အမြန်လမ်းပေါ်မှာ အများပြည်သူများ သတိထားဆင်ခြင်နိုင်စေဖို့ ဒီ VIDEO ဖိုင်ကိုမျှဝေလိုက်ပါသည် ခင်ဗျ

အမြန်လမ်းပေါ်မှာ အများပြည်သူများ သတိထားဆင်ခြင်နိုင်စေဖို့ ဒီ VIDEO ဖိုင်ကိုမျှဝေလိုက်ပါသည် ခင်ဗျ

အမြန်လမ်းပေါ်မှာ အများပြည်သူများ သတိထားဆင်ခြင်နိုင်စေဖို့ ဒီ VIDEO ဖိုင်ကိုမျှဝေလိုက်ပါသည် ခင်ဗျ

စေတနာပါတဲ့ ကောင်းမှုကုသိုလ်ဖြစ်ပေမယ့် အန္တရာယ်များလို့ သတိနဲ့ ဆင်ချင်စေချင်ပါသည်။ အမြန်လမ်းမှာ လမ်းမပေါ် ပိုက်ဆံကြဲချခဲ့တဲ့ ကားတစ်စီးရဲ့ လုပ်ရပ်လေးကြောင့် အန္တရာယ်နဲ့ လက်တစ်ကမ်းအလိုမှာ ကြုံခဲ့ရတဲ့ နောက်ကားပိုင်ရှင်တစ်ဦးမှ အတွေ့အကြုံလေးကို လူမှုကွန်ယက်မှာ တင်ပြထားတာလေးကို အများပြည်သူများ သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အန္တရာယ်များလှတဲ့ အမြန်လမ်းပေါ်မှာ ကားတစ်စီးဟာ မိုင်တိုင်အမှတ် ၂၃၀ က လမ်းပြင်လုပ်သားတွေအတွက် ကားပေါ်ကနေ ပိုက်ဆံကြဲချခဲ့တဲ့ မဆင်မခြင်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဒီလုပ်ရပ်ကြောင့် ကားလမ်းပေါ်တက်လို့ အုပ်လိုက် ပိုက်ဆံဝင်လုကြတဲ့ လုပ်သားတွေဟာ နောက်ကားပါလာတာကို သတိဂရုမပြုမိကြတော့ဘဲ ပိုက်ဆံကြဲချခဲ့တဲ့ ကားရဲ့ နောက်ကနေ မောင်းနှင်လာတဲ့ကားဟာ အလျင်အမြန် ဘရိတ်အုတ်ခဲ့ရတာပါ။

လမ်းပြင်လုပ်သားတွေနဲ့ အနောက်ကမောင်းလာတဲ့ကားဟာ အန္တရာယ်တစ်စုံတစ်ရာမကြုံခဲ့ရပေမဲ့ ဒါဟာ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အထူးသဖြင့် အမြန်လမ်းလိုနေရာမျိုးမှာ ရှေ့မကြည့်နောက်မကြည့် အဆင်အခြင်မဲ့လုပ်ရပ်ဟာ ရှက်ဖွယ်ရာအတိဖြစ်ပါတယ်။

နောက်တစ်ချက်က ဝုန်းခနဲ ဘရိတ်အုတ်ချပစ်လိုက်ရတဲ့ကားမှာ နောက်ကားမပါလာခြင်းဟာ အင်မတန် ကံကောင်းသွားစေတဲ့ အချက်ဖြစ်ပါတယ်။ မတွေးဝံ့စရာ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရမယ့် အဖြစ်ဟာ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ လုပ်ရပ်နဲ့ လက်တစ်ကမ်းအလိုမှာသာ ရှိနေခဲ့တာဖြစ်ကြောင်း၊ စေတနာလုပ်ရပ်ဖြစ်ခဲ့ရင်တောင် သတိနဲ့နေထိုင်ဆင်ခြင်သွားလာဖို့လိုအပ်ကြောင်း တင်ပြအသိပေးလိုပါတယ်။

Comments are closed.