြုံပြီးမှ အောင်မြင်မှုတွေရတတ်ပါတယ်။ အလုပ်များနေတာကြောင့် အိမ်မကပ်နိုင်ဖြစ်ရ တတ်ပါတယ်။အလုပ်နဲ့ပက်သက်တဲ့ခရီးမျိုးတွေလဲသွားခွင့်ကြုံမှာပါ။ လူမျိုးခြားဘာသာခြားတွေနဲ့ဆက်စပ် လုပ်ကိုင်ခြင်းများ အမှားမရှိအောင်လုပ်ကိုင်လိုက်ပါ။ ရွှေဝယ်ခြင်း၊ရွှေရောင်းခြင်းမျိုးလဲ ဒီကာလမှာရှောင်လိုက်ပါ။ ကျန်းမာရေးကတော့ လိုတာထက်ပိုဂရုစိုက်လိုက်ပါ။ အဆိုးကြီးမဟုတ်ပေမဲ့ ဖြစ်နေကျရောဂါလေးတွေပြန်ဖြစ်ရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာ သွေးထိုးမှုတွေကြောင့် အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်နိုင်ပါတယ်။

ငွေကြေး လက်လွန်မိရင်တော့ ဆုံးတတ်ပါတယ်။ အချစ်ရေးကံကတော့ ကောင်းမွန်အဆင်ပြေနေတာမျိုးတွေ့ရပါတယ်။ ပညာရေးမှာကြိုးစားသလောက်ထွန်းပေါက်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/2 အထူးဟောအလုပ်များ၊ကိစ္စများနေမည်။ယတြာ = ရဟန်းတစ်ပါးကို ဖိနပ်လှူဒါန်းလိုက်ပါ။

ရာဟုသားသမီးများ

ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေ အထူးကံကောင်းနေတတ်ပါတယ်။ ကြံစည်သမျှ အောင်မြင်မဲ့ အချိန်ပါ။ ကုန်သွယ်မှု လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ ဘဏ်လုပ်ငန်းတွေ အထူးကောင်းကျိုးပေးချိန်ပါ။ အနာဂတ် စီမံကိန်းချထားတဲ့ ကိစ္စများ လက်တွေ့ အကောင်အထည်ဖော်နိုင်မဲ့ အချိန်ပါပဲ။ လူငယ်တွေ အချစ်ရေးကံကောင်းနေပါတယ်။ စန်းလဲပွင့်နေပါတယ်။ အလုပ်အကိုင်တွေလဲ အရှိန်အဟုန်တွေနဲ့ တိုးတတ်နေပါတယ်။ အထက်လူကြီးရဲ့ချီးမြှောက်ခြင်းခံရတတ်ပါတယ်။ ရာထူးတိုးခြင်း၊ နေရာကောင်းရခြင်း အလုပ်ရှာနေသူများ အလုပ်သစ်ရခြင်းမျိုးတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့ သွေးတိုးနိုင်တာကြောင့် တတ်စာတွေ လျှော့စားပါ။ ပညာရေးအကောင်းဆုံးအချိန်ပါ။

အကျိုးပေးဂဏန်း ၂/၆/၁။ အထူးဟော ကောင်းသောကံများဖြစ်ထွန်းနေမည်။ ယတြာ = အနီရောင်များများပါသော အဝတ်အစားများအားပြုဝတ်ဆင်ပါ/ပန်းပေါင်းစုံ ၅မျိုး ဘုရားလှူပေးပါ။

ခုနှစ်ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ဗေဒင်နှင့် လက္ခဏာ ဆရာမင်းသုခ

မန္တလေးမြို ၊ 09-440243656။ ၇၃လမ်း/၃၄-၃၅လမ်းကြား(viber)

Comments are closed.