ပါမောက္ခချုပ်ဆရာတော်ကြီး မိန့်တဲ့ ” စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်နည်း “

ပါမောက္ခချုပ်ဆရာတော်ကြီး မိန့်တဲ့ ” စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်နည်း “

တွယ်တာမှုတွေ မရှိအောင် ကိုယ့်ကိုယ်ကိုဆင်ခြင်သုံးသပ်ဖို့ စိတ်ဓာတ်အနေအထားတွေ ခိုင်မာဖို့ဆိုပြီးတော့ ကိုယ့်စိတ်ကိုဘာနဲ့ လေ့ကျင့်ရမလဲဆိုပြီး မြတ်စွာဘုရားကရာဟုလာကိုပြောတယ်။

“ရာဟုလာ တဲ့၊ မင်းရဲ့ စိတ်ကလေးကို မြေကြီး နဲ့ အလားတူအောင်၊ မြေကြီးကဲ့သို့ ခိုင်မာရင့်ကျက်အောင် စိတ်ကလေးကိုလေ့ကျင့်ပါ” တဲ့။

မြေကြီးက ဘာလို့လဲဆိုရင် ဘုန်းကြီးတို့တစ်တွေ မြေကြီးပေါ်မှာ ကောင်းတာလည်းချကြတယ်၊ မကောင်းတာလည်း ချတယ်၊ သန့်ရှင်းတာလည်း ချတယ်၊ ရွံစရာတွေလည်းချတယ်။

သန့်ရှင်းတာပဲလာလာ ရွံစရာပဲလာလာ မြေကြီးက ပြောင်းလဲမှုမရှိဘူး၊ တည်ငြိမ်တယ်ပေါ့။ ထို့အတူပဲ မင်းရဲ့စိတ်ကလေးကို တည်ငြိမ်အောင် လုပ်လို့ပြောတာ။

မျက်စိက အဆင်းအာရုံကို မြင်တဲ့အခါမှာ ကောင်းတာလေးတွေ့ရင် ကြိုက်လိုက်တာ၊ မကောင်းတာလေးတွေ့ရင် မုန်းလိုက်တာဆိုတော့ မဖြစ်စေရဘူးလို့ ဒီလိုပြောတယ်။ အဲဒီလိုမဖြစ်ဘူးဆိုရင် စိတ်က တည်ငြိမ်သွားတယ်။

ကောင်းမကောင်း ကြိုက်မကြိုက် အပေါ်မှာ လောဘလည်းမဖြစ်နဲ့၊ ဒေါသလဲ မဖြစ်နဲ့၊ မြေကြီးလို စိတ်ဓာတ် ကြံ့ခိုင်အောင် ကြိုးစားအားထုတ်ရမယ်၊ ဟော ဒါ လေ့ကျင့်မှုတစ်ခု မြတ်စွာဘုရားပေးတာ။

နောက်တစ်ခုက ဘာတုန်းဆိုရင်

ရေ နဲ့ အလားတူအောင် ကိုယ့်စိတ်ကိုလည်းပဲ လေ့ကျင့်ပေးတဲ့။

ရေဆိုတာ အညစ်အကြေးတွေးလည်း ဆေးကြောတာပဲ၊ စိန်တို့ ကျောက်တို့လည်း ဆေးတာပဲ၊ အကောင်းလည်း ဆေးတာပဲ၊ လှပတဲ့ပန်းကလေးတွေလည်း ရေနဲ့ဆေးတာပဲ။

ရေက အညစ်အကြေးတွေ ဆေးရလို့ သူက စိတ်ပျက်တာ မရှိဘူး၊ အကောင်းဆေးရလို့လဲ ၀မ်းမသာနဲ့၊ မကောင်းတာတွေ့လို့လည်း ၀မ်းမနည်းနဲ့၊ လောဘမဖြစ်နဲ့၊ ဒေါသမဖြစ်နဲ့။

လောဘ ဒေါသ မဖြစ်အောင် ရေလို အလားတူခိုင်မာသွားအောင် စိတ်ကိုလေ့ကျင့်ပေးပါတဲ့။

နောက်တစ်ခုက ဘာတုန်းဆိုရင်

မီး၊ မီးဆိုတာလည်း အတူတူပဲ၊ ကောင်းတာလည်း လောင်လိုက်တာပဲ၊ မကောင်းတာလည်း လောင်တာပဲ။ ကောင်းတာကျတော့ လောင်ချင်တယ်၊ မကောင်းတာကျတော့ မလောင်ချင်ဘူးလို့ မီးက ချေးများတာ မရှိဘူး။

အဲဒါလိုပဲ ကိုယ့်စိတ်ကလေးကို မီးနဲ့အလားသဏ္ဍာန်တူအောင် ကြံ့ခိုင်အောင်လေ့ကျင့်ပါတဲ့။

အာရုံတှေ တှေ့လာတဲ့အခါမှာ နှဈသကစှရာတှေ့လို့လညးှ လောဘမဖှဈနဲ့၊ မနှဈသကစှရာအာရုံ တှေ့လို့လညးှ ဒေါသမဖှဈနဲ့၊ စိတကှလေးကို မီးကဲ့သို့ တညငှှိမမှှုရအောငှ၊ တဇေောဓာတကှဲ့သို့ တညငှှိမမှှုရအောငှ ကှိုးစားအားထုတပှါတဲ့။

နောက်တစ်ခုကျတော့

လေ လို တည်ငြိမ်အောင် ကြိုးစား၊ လေက ဘယ်လို တည်ငြိမ်တာတုန်းဆိုရင် လေဟာလည်းပဲ ကောင်းတာကိုလည်း တိုက်ခတ်တယ်၊ မကောင်းတာကိုလည်း တိုက်ခတ်တယ်။

ဘယ်ဟာလဲဖြစ်ဖြစ် လေဟာ မကောင်းတဲ့အနံ့ကိုလည်း သယ်လာတာပဲ၊ ကောင်းတာကိုလည်း သယ်တာပဲ၊ ဟာ အပုပ်နံ့ကြီး ငါမတိုက်ချင်ဘူး လေကမငြင်းဘူး၊ ပန်းနံ့ကလေးကျတော့ ငါမွှေးလို့ ငါတိုက်ချင်တယ်လို့လည်း မပြောဘူးတဲ့။

လေရဲ့ သဘောဟာ အဆိုးအကောင်းမရွေးဘူးတဲ့၊ တည်ငြိမ်မှုရှိတယ်၊ အဲဒီလို ကိုယ့်စိတ်လေးဟာ ကောင်းတာနဲ့တွေ့ရင် နှစ်သက်တယ်၊ မကောင်းတာနဲ့တွေ့ရင် မုန်းတီးတယ် ရွံရှာတယ် ဆိုတာမျိုး မဖြစ်စေနဲ့တဲ့။

စိတ်ကိုတည်ငြိမ်အောင် လေ့ကျင့်ရမယ် ဟောဒီလိုဟောတာ။

နောက်တစ်ခုက ကိုယ့်စိတ်ကလေးကို အာကာသဟင်းလင်းပြင် လို ဖြစ်အောင် လေ့ကျင့်ရမယ်။

အာကာသဟင်းလင်းပြင် ဆိုတာ ဘယ်အရာကိုမှ အမှီပြုနေတာမျိုးမရှိဘူး။ အာကာသဆိုတာ ဘာမှမရှိတဲ့ ကွက်လပ်လေးတွေကို ပြောတာနော်။

အဲဒီ ကွက်လပ်လေးတွေထဲမှာ အကောင်းအဆိုးဆိုတာ ပြောလို့မရသလိုပဲ ကိုယ့်စိတ်ထဲမှာလည်းပဲ ကောင်းတာတွေ့ရင် လောဘမဖြစ်ဖို့၊

မကောင်းတာ တွေ့ရင်လည်း ဒေါသမဖြစ်ဖို့ စိတ်ဓာတ်ကလေးကို တည်ငြိမ်အောင် ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ရာဟုလာကို ဒီလိုဟောတယ်။

Credit:ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Comments are closed.