မီးလေး Victoria ရဲ့သက်ငယ်မု ဒိမ်း မှုတရားခံမှာ ယာဉ်မောင်းအောင်ကြီး ဆိုတာနဲ့ပတ်သက်ပြီး ချစ်သုဝေေြ ပာပြီ

မီးလေး Victoria ရဲ့သက်ငယ်မု ဒိမ်း မှုတရားခံမှာ ယာဉ်မောင်းအောင်ကြီး ဆိုတာနဲ့ပတ်သက်ပြီး ချစ်သုဝေေြ ပာပြီ

သမီးလေး Victoria ရဲ့သက်ငယ်မုဒိမ်းမှုတရားခံမှာ ယာဉ်မောင်းအောင်ကြီး ဆိုတာနဲ့ပတ်သက်ပြီး ချစ်သုဝေပြောပြီ

အနုပညာလောကမှာသာမက ဂီတလောကမှာပါ အောင်မြင်မှုများစွာနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ ဆယ်စုနှစ်တိုင်အောင်လျှောက်လှမ်းနေသူကတော့ ချစ်သုဝေပဲ ဖြစ်ပါတယ်။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်သော်လည်း ဝါသနာပါရာအနုပညာအလုပ်ကိုပဲဇောက်ချလုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူမသီဆိုတဲ့သီချင်းကောင်းများစွာဟာလည်း ယနေ့ထက်ထိပရိသတ်တွေရဲ့ကြားမှာရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

ယနေ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သက်ငယ်မုဒိန်းအမှုပပျောက်ရေးနဲ့ပက်သက်ပြီး လူတိုင်းအင်တိုက်အားတိုက်ဆောင်ရွက်နေကြတာ မြင်ကြမှာပါနော်။ လူမဆန်သော လူတစ်ချို့ရဲ့လုပ်ရက်တွေကြောင့် ငယ်ရွယ်လွန်းတဲ့ကလေးငယ်တွေအရွယ်နဲ့မမျှအောင် ထိခိုက်ခံစားနေရတာပါ။ လတ်တလောမှာဖြစ်နေတဲ့ သမီးလေး Victoria ရဲ့အမှုကိစ္စကိုလည်း ချစ်သုဝေကသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ယခုလိုပဲရေးသားထားပါတယ်။

” စိတ်မချမ်းသာလိုက်တာကွာ…အပြစ်ရှိကြောင်းခိုင်လုံတာပြနိုင်ရင်တော့ ဒါကျေနပ်စရာပေါ့…အစားထိုးတာမျိုးဆိုရင်တော့ နာကျင်ခံစားရတဲ့မိသားစုတွေပိုလာရပြီ,,တရားခံလည်းလွတ် အပြစ်မဲ့သူလည်းဘဝပျက်,,ဒီတော့ ပွင့်လင်းမြင်သာတဲ့ စစ်ဆေးချက်အဖြေ ရှင်းလင်းချက်တွေကို ပြည်သူတစ်ယောက်အနေနဲ့ သိချင်ပါတယ်.. ” ဆိုပြီး ရေးသားဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Comments are closed.