တရားခံကယာဉ်မောင်းဆိုတာနဲ့ ပတ်သက်ပြီး Victoria ရဲ့ အမှုမှန်ပေါ်ဖို့ ဦးဆောင်နေသူ သက္ကမိုးညိုပြောပြီ

တရားခံကယာဉ်မောင်းဆိုတာနဲ့ ပတ်သက်ပြီး Victoria ရဲ့ အမှုမှန်ပေါ်ဖို့ ဦးဆောင်နေသူ သက္ကမိုးညိုပြောပြီ

ပရိသတ်ကြီးရေ Victoria လေးရဲ့ သက်ငယ်မုဒိမ်းမှု ကတော့ ပရိသတ်အားလုံး စိတ်ဝင်အစားခံရဆုံး အမှုတစ်ခုလဲဖြစ်ပါတယ်။ တရားခံမတွေ့ပဲ ဇာတ်ကြောရှည်နေတဲ့ သမီးလေးရဲ့ အမှုဟာ ဒီနေ့မှာတော့ တရားခံတွေ့ပြီဆိုပြီးသတင်းတက်လာခဲ့ပါတယ်။ တရားခံက ယာဉ်မောင်းအောင်ကြီးပါဆိုပြီး တက်လာတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မဖြစ်နိုင်ဘူးဆယ လူစားထိုးတာဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတာပဲဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး သမီးလေးရဲ့ သက်ငယ်မုဒိမ်းမှု အမှုမှန်ပေါ်ဖို့ ဦးဆောင်နေတဲ့ သက္ကမိုးညိုကတော့ “သမီးဟာ စီစီတီဗီဖိုင် (မျက်နှာ မမြင်ရ) ဆိုတာကို ကြည့်ပီးတော့ အောင်ကြီးကို သူပဲလို့ ပြဖူးပါတယ်

၃.၇.၁၉ မှာ အောင်ကြီး တယောက်ထဲ ပြမယ်လုပ်လို့ ကလေးဖခင်က ငြင်းဆန်ပြီး ပြန်လာခဲ့ပါတယ် (အခန်းကလည်း ကလေးစိတ်ဒဏ်ရာ ရနိုင်မယ့် မျက်နှာချင်းဆိုင် အနေအထားပါ) ပြချင်ရင် သံသယ ရှိသူ အားလုံး ပြပါ

အောင်ကြီးကို စွဲချက်တင်ရင် ဒီထက် ခိုင်မာထက် သက်သေ လိုပါမယ် (ရမန် ယူစစ်ခဲ့သော ပြန်လွှတ်ထားတဲ့သံသယ တရားခံပါ)

ကလေးဖေါ်ပြချက်ဖြင့် ဆိုတာ လက်မခံပါ

တရားဝင် သတင်းစာ ရှင်းပွဲ စောင့်ပါ့မယ်

တာဝန်ခံ မဟုတ်သူက တင်တာတွေ အတည်မပြုပါ” ဆိုပြီးပြောထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလဲ အမြင်လေးတွေပြောခဲ့ကြပါဦးနော်။

Comments are closed.