မိဘများ အထူးသတိထားကြပါ။ ကျောင်းမုန့်ဈေးတန်းမှာ ဝိုင်ဆိုပြီး ကလေးတွေကို ရောင်းနေတာတဲ့

မိဘများ အထူးသတိထားကြပါ။ ကျောင်းမုန့်ဈေးတန်းမှာ ဝိုင်ဆိုပြီး ကလေးတွေကို ရောင်းနေတာတဲ့

မိဘများ အထူးသတိထားကြပါ။ ကျောင်းမုန့်စျေးတန်းမှာ ဝိုင်ဆိုပြီး ကလေးတွေကို ရောင်းနေတာတဲ့

၉ တန်းကျောင်းသားလေးတွေ ကျောင်းထဲကမုန့်ဆိုင်ကနေ ဝယ်လာတာတဲ့။ဝိုင်ဆိုပြီးမော့နေလေရဲ့။ပြီးတော့ တစ်ယောက်ကပြောသေးတယ် အရက်တဲ့။

သူများစီးပွားရေးကို တုတ်နဲ့ထိုးနေတာမဟုတ်ဘူး။ စာရိတ္တတွေလိုအပ်နေတဲ့ ကိုယ့်နိုင်ငံမှာဗျာ…..။စီးပွားရေးလုပ်ငန်းရှင်တွေ ကျွန်တော်တို့ ကျောင်းသားတွေရဲ့ စာရိတ္တကိုရိုက်မချိုးပါနဲ့။ကျွန်တော်ဆက်ပြီးမပြောချင်တော့ဘူး……။

ကျောင်းက တာဝန်ရှိသူတွေကလည်း ကျောင်းမုန့်စျေးတန်းတွေကို ရှောင်တခင် ဝင်စစ်ပေးပါ။ ဟိုတလောကလည်း ဆေးလိပ်ပုံစံ ပီကေဗူး၊ ဘာမှန်း မသိတဲ့ အမှုန့်တွေကို စက္ကူလိပ်ထဲ ထည့်ပြီး ရှုရတဲ့ မုန့် စတဲ့ ကလေးတွေကို ပျက်စီး စေဖို့ ရှေ့ဆောင်လမ်းပြတဲ့ မုန့်တွေ ကျောင်းမုန့်စျေးတန်းတွေမှာ ရောက်နေကြပါတယ်။

မုန့်ရောင်းတဲ့ သူတွေကတော့ သူတို့ ရောင်းရရင် ပြီးရော တရားဝင်ဝင် မဝင်ဝင် ရောင်းနေကြဦးမှာပါပဲ။ အဲဒါကြောင့် ကျောင်းတာဝန်ရှိသူတွေရော၊ မိဘတွေရော ကိုယ့်ကလေးကို အထူး သတိထားကြပါ။ ကလေး လက်ထဲမှာ ထူးခြားတဲ့ ပုံစံနဲ့ မုန့်တွေ၊ ကစားစရာတွေ တွေ့ရင် သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ ကျောင်းတွင်း စျေးသည်တွေသာမက ကျောင်းရှေ့မှာ လာရောင်းတဲ့ စျေးသည်တွေကိုလည်း စိစစ်သင့်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို စစ်ဆေးပြီးတဲ့ အပြင် အခုလို ပေါက်တက်ကရ စားစရာတွေ၊ ကစားစရာတွေကိုလည်း စိစစ် အရေးယူသင့်ပါကြောင်း တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

မြတ်သိမ်းခိုင် (လေးစားစွာဖြင့် ခရက်ဒစ်)

Comments are closed.