Victoria လေးရဲ့ DNA နဲ့ ယာဉ်မောင်းရဲ့ DNA ကို ဘန်ကောက်မှာစစ်ဆေးဖို့ ဒေါ်လာ 100 အလှူငွေ မ တည်လိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်း”

Victoria လေးရဲ့ DNA နဲ့ ယာဉ်မောင်းရဲ့ DNA ကို ဘန်ကောက်မှာစစ်ဆေးဖို့ ဒေါ်လာ 100 အလှူငွေ မ တည်လိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်း”

ပြီးခဲ့တဲ့လပိုင်းလောက်ကတည်းက လူမှုကွန်ယက်မှာရေပန်းစားနေတဲ့ နေပြည်တော်က သက်ငယ်မုဒိန်းမှုကို ပြည်သူတော်တော်များများ စိတ်ဝင်စား နေကြပါတယ်။ ဒီကိစ္စ အမှုမှန်ပေါ်ပေါက်ဖို့အတွက်လည်း အားလုံးက အားသွန်ခွန်စိုက်နဲ့ ကိုယ်တတ်နိုင်တဲ့ ဖက်ကေနေ လူအားငွေအား တွေနဲ့ အထောက်အပံ့ပေးနေကြတာပဲဖြစ်ပါတယ်။

ဒီနေ့မှာ တော့ အားလုံးစိတ်ဝင်စားနေကြတဲ့ ဒီအမှုရဲ့တရားခံဟာပေါ်ပေါက်လာခဲ့ပါပြီ။ သမီးငယ် လေး Victoria ကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့သူဟာ ကျောင်းရဲ့ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူဖြစ်ကြောင်းကို သက်ဆိုင်ရာက အတိအလင်း သတင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။

ဒီလိုသတင်းထုတ်ပြန်တာနဲ့ပက်သက်ပြီး အများပြည်သူရဲ့သဘောဆန္ဒနဲ့ မကိုက်ညီမှုတွေ ရှိတာကြောင့် ဒီဖြစ်စဉ်ပေါ်ကို ပြန်လည်သုံးသပ်ဖို့ အားလုံးက တောင်းဆိုနေကြတာပဲဖြစ်ပါ တယ်။ မတရားမှုတိုင်းကို ကျူးလွန်သူအစစ်အမှန်ကပဲ ပြစ်ဒဏ်ကျခံစေလိုတဲ့ဆန္ဒဟာ နိုင်ငံသားတိုင်းမှာ ရှိနေတာမို့ ဒီဖြစ်စဉ်ကို အားလုံးက အတိအကျသိချင်နေကြတာပဲဖြစ်ပါ တယ်။

ဒီလိုသတင်းထုတ်ပြန်လိုက်ပြီးနောက်မှာတော့ နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်းဖြစ်သူ ကိုအောင်မင်းထွန်းက $1 campaign ကို စတင်ဦးဆောင်ခဲ့တာပဲဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ဒေါ်လာ 100 မတည်လှူဒါန်းထားပြီး နောက်ထပ်အလှူရှင်တွေကို အသိပေးတဲ့အနေနဲ့ ” ပြည်သူတွေ ညီရင် ကလေး မလေးဆီက DNA စစ်ချက်ကိုတောင်းပါ ပြီးရင် Driver ရဲ့ DNA ကို ယိုးဒယားမှာ ပြည်သူ့ စရိတ်နဲ့ စစ်ဆေး လို့ရအောင် တောင်းဆို ကြပါစို့ ခုမှ $1 campaign စရမှာ ကျွန်တော် $ 100 စထဲ့ ပါပြီ ” ဆိုပြီး လူမှုကွန်ယက် မှာ အသိပေးပြောကြားလိုက်တာပဲဖြစ်ပါတယ်။ အခုမှစတာဖြစ်လို့ စာဖတ်သူတွေထဲက လည်း ဒီ campaign ထဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အမြန်ဆုံးဆက်သွယ်လိုက်တော့ နော်။

Photo – Aung Minn Tun

Credit: သိစေချင်လွန်းလို့

Comments are closed.