ဆရာဝန်ကြီးများနှင့်စမ်းသပ်ကြည့်ရာ ဆရာတော်ကြီး၏ ကျန်ရှိရုပ်ကလာပ်မှာ ထူးခြားနေသောကြောင့် မီးမသဂြိုဟ်ဘဲ ထာဝရကိုးကွယ်မည်

ဆရာဝန်ကြီးများနှင့်စမ်းသပ်ကြည့်ရာ ဆရာတော်ကြီး၏ ကျန်ရှိရုပ်ကလာပ်မှာ ထူးခြားနေသောကြောင့် မီးမသဂြိုဟ်ဘဲ ထာဝရကိုးကွယ်မည်

ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိ ဈာပနမပြုဘဲ ထာဝရပူဇော်ထားရှိမည်

ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်၊ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးဘဒ္ဒန္တစန္ဒိမာ၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန မီးသဂြိုဟ်ခြင်း မပြုလုပ်တော့ဘဲ ရုပ်တော်အတိုင်း ထာဝရပူဇော်သွားမည်ဖြစ်ကြောင်း ဈာပနတော် ကျင်းပရေးကော်မတီထံမှ သိရသည်

ဆရာတော်ကြီးသည် ဧပြီ ၂၇ ရက်၊ ည ၁၁ နာရီက ရန်ကုန်မြို့၊ အာရှတော် ဝင်ဆေးရုံတွင် ဘဝနတ်ထံပျံလွန်တော်မူ ခဲ့ပြီး မေလ ၅ ရက်တွင် အန္တိမအဂ္ဂိဈာပန ကျင်းပရန်စီစဉ်ခဲ့သော်လည်း ဆရာတော်ကြီး၏ ကျန်ရှိရုပ်ကလာပ်မှာ ထူးခြားနေသောကြောင့်

မေ ၅ ရက်တွင် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် စမ်းသပ်ကြည့်ရာ၌ ကိုယ်ခန္ဓာအပူချိန်သည် ၁၃ ဒီဂရီအထိ ပူနွေးနေဆဲရှိကြောင်း သိရှိရသည်။ ထို့ ကြောင့် ဈာပနကျင်းပမည့်ရက်ကို မေ ၁၂ ရက်သို့ပြောင်းရွှေ့ခဲ့သည်။

ထို့သို့ ရက်ရွှေ့ခဲ့ပြီးနောက် ဆရာတော်ကြီး၏ရုပ်ကလာပ်သည် မပုပ်မသိုးသည့်အပြင် ကိုယ်ငွေ့အပူချိန်တိုးလာခြင်း၊ ဆံပင်၊မုတ်ဆိတ်များ ထွက်လာခြင်းတို့ကြောင့် ထာဝရကိုးကွယ်ရန် ကော်မတီက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် တိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော်ကလည်း မီးမသဂြိုဟ်ဘဲ ထာဝရကိုးကွယ်၍ရသည်ဟု မိန့်ကြားခဲ့ကြောင်း သိရသည်။

”လူတွေကတော့ သေပြီဆိုရင် ခန္ဓာကိုယ်ဟာ အေးစက်သွားတယ်။ ရဟန္တာများဆိုရင်တော့ ပျံလွန်သော်လည်း ၇ ရက်အထိ ခန္ဓာကိုယ်က ပူနွေးနေတတ်တယ်။ အဲဒါ နှာခေါင်းနဲ့ အသက်မရှူတော့ဘဲ မွေးညင်းမွေးပေါက်လေးကနေ အသက်ရှူနေတာ။

တဆယ့်လေးရက်မြောက်မှသာ အသက်ရှူခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်အေးသွားပြီး ပျံလွန်တော်မူခြင်းဖြစ်တယ်”ဟု ဆရာတော်ကြီးက ပျံလွန်တော်မမူခင် နောက်ဆုံးမိန့်ကြားခဲ့သည်။ ဆရာတော်ကြီးသည် ပျံလွန်တော်မူချိန်၌ သက်တော် ၉၆ နှစ်၊ ဝါတော် ၄၃ ဝါရှိပြီ ဖြစ်သည်။

မိုးမြင့်လွင် News Watch

Comments are closed.