“အွန်စောနဲ့တူတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ ဖြူဖြူထွေးရဲ့ Video ”

“အွန်စောနဲ့တူတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ ဖြူဖြူထွေးရဲ့ Video ”

“အွန်စောနဲ့တူတယ်လို့ မှတ်ချက်ပေးခံနေရတဲ့ ဖြူဖြူထွေးရဲ့ Video လေး”

ဖြူဖြူထွေးဟာဆိုရင် အနုပညာလောကထဲကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှဝင်ရောက်လာခဲ့ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဖြူဖြူထွေး ဖြူဖြူထွေးရယ်လို့ရေပန်းစားကျော်ကြားလာအောင်စွမ်းဆောင်နိုင်စွမ်းရှိသူပါ။ဖြူဖြူထွေးက အခုဆိုရင် သူ့ရဲ့အနုပညာနဲ့ မိဘတွေကိုလုပ်ကျွေးနေတဲ့သမီးကောင်းရတနာလေးဖြစ်နေပါပြီ။ရုပ်ရှင်တွေ video တွေ MTV တွေ ကြော်ငြာတွေဆက်တိုက်ဇယ်ဆက်သလိုရိုက်နေရတဲ့ ဖြူဖြူထွေးက တစ်နိုင်ငံလုံးကပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။

အခုတလော ပရိသတ်တွေကြားထဲမှာ ဖြူဖြူထွေးရဲ့ အသည်းယားစရာကောင်းတဲ့ Video လေးတစ်ခုပျံ့နှံ့နေပါတယ်။ အဲဒီ video လေးကတော့ ဖြူဖြူထွေး tiktok ဆော့ထားတဲ့ video လေးဖြစ်ပြီး ဖြူဖြူထွေးက ဖြူစင်ဝင်းမွှတ်တဲ့အသားအရည်နဲ့ အရမ်းဟော့တဲ့အင်္ကျီအဝတ်အစားလေးတွေနဲ့ သီချင်းနဲ့အလိုက်ကနေခဲ့တာပါ။ Closer သီချင်းနဲ့ ချစ်ဖို့ကောင်းစွာဒွန့်နေတဲ့ ဖြူဖြူထွေးရဲ့ video လေးကို ပြန်လည်ဝေမျှသူများပြားခဲ့ပြီး ပရိသတ်တွေက video အောက်မှာ ချစ်ဖို့ကောင်းလိုက်တာလို့ comment လေးတွေဝင်ပေးထားကြပါတယ်။

အဲဒီလို comment ဝင်ပေးပြီး video ပြန် share ထားတဲ့သူတွေထဲမှာ ပရိသတ်အချို့က ဖြူဖြူထွေးရဲ့ tiktok ထဲက ပုံလေးကို အွန်စောနဲ့တူတယ်လို့ comment ပေးထားကြတာလည်းတွေ့ရပါတယ်။ Descendent Of The Sun ထဲက အွန်စောနဲ့ ချွတ်စွပ်ပဲလို့ မှတ်ချက်ပေးထားတဲ့လူတွေလည်းရှိနေပြီး ပရိသတ်တော်တော်များများကတော့ ဖြူဖြူထွေးကို အွန်စောလိုပဲ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆုတောင်းပေးထားကြတာလည်းတွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဖြူဖြူထွေးရဲ့ အွန်စောနဲ့တူတဲ့ Tiktok video လေးကို ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူထွေးကိုချစ်ကြလား။ ဖြူဖြူထွေးရဲ့ အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။Tiktok ဆော့ပြီး အရမ်းတွေဂေါ်နေမိုက်နေတဲ့ ဖြူဖြူထွေးက ပရိသတ်တွေဝေဖန်နေကြသလို တကယ်ပဲ အွန်စောနဲ့တူတယ်လို့ထင်လား။ပြောခဲ့ကြပါဦး။

Credit: Can’t Wait To Say

Comments are closed.