ဗစ်တိုးရီးယားအမှုတရားခံက ကျောင်းကြီးကြပ်ရေးမှုးရဲ့ ဒရိုင်ဘာလို့ ထုတ်ပြန်

ဗစ်တိုးရီးယားအမှုတရားခံက ကျောင်းကြီးကြပ်ရေးမှုးရဲ့ ဒရိုင်ဘာလို့ ထုတ်ပြန်

ဗစ်တိုရီးယားအမှုတရားခံက ကျောင်းကြီးကြပ်ရေးမှုး ဒေါ်ဥမ္မလှိုင်ရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ ဒက္ခိဏခရိုင်တရားရုံးက ဒုတိယ ခရိုင်တရားသူကြီး ဦးညို ဌေးက ပြောပါတယ်။ 

 အောင်ကျော်မျိုးခေါ် အောင်ကြီးကို ဒီကနေ့ တရားရုံးမှာ ချုပ်ရမန်ယူခဲ့တာပါ။
 
သူဟာ အမှုမှာ ကနဦး သံသယ အဝင်ခံရသူဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်ကျော်မျိုး (ခေါ်) အောင်ကြီးဟာ  မေလ ၃၀ ရက်မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။
 
အမှုကိုတော့ ဇွန်လ ၃ ရက်မှာ မြို့နယ်ရဲတပ်ဖွဲ့က အမှုကို  မှုခင်းရဲတပ်ဖွဲ့ ( CID )  ကလွှဲပြောင်းပေးခဲ့ပါတယ်။ 
 
အဲဒီနောက်  CID က ဇွန်လ ၂၄ ရက်မှာ  စစ်ဆေးပေါ်ပေါက် တာမရှိလို့ ဆိုပြီး ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
 
အခုတော့ အဲဒီတရားခံဆိုသူ ယာဉ်မောင်းကို ရန်ကုန်ရောက်နေခိုက် ပြန်ဖမ်းလိုက်တာဖြစ်ပါတယ်။ 
 
ကလေးငယ်လေးဟာ နေပြည်တော် သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှာ တက်ရောက် နေသူဖြစ်ပြီး မေလ ၁၆ ရက်နေ့ က မဖွယ်မရာပြုကျင့်ခံခဲ့ရတာပါ။
 
အဲဒီလိုပြုကျင့်ခံရတာကို မိခင်ဖြစ် သူက သတိပြုမိခဲ့ပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ သပြေကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ဆိုခဲ့တာပါ။
 
အမှုနဲ့ပတ်သက်ပြီးလည်း စီစီတီဗွီမှတ်တမ်းတွေအရ သံသယရှိသူ အောင်ကျော်မျိုးကို  မေလကုန်ပိုင်းက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အမှုကို ဇွန် ၃ ရက်နေ့မှာ စီအိုင်ဒီက လွှဲပြောင်းကိုင်တွယ်ခဲ့တာပါ။
 
ဒါ့အပြင် အစိုးရ၊ ပုဂ္ဂလိက စာသင်ကျောင်းတွေမှာ ဒီလိုကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဖြစ်ပွားလာခဲ့ရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ဖို့လည်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို မှာကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ကလေးငယ်လေးရဲ့ အမှုမှန်ပေါ်ပေါက်ဖို့ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ Justice For Victoria နာမည်နဲ့ ကလေးငယ်လေးအတွက် အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကမ်ပိန်းတွေဆက်တိုက်ပြုလုပ်နေတာပါ။

Mizzima News in Burma က ဗီဒီယိုဖိုင်ကြည့်ရန်။

Credit:7 day daily http://7daydaily.com/story/160285

Comments are closed.