ဗစ်တိုးရီးယားအတွက် တရားမျှတမှု ‘‘ဒီအမှုမှန်မပေါ်မချင်း ကျွန်တော် တို့ကို သတ်ေ နသလိုပါပဲ’’ ဗစ်တိုးရီး ယား၏ဖခင်

ဗစ်တိုးရီးယားအတွက် တရားမျှတမှု ‘‘ဒီအမှုမှန်မပေါ်မချင်း ကျွန်တော် တို့ကို သတ်ေ နသလိုပါပဲ’’ ဗစ်တိုးရီး ယား၏ဖခင်

ဧည့်ခန်းတစ်ခုထဲတွင် (၃) နှစ်အရွယ်သမီးလေးတစ်ဦး ပြေး လွှားဆော့ ကစားနေသော်လည်း မျက်နှာမှာ မရွှင်ပျ။ နံဘေးတွင်ရှိ နေသည့် လူကြီးများ၏ မျက်နှာ ၌လည်း စိုးရိမ်ပူပန်မှုများ အထင်း သား မြင်နေရသည်။

အုပ်ချုပ်ရေးယန္တရားများ ရုံး စိုက်ရာ၊ နိုင်ငံတော်အကြီးအကဲ များနေထိုင်ရာ အုပ်ချုပ်ရေးမြို့ တော်တွင်ဖြစ်သည်။ ဗစ်တိုးရီး ယားဟု ပြည်သူများက ကရုဏာ သက်စွာခေါ်ဆို၍ တရားမျှတမှုကို ဝိုင်းဝန်း တောင်းဆိုပေးနေသည့် ကလေးငယ်လေး၏ နေအိမ်ပေါ်မှ မြင်ကွင်းများဖြစ်ပါသည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်း၌ တက်ရောက်နေသည့် အသက် (၂) နှစ် ၁၁ လအရွယ် ဗစ်တိုးရီးယားလေးသည် မေလ ၁၆ ရက် တွင် မဖွယ်မရာပြုကျင့်မှုဖြင့် ကြုံ ခဲ့ရပြီးနောက် တစ်လကျော်ကြာ အထိ တရားမျှတမှုကို ထိုသို့အိမ် တွင်းပုန်းရင်း မျှော်လင့်နေရဆဲ ဖြစ်သည်။

‘‘ဒီအမှုမှန်မပေါ်မချင်း ကျွန် တော်တို့ကို သတ်နေသလိုပါပဲ’’ ဟု ဗစ်တိုးရီးယား၏ ဖခင်က မျက်ရည်ဝဲလျက် ဖွင့်ဟသည်။

ကြမ္မာငင်သည့်နေ့

မေလ ၁၆ ရက်ဖြစ်ပါသည်။ နံနက် ၈ နာရီခွဲတွင် ဗစ်တိုးရီးယား တစ်ယောက် မူကြိုကျောင်း ကြို၊ ပို့ကားဖြင့် နေအိမ်မှထွက်ခွာခြင်း က ပုံမှန်အတိုင်းပင်။ မိဘများ၏ ပြောဆိုချက်အရ သံသယဖြစ်ဖွယ် အခြေအနေက ညနေပိုင်းမှစတင် ခဲ့သည်။

ညနေတိုင်း ၄ နာရီခွဲထက် နောက်ကျလေ့မရှိသော မူကြို ကျောင်းကြို၊ ပို့ကားမှာ အဆိုပါနေ့ က ပုံမှန်ထက် တစ်နာရီစွန်းစွန်း နောက်ကျပြီးမှ ရောက်လာသည် ဟု မိဘများက ပြောသည်။ ထိုမှ ညနေ ၆ နာရီခန့်တွင် ဗစ်တိုးရီး ယားလေးက ‘‘မီးမီးဖင်ဖုနာတယ်’’ ဟု မိခင်ကို ညည်းတွားသည်။

မိခင်က မီးဖိုချောင်တွင် အ လုပ်များနေ၍ ချက်ချင်းမကြည့် ဖြစ်သေးဘဲနေရာ သမီးငယ်က ထပ်ပြော၍ ခဏအားချိန်တွင် စစ်ကြည့်ရာ မိန်းမကိုယ်မှ သွေး များ ထွက်နေကြောင်း တွေ့ရှိရ ခြင်းက ဗစ်တိုးရီးယားတို့ မိသားစု အတွက် ဒီထက်အရေးကြီးသည့် ကိစ္စ ဘာမျှမရှိသည့် အခြေအနေ သို့ ရောက်သွားသည်။

နေပြည်တော်ပြင်ပတွင်တာ ဝန်ထမ်းဆောင်နေသည့် ဖခင်ထံ မိခင်က ဖုန်းဆက်တိုင်ပင်ပြီး နေ ပြည်တော် ကလေးအထူးကုဆေး ရုံသို့ ရောက်ချိန်၌ ဗစ်တိုးရီးယားမိသားစု၏ အကောင်းဘက်ကို မျှော်တွေးထားသည့် စိတ်များ  သဲထဲရေသွန်ဖြစ်ခဲ့ရပြီ။

ဗစ်တိုးရီးယား၏ မိန်းမ ကိုယ်တွင် ထိုးသွင်းဒဏ်ရာတွေ့ရ သဖြင့် ရဲမှုဖြစ်သောကြောင့် နေ ပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံ သို့သွားရန် ရည်ညွှန်းခံရသည်။ ခုတင် ၁,၀၀၀ ၌ ဆေးစစ်ချက် ယူပြီးနောက် ကူးစက်ရောဂါများကြိုတင်ကာကွယ်ထားခြင်းသည်  အကောင်းဆုံးဖြစ်မည်ဟူသော ဆရာဝန်အကြံပြုချက်ရခဲ့ပြီး ဗစ် တိုးရီးယားလေးမှာ အရွယ်နှင့်မ လိုက်သည့် B ပိုး၊ C ပိုး၊ HIV ကာ ကွယ်ဆေးများ သောက်ခဲ့ရပြန် သည်။

အမှုဖွင့်ပြီ

ထိုနေ့က ဆေးရုံမှအပြန် အိမ်ပြန်ရောက်ချိန် ညဉ့် ၂ နာရီ ကျော်၌ ဗစ်တိုးရီးယား အိပ်ပျော် သွားပြီးနောက် မိခင်ဖြစ်သူက အ မှတ် (၁) ဇမ္ဗူသီရိမြို့မရဲစခန်းသို့ ဖြစ်စဉ်ကို သွားရောက်တိုင်တန်း ခဲ့ပြီး မေလ ၁၇ ရက်တွင် ရဲစခန်း က မုဒိမ်းမှုဖြင့် သက်ဆိုင်သော ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့်အမှုဖွင့်ပေးခဲ့သည်။

ထိုနေ့တွင်ပင် ဗစ်တိုးရီး ယား၏ ဖခင်နေပြည်တော်သို့ ပြန် ရောက်လာပြီး ရဲတပ်ဖွဲ့နှင့် အတူ မူကြိုကျောင်းရှိ CCTV ကို သွား ရောက်ရယူကာ သမီးဇောဖြင့်ထူး ခြားမှုတွေ့လိုတွေ့ငြား ရဲစခန်း တွင် တစ်ညလုံးထိုင်ကြည့်ခဲ့ သည်။ သို့သော်ရရှိလာသည့် CCTV မှတ်တမ်းမှာ မေလ ၁၆ရက် တစ်နေ့လုံးစာ အပြည့်မဟုတ်၊ကြားတွင် လေးကြိမ်ပြတ်တောက် မှုရှိကြောင်း တွေ့ခဲ့ရသည်ဟု ဗစ် တိုးရီးယား၏ဖခင်က ပြောသည်။

ပထမ သံသယရွိသူ

CCTV တွင် ထူးခြားချက်အ ဖြစ် ဗစ်တိုးရီးယားတို့ စာသင်ခန်း ဘက်ဆီ ဝင်ရောက်မှုရှိခဲ့သည့် အ မျိုးသားတစ်ဦးကို ဖခင်ကိုယ်တိုင် တွေ့ခဲ့ရပြီး ထိုပုဂ္ဂိုလ်ကို ရဲတပ်ဖွဲ့ ကလည်း ဖမ်းဆီးစစ်ဆေးခဲ့သည်။

ကနဦး သံသယအဝင်ခံရ သည့် အသက် (၂၉) နှစ်အရွယ် အမျိုးသားမှာ Wisdom Hill ကျောင်းမှ ကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်ပြီး မေလ ၃၀ ရက်တွင် ဖမ်းဆီးထိန်းသိမ်ခဲ့ သည့်။ ယင်းနောက် ဇွန်လ ၃ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့က အ မှုကို မှုခင်းရဲတပ်ဖွဲ့ (CID) သို့ လွှဲလိုက်ကြောင်း ပြောသည်။

ထို့နောက် CID က ဇွန်လ ၂၄ ရက်တွင် စစ်ဆေးပေါ်ပေါက် ခြင်းမရှိဟုဆိုကာ ကြီးကြပ်ရေးမှူး ၏ ယာဉ်မောင်းကို ပြန်လွှတ်ပေး ခဲ့သည်။

ဗစ်တိုးရီးယားဘက်မှ မခံ မရပ်နိုင်သည့် ပြည်သူများအကြား အဆိုပါကိစ္စ လူပြောအများဆုံး ဖြစ်ခဲ့ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပွဲဆူခဲ့သည်။

ဒုတိယသံသယရွိသူ

ယာဉ်မောင်းကို ပြန်လွှတ် ပေးပြီးနောက် ဗစ်တိုးရီးယား၏ ပြောဆိုချက်ဖြစ်သော ‘ကိုကိုလုပ် တာ’၊ ‘ဆရာမနှင်းနုသိတယ်’  ဆို သော စကားများကို အခြေခံ၍ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ကြီး ကြပ်ရေးမှူး၏ ၁၀ တန်းနှင့် ရှစ် တန်းအရွယ် သားနှစ်ဦးအပေါ် ထပ်မံသံသယဝင်ကြသကဲ့သို့ CID ကလည်း ခေါ်ယူစစ်ဆေးခဲ့ သည်။

ဖေ့စ်ဘွတ်ခ်တွင် အများက သံသယဖြင့် စွပ်စွဲခံရသူသုံးဦး စလုံးမှာ Wisdom Hill ကြီးကြပ် ရေးမှူးနှင့် ပတ်သက်သူများသာ ဖြစ်နေသည်မှာ ထူးခြားသည်။ ကြီးကြပ်ရေးမှူး၏ ခင်ပွန်းမှာ ရဲအရာ ရှိတစ်ဦးဖြစ်သောကြောင့် အမှုကိုရှောင်လွှဲရန်၊ လူစားထိုး ရန် ကြံစည်နေခြင်းဖြစ်သည်ဆို သောဝေဖန်မှုများက အရှိန်မြင့် နေသော်လည်း Wisdom Hill ကျောင်းအုပ်ဦးပညာထံမှ ကြီး ကြပ်ရေးမှူး၏ အမျိုးသားမှာ ရဲအ ရာရှိတစ်ဦးဖြစ်သည်ဆိုသော အ တည်ပြုချက်မှအပ အခြားမရ သေးပေ။

ထို့အတူ ကြီးကြပ်ရေးမှူး မိသားစုနှင့် ဗစ်တိုးရီးယားပြော သော မျက်မြင်သက်သေ ဆရာမ နှင်းနုတို့နှင့် တွေ့ဆုံခွင့်ရရန် 7 Day ၏ ကြိုးပမ်းမှုသည် ဇူလိုင် ၁ ရက်ထိ မအောင်မြင်သေးပေ။

CID က စစ်ဆေးပြီးနောက် တရားခံမှာ ကြီးကြပ်ရေးမှူး၏ သားနှစ်ဦးလည်းမဟုတ်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိက 7 Day အား အတည်ပြုသည်။

‘‘စစ်လည်းစစ်တယ်။ မျက် မြင်အနေအထားအရလည်း ပေါ် ပေါက်ချက်မရှိဘူး။ နောက်တစ် ချက်က ကျန်တဲ့ဇီဝဗေဒ ပြန်ကြား ချက်ကလည်း တူညီမှုမရှိဘူး။ တူ ညီမှုမရှိလို့ ငါတို့မဖမ်းတာလေ ကွာ’’ ဟု ၎င်းက ဆိုသည်။

ဗစ်တိုးရီးယား၏ ဖခင်ကမူ ‘‘အမှုကတရားခံဟုတ်သည်၊ မ ဟုတ်သည်က သက်သေအချက်အလက်နဲ့ ပြောလို့ရတဲ့ကိစ္စပါ။ ကျွန်တော်ကသူများကို ဟုတ်သည်၊မဟုတ်သည် ပြောခွင့်မရှိပါဘူး။ ပြောလည်းမပြောပါဘူး’’ ဟု မှတ် ချက်ပြုသည်။

မူကြိုဘက်က ပူးပေါင်းဆောင်ရွက်မှု

အခင်းဖြစ်သည့်နေ့နှင့် နှစ် ပတ်ကျော်အကြာ ဇွန်လ ၁ ရက် တွင် Wisdom Hill ဘက်က သ တင်းစာရှင်းလင်းပွဲ ပြုလုပ်သည်။ ဗစ်တိုးရီးယားမိဘများ၏ ဆန္ဒ အရ အများပြည်သူသို့ ထုတ်မ ပြောဘဲနေထိုင်နေရာမှ အမှုကြန့် ကြာနေသည်ကို မကျေနပ်သော ‘ပိုးဖြူ’ အမည်ရ ဖေ့စ်ဘွတ်ခ် စာမျက်နှာကဖြစ်စဉ်၏ တစ်စွန်း တစ်စကို ရေးတင်ပြီး နောက်တစ် ရက်တွင်မှဖြစ်ပါသည်။

Wisdom Hill သည် သတင်း စာရှင်းလင်းပွဲအပြီးနောက်တစ်ရက်(ဇွန်လ ၂ ရက်)တွင် ‘ပိုးဖြူ’ အမည်ရ ဖေ့စ်ဘွတ်ခ်စာမျက်နှာ နှင့်ဖြစ်စဉ်ရေးသားချက်ကို ပြန် လည်မျှဝေသူများကို ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အ မှုဖွင့်သည်။ အမှုမှန်ပေါ်ပေါက် ရေး ပူးပေါင်းဆောင်ရွက်နေ ကြောင်း၊ ထိုသို့သောဖြစ်စဉ် မူကြိုကျောင်း၌ ပေါ်ပေါက်ခြင်း ရှိ၊ မရှိစုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့နောက်တွင် ရဲတပ်ဖွဲ့က စစ်ဆေးလိုသမျှ မူကြိုကျောင်း ဘက်က ခွင့်ပြုပေးနေပြီး ဝန်ထမ်း ၃၀ ဦးခန့်ကို စစ်ဆေးပြီးဖြစ်သည် ဟု ကျောင်းအုပ် ဦးပညာက 7 Day ကို ပြောသည်။

ဗစ်တိုးရီးယား၏ဖခင်ကမူ မူကြိုကျောင်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်နေသည်ဆိုသော် လည်း ပူးပေါင်းမှုအကြိမ်ရေ ထောင်ဂဏန်းမျှရှိနေလျှင်လည်း ‘‘အမှန်တရားမပါရင် ဘာမှမထူး ဘူး’’ဟု ပြတ်ပြတ်သားသားပြော သည်။

ကြဲလြဲခ်က္တစ္ခု

ဗစ်တိုးရီးယားလေး အဆိုပါ နေ့က ကျောင်းပြန်ချိန်တွင်ဆရာမ က မိန်းမကိုယ်ကို ရေဆေးပေး ခြင်း ရှိ၊မရှိမှာ ထူးခြားချက်များ ထဲမှ တစ်ခုအဖြစ် 7 Day က စုံ စမ်းသိရှိရသည်။

Wisdom Hillကျောင်းအုပ် ဦးပညာက ကျောင်းကြို၊ ပို့ယာဉ် စီးရသည့် ကြာချိန် ၄၅ မိနစ် ဝန်း ကျင်ရှိသဖြင့် ကျောင်းမှအိမ် မပြန်မီ ကလေးတိုင်းကို အပေါ့၊ အလေး သွားစေခြင်းတို့ကို မူကြို ကျောင်းမှ ပြုလုပ်ပေးလေ့ရှိသည် ဟု ပြောသည်။

 ‘‘ရေဆေးပေးတယ်ဆိုတဲ့ ကိစ္စက သူ့ကလေး သွေးတွေပေ နေလို့၊ ဟိုဟာဖြစ်နေလို့ ရေဆေး ပေးတာ မဟုတ်ဘူး။ ပုံမှန်လုပ် ငန်းစဉ်အရ အားလုံးလုပ်နေကျ  လုပ်ငန်းစဉ်တစ်ခုပဲ၊ ကျောင်းမှာ လေ။ အဲဒါကိုအများအမြင်မှာ အ ထင်လွဲတာပေါ့လေ။ သူတစ် ယောက်တည်း ရေဆေးပေးတယ် လို့ ထင်ကြတယ်။ ပြီးတော့ ပေ လို့ရေဆေးပေးတယ်ထင်တာ။ တ တယ်တမ်းတော့ သူတစ်ယောက် တည်းမှ မဟုတ်ဘူး။ ကျောင်းရဲ့  လုပ်ငန်းစဉ်အရ ဖယ်ရီစီးတဲ့ က လေးတိုင်းကို အငယ်လေးတွေဆို  ရှူရှူးတည်တယ်။ အီးအီးပါချင် တယ်ဆိုရင် တစ်ခါတည်းလုပ်ပေး လိုက်တယ်။ အဲဒါမှ သူတို့ကကား ပေါ်မှာ အဆင်ပြေတာလေ’’ ဟု  ဦးပညာက ဆိုသည်၊၊

ထိုသို့ ပြောကြားချက်ကို အ ဆိုပါမူကြိုတွင် ကလေးငယ်ကို အပ်နှံထားသည့် မိဘများအား 7Day က မေးမြန်းကြည့်ရာ က လေးငယ်တိုင်းကို ကျောင်းမဆင်း ခင် အပေါ့၊ အလေး တည်ပေးပြီး ရေဆေးပေးသည့် အလေ့အကျင့်ရှိကြောင်း အချို့ကအတည်ပြု သည်။

ဗစ်တိုးရီးယား၏ ဖခင်ကမူ မူကြိုကျောင်း၏ ထိုသို့သောအ စဉ်အလာကို ငြင်းဆိုခြင်းမပြု သော်လည်း အောက်ပါအတိုင်း မေးခွန်းထုတ်သည်။

‘‘သွေးပေလို့ ဆေးပေးတယ်၊ မပေးတယ်ဆိုတာထက် ဆေးပေး တယ်၊ ဆေးပေးတာက ကလေး မှာ သွေးပေတာတွေ့ခြင်း၊မတွေ့ ခြင်းက သူတို့ရဲ့ရိုးသားမှုအပေါ်ပဲ မူတည်လိမ့်မယ်။ ကျွန်တော်က ပေတယ်လို့ပြောတာမဟုတ်ဘူး’’ ဟု ဗစ်တိုးရီးယား၏ ဖခင်ကပြော သည်။

ဆရာမနှင်းနု

ဗစ်တိုးရီးယား၊ မိဘများက သမီးလေးပြောသော မျက်မြင် သက်သေ ဆရာမနှင်းနုကိုမေး သောအခါ မသိဟုသာ ပြန်ကြား ချက်ရခဲ့ကြောင်း ပြောသည်။

‘‘ကလေးဖြစ်တဲ့ကိစ္စက သူ့ ရှေ့မှာ (ဆရာမနှင်းနု) တစ်ခုခုသိ ရမလား၊ ဒါမှမဟုတ် ကျောင်းခန်း ထဲမှာ CCTV တစ်ခုရှိနေလို့ လွယ် လွယ်ကူကူ သိသွားလောက်မယ့် အခြေအနေ၊ ဒီလောက်ထိ ခက်ခဲ လာမယ်မထင်ဘူး။ ဒီလောက်ထိ ကြာလိမ့်မယ်မှန်းလည်း မထင် ဘူးလေ။ ကျောင်းထဲမှာ CCTV ကမရှိ၊ သူ့ (ဆရာမနှင်းနု) မေး တော့လည်း မသိဘူးဆိုတော့’’ ဟု ဗစ်တိုးရီးယား၏ ဖခင်ကဆို သည်။

ထို့နောက် CID က မိဘများ ကိုပါခေါ်ယူ၍ ဗစ်တိုးရီးယားနှင့် ဆရာမနှင်းနုကို ခေါ်ယူတွေ့ဆုံ စေခဲ့ပြီး မေးမြန်းစေရာတွင် ‘‘သူ (ဆရာမနှင်းနု) သိတယ် ပြော တော့ မီးမီး အဲသလိုမလိမ်ရဘူး လေ (ဆရာမနှင်းနုက ပြန်ပြော) လို့ပြောတော့ ကလေးက မျက်နှာ လေးငယ်သွားပြီး မီးမီးမလိမ်ပါ ဘူးတဲ့။ ခေါင်းလေးငုံ့ပြီး ပြောတယ်’’ ဟု ဗစ်တိုးရီးယားဖခင်က ဆက်လက်ပြောသည်။

ဖြစ်နိုင်ခြေ

ဗစ်တိုးရီးယား၏ ဖခင်က အမှုနှင့် ပတ်သက်နိုင်ခြေရှိသူ သည် ၁၀ ဦးထက်မပိုဟု ယူဆထားသည်။ အမှုဖြစ်ပွားသည့်နေ့က သမီးငယ်အနားတွင်ရှိသော လူ ၁၀ ဦးကို တရားခံဟုဆိုလိုခြင်း မဟုတ်ဘဲ ပြစ်မှုမကျူးလွန်မီ ဗစ် တိုးရီးယားအနီး၌ ရှိနိုင်သည့် လူ ၁၀  ဦးကို ဆိုလိုခြင်းဖြစ်ကြောင်း ဖခင်က ပြောသည်။

‘‘ဒီ ၁၀ ဦးထဲက တစ်ယောက် ယောက်သည် တရားခံကို သိရမယ်။ တရားခံမဟုတ်ဘူးဆိုရင် တောင် အဖြစ်အပျက်ထူးခြားမှု တစ်ခုတော့သိရမယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလူ ၁၀ ဦးလက်ထဲက နေ ကလေးက လွှတ်ထွက်သွား စရာ အကြောင်းမရှိဘူးလေ။ အဲဒီ ၁၆ ရက်(မေလ) နေ့ ကာလမှာ’’ ဟု ၎င်းက ဆိုသည်။

ဖခင်ရည်ညွှန်းသည့် လူ ၁၀ ဦးစာရင်းတွင် ဗစ်တိုးရီးယားကို ကျောင်းပို့သည့် အမေနှင့် အ ဘွား၊ ဖယ်ရီလာကြိုသည့် ကား ပေါ်မှ ဆရာမ၊ ယာဉ်မောင်း၊ မူ ကြိုကျောင်းတွင် တာဝန်ကျသည့် ဆရာမသုံးဦး၊ ကြီးကြပ်သူ  ဆရာမတစ်ဦး၊ မေလ ၁၆ ရက် ကျောင်းပြန်ချိန်၌ ယာဉ်ချွတ်ယွင်း ၍ အခြားကားတစ်စီးဖြင့် ကလေး များကို လာရောက်ခေါ်ဆောင်ရာ တွင် ပါဝင်သည့် ဆရာမတစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးဖြစ်သည်။

CID ဘက်ကမူ သံသယရှိသူ ၁၃ ဦးကို စစ်ဆေးနေပြီး မူကြို ကျောင်းနှင့် သက်ဆိုင်သူကိုးဦးပါ ဝင်ကြောင်း အတည်ပြုထားသည်။

CID က ဘယ်လိုကိုင်တွယ်လေ့ရှိ လဲ။

အမှုကို လက်ရှိစစ်ဆေးနေ သည့် CID ဘက်မှ တာဝန်ရှိသူတို့ထံသို့ အသေးစိတ်မေးမြန်းနိုင်ခွင့်မရသဖြင့် အဆိုပါအမှုမျိုးတွင် မည်သို့ ကိုင်တွယ်ဆောင်ရွက်လေ့ ရှိသည်ကို CID ၌ တာဝန်ထမ်း ဆောင်ပြီးနောက် အခြားဌာနသို့ ပြောင်းရွှေ့တာဝန်ယူနေသည့် ရဲအရာရှိတစ်ဦးထံ 7Day က ဆက်သွယ်မေးမြန်းခဲ့သည်။

မုဒိမ်းမှုသည် ဆိတ်ငြိမ်သည့် နေရာတွင်သာ ဖြစ်ပွားလေ့ရှိသ ဖြင့် မျက်မြင်သက်သေမရှိဖြစ် တတ်ပြီး ကလေးသူငယ်များဆို လျှင် မသိနားမလည်၍ မုန့်ဝယ် ကျွေး၊ အရုပ်ပေးခြင်းတို့ကဲ့သို့ စည်းရုံးမှုဖြင့်ပင် သားကောင်ဖြစ် လွယ်ကြောင်း အထက်ပါရဲအရာ ရှိက ရှင်းပြသည်။

‘‘မုဒိမ်းမှုက မျက်မြင်သက် သေ အင်မတန်နည်းပါတယ်။ မျက်မြင်သက်သေမရှိတော့ ဘာနဲ့ တည်ဆောက်ရလဲဆိုတော့ အ ကြောင်းအခြင်းအရာတွေနဲ့ တည် ဆောက်ရတယ်’’ ဟု  ၎င်းကပြော သည်။

အကြောင်းအခြင်းအရာဆိုသည်မှာ ကလေးငယ်နှင့်အတူရှိ နေသူနှင့် တွေ့ရှိသူများ၊ သက် သေ အထောက်အအထားများကို အဆိုပါရဲအရာရှိက ဆိုလိုခြင်း ဖြစ်သည်။

‘‘စွပ်စွဲတာက လွယ်တယ်။ အမှုတည်ဆောက်တာက မလွယ်ပါဘူး’’ ဟု ၎င်းကပြောသည်။

CID အနေဖြင့် အမှုစစ်ဆေး ရာတွင် လွတ်မြောက်နိုင်ခြေရှိသူ များကို  မည်သည့်အခါမျှ တရား စွဲခြင်းမျိုးမရှိဟု အထက်ပါရဲအရာရှိကဆိုပြီး ဗစ်တိုးရီးယားအမှု ကို တရားစွဲတင်နိုင်ခြင်းမရှိသေး သည်မှာ ခိုင်လုံသည့်သက်သေ များကို ရှာဖွေနေ၍သာ ဖြစ်နိုင် ကြောင်း ၎င်းကသုံးသပ်သည်။

‘‘တို့စွဲတင်လိုက်တဲ့ တရားခံ တစ်ယောက်ဟာ ကောင်းကင်က သကြားမင်း ရှေ့နေယောင်ဖန်တီးပြီး လိုက်ရင်တောင် မလွတ်စေရဘူးလို့ အဲဒီလောက်ထိ ခံယူချက် ပြင်းထန်တာ၊ CIDရဲ့ သဘာ၀ မပိုင်ရင် မစွဲဘူးနော်’’ ဟု အဆို ပါရဲအရာရှိက ဆိုသည်။

ဘာလို့မမိသေးတာလဲ

အဆိုပါ အယူအဆမျိုးကို တရားလွှတ်တော်ရှေ့နေ ဦးခင် မောင်ဇော်ထံတွင်လည်း တွေ့ရ ပြီး ‘‘CIDက မှုခင်းတပ်ဖွဲ့ပဲ။ အ မြင့်ဆုံး အခက်ခဲဆုံး အမှုတွေကို ဖော်ခဲ့တာပဲ’’ ဟု ၎င်းက ပြော သည်။

သို့သော် ဗစ်တိုးရီးယားအမှု သည် ငါးလောင်းပြိုင်လူသတ်မှု ကဲ့သို့ ရှုပ်ထွေးမှုမရှိလှသဖြင့် တစ်လကျော် ဆိုသောအချိန်အ တွင်း CID ကဖော်ထုတ်နိုင်သင့် ပြီဟု ဦးခင်မောင်ဇော်က ဝေဖန် သည်။

‘‘မပေါ်တာ တခြားကိစ္စတွေ ရှိတယ်လို့ ထင်တယ်’’ ဟု ၎င်းက သုံးသပ်သည်။

ဗစ်တိုးရီးယား၏ ဖခင်က လည်း အမှုဖြစ်စဉ်သည် နေရာ ကျယ်ပြန့်မှုမရှိသကဲ့သို့ ထိတွေ့ နိုင်သည့် လူဦးရေမှာလည်း နည်း ပါးသဖြင့် ယနေ့တိုင်အမှုမှန် မ ပေါ်ပေါက်သေးခြင်းအပေါ် တစ် စုံတစ်ရာ မှားယွင်းမှုရှိနိုင်သည်ဟု  သုံးသပ်သည်။

‘‘လူအများကြီးကို ရှာဖွေစစ် ဆေးရတာ  မဟုတ်ဘူးလေ။ ကိုယ်မမြင် ကွယ်ရာမှာဖြစ်သွား တဲ့ကိစ္စလည်း မဟုတ်ဘူး။ မမြင် ကွယ်ရာဆိုတာ လူအများမမြင် ကွယ်ရာပေါ့ဗျ။ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့ အိမ်၊ ဒီကြားထဲမှာ ဖြစ် တဲ့ကိစ္စ။ အခုထိမပေါ်သေးတာ ထူးခြားမှု တစ်ခုခုရှိလို့လား၊ ဒါမှ မဟုတ် အကြောင်းအရာတစ်ခု ရှိ ကိုရှိနေပါမယ်’’ ဟု ၎င်းကပြော သည်။

ဗစ်တိုးရီးယားအမှုကို ကိုင် တွယ်နေသည့် အမည်မဖော်လို သော CID အရာရှိကမူ ယင်းအမှု သည် နက်နဲမှုရှိပြီး ဖော်ထုတ်ရန် မလွယ်ကူသကဲ့သို့ ဖြစ်နေသဖြင့် ကြိုးစားဖော်ထုတ် နေရခြင်းသာ ဖြစ်ကြောင်း 7Day အား ပြော သည်။

 ‘‘ပြောသလောက်လေး လွယ်ရင်တွေ့တဲ့သူ တန်းအရေး ယူလို့ရတယ်လေ။ ဒါပေမဲ့သူတို့ တည်တယ်။ တည်တဲ့သူတွေက လွဲလာတယ်လေ။ လွဲလာတဲ့အ ပေါ်မှာ တဖြည်းဖြည်း လွဲလာ တာက တစ်ခုတည်း မဟုတ်ဘူး။ တောက်လျှောက်လွဲလာတာ။ တောက်လျှောက်လွဲနေတာ’’ ဟု ၎င်းကဆိုသည်။ သို့သော် အသေး စိတ်အခြေအနေကိုမူ ဇူလိုင် ၁ ရက် ညဉ့်နက်ပိုင်းအထိ CID ထံမှ ထုတ်ဖော်မေးမြန်းနိုင်ခြင်း မရှိခဲ့ ပေ။

ဗစ်တိုးရီးယား၏ ဖခင်ကမူ ‘‘ကျွန်တော်တို့က ဒီကိစ္စဖြစ်က တည်းက ဘယ်သူကိုမှ ပြောတာ မဟုတ်ဘူး။ တရားခံကိုပေါ်ဖို့ပဲ ဦးတည်ပြီး ပြောနေတဲ့ကိစ္စချည်းပဲ ကျွန်တော်ပြောတဲ့ စကားလုံး တိုင်းက’’ ဟု ပြောသည်။

ရဲစခန်းတွင် ကနဦးဖွင့်လှစ် ထားသည့် ပုဒ်မအရ ပုဒ်မ ၃၇၆ ဖြင့် မုဒိမ်းမှုကျူးလွန်သူသည် ရဲ တပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်မှု၊ တရားရုံး၏ ဆုံးဖြတ်ချက်တို့အ ပေါ်တွင် မူတည်၍ တစ်သက်တစ် ကျွန်းဖြစ်စေ၊ ဆယ်နှစ်ထိထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ခံ ရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ခြေရှိသည်။

အဖြေမပေါ်သေးသည့်ပဟေဠိ အချို့

မူကြိုကျောင်းထံမှရရှိသည့် ဖြစ်စဉ်ဖြစ်ပွားသော မေလ ၁၆ ရက် CCTV မှတ်တမ်းမှာ တစ်နေ့ စာအပြည့်အစုံမပါဘဲ ပြတ် တောက်မှု လေးကြိမ်ရှိသည်ဟု ဗစ်တိုးရီးယား၏ မိသားစုဘက်က ပြောသော်လည်း ကျောင်းတာဝန် ရှိသူနှင့် ရဲတပ်ဖွဲ့ဘက်မှ အတည် ပြုချက် တစ်စုံတစ်ရာမရသေးပေ။ ကလေးငယ်၏ ဖခင်က ရဲစခန်း တွင် CCTV မှတ်တမ်းကို ကြည့် ခဲ့ခြင်းဖြစ်ပြီး ကျောင်းကရဲစခန်း သို့ မူရင်းဖိုင်ကို ဟာ့ဒစ်ဖြင့်ပေး ခြင်းမဟုတ်ဘဲ ကူး၍ပေးလိုက် ခြင်းဖြစ်သည်ဟု ဆိုသည်။

CCTV မှတ်တမ်းတွင် နံနက် ၉ နာရီ ၃၃ မိနစ်မှ ၁၁နာရီအထိ၊ ၁၂ နာရီ ၄၉ မိနစ်မှ ၁ နာရီအထိ၊ ၁ နာရီ ၁ မိနစ်မှ ၂ နာရီ ၄ မိနစ် အထိ၊ ၄ နာရီ ၂ မိနစ်မှ ၄ နာရီ ၈ မိနစ်အထိ လေးကြိမ်ပြတ် တောက်ခဲ့ကြောင်း ဗစ်တိုးရီးယား ၏ ဖခင်ကပြောသည်။

 ‘‘အပြည့်စုံမရှိတဲ့ CCTV ပေါ့။ ပျက်နေတဲ့ထဲမှာ တရားခံ ပါနိုင်တယ်၊ မပါနိုင်ဘူးဆိုတာ ထက် ပါကောင်းပါနိုင်တယ်လို့ ပြောချင်ပါတယ်’’ ဟု  ၎င်းကဆို သည်။

သို့သော် CIDတပ်ဖွဲ့ထံသို့ အမှုတွဲ လွှဲပြောင်းချိန်တွင် ပြတ် တောက်သွားသည့် CCTV အချို့ ပြန်လည်ရရှိခဲ့သည်ဟု  ဗစ်တိုးရီး ယား၏ဖခင်ဖြစ်သူက ပြောသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

‘‘အပိုင်းလိုက် အပိုင်းလိုက် ရတာ အဓိပ္ပာယ်မရှိဘူး။ ရရင်အ ကုန်ရရမယ်။ မရရင်မရရဘူး’’ ဟု ၎င်းက ဆိုသည်။

ကျောင်းဘက်ကမူ ဇွန်လ ၁ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ CCTV မှတ်တမ်းဖြင့် တရားဝင်ရှင်း၍ မရနိုင်ဘူးလား ဟု မီဒီယာအချို့က မေးမြန်းမှု အပေါ် ‘‘အချိန်မကျသေးလို့ပါ။ ကျွန်တော်တို့မှာ အားလုံးရှိပါ တယ်။ ပြည့်စုံပါတယ်’’ ဟု တုံ့ပြန် သည်။

ဗစ်တိုးရီးယားမိသားစု၏မျှော်လင့်ချက်

ဗစ်တိုးရီးယား၏ အမှုကိစ္စ အပေါ် အမှုမပေါ်ပေါ်အောင်ဖော် ရန် နိုင်ငံတော်အကြီးအကဲက  ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူများကို မှာကြားပြီးဖြစ်သည်ဟု နိုင်ငံ တော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ဇွန်လ ၃၀ ရက် တွင် လူမှုကွန်ရက်တွင် ထုတ်ပြန်သည်။

ထိုနေ့တွင်ပင် ကလေးငယ် ၏ ရှေ့ရေးကိုငဲ့၍ သိုသိုသိပ်သိပ် နေလိုသော ဗစ်တိုးရီးယား၏ မိသားစုဘက်မှ ဖခင်ကိုယ်တိုင် ပထမဆုံးအကြိမ် မီဒီယာအချို့ နှင့် စတင်တွေ့ဆုံပြီး ကလေးငယ် အပေါ် ကျူးလွန်သူ တရားခံအစစ် ပေါ်ပေါက်စေရန် နိုင်ငံတော် သမ္မတမှစ၍ တာဝန်ရှိသူများ၊ အမှန်တရား ကိုလိုလားသူများအားလုံးက စောင့်ကြည့် ကူညီဖေးမ ပေးကြရန် မေတ္တာရပ်ခံသည်။

 ပြည်သူအများအပြားက လည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ‘‘ဗစ်တိုးရီးယားအတွက် တရားမျှတမှု’’ ဆိုသော လှုပ်ရှားမှုကို ပြု လုပ်လာကြပြီး နိုင်ငံကျော်အနု ပညာရှင်များပါ ပါဝင်လာကာ နိုင်ငံတော်သမ္မတရုံးမှစ၍ အစိုးရ ဌာနအသီးသီး၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာများတွင် ‘အမှုကို မပျက်မကွက်ဖော်ထုတ်ပေးရန်’ မှတ် ချက်များ ရေးသားကြခြင်းဖြင့် တတပ်တအား ပါဝင်ဆင်နွှဲမှုတို့ အရှိန်မြှင့်တင်ကြသည်။

အဆိုပါအမှုတွင် ကနဦးတွင် သံသယတရားခံအဖြစ် ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦး ကိုယ်တိုင်က ‘‘ဒီသမီးလေးအ တွက် အမြန်ဆုံးနဲ့ အမှန်ဆုံးပေါ် စေချင်တဲ့ဆန္ဒကတော့ အမြဲရှိကြ ပါတယ်’’ ဟု 7Day ကို မှတ်ချက် ပြု၏။

ဗစ်တိုးရီးယား၏ ဖခင်က ‘‘သမီးလေးအပေါ် ကျူးလွန်တဲ့ တရားခံအစစ်အမှန်တရားကို ရှာ ပေးချင်ပါတယ်။ ရအောင်လည်း ရှာမှာပါ။ ဘယ်တော့မှ လက်မ လွှတ်ပါဘူး’’ ဟု ပြောသည်။

ဆက်လက်၍ ဗစ်တိုးရီးယား၏ ဖခင်က‘‘အမှန်တရားအတွက်  ရှာဖွေပေးမယ့် သူတိုင်းက သမီး လေးအတွက် ဖေဖေနဲ့ မေမေပါ ပဲ’’ ဟု ဆိုလိုက်ပါသည်။

Copy from :http://7daydaily.com/story/160115

Credit:7 Day Daily

Comments are closed.