ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး ရန်ကုန်စီအိုင်ဒီရုံးရှေ့တွင် ဆန္ဒပြမည်

ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး ရန်ကုန်စီအိုင်ဒီရုံးရှေ့တွင် ဆန္ဒပြမည်

Wisdom Hill မူကြို ကျောင်းမှ (၃)နှစ်ခန့်အရွယ် မိန်း ကလေးငယ်တစ်ဦး မဖွယ်မရာ ပြု ကျင့်ခံရမှုအပေါ် တရားမျှတမှုရရှိ စေရေး ဇူလိုင် ၆ ရက်၌ ရန်ကုန်မြို့ ရှိ မှုခင်းရဲတပ်ဖွဲ့ (CID) ရုံးရှေ့ တွင် ဆန္ဒပြတောင်းဆိုရန် ပြည်သူ များက ပြင်ဆင်နေသည်။

နေပြည်တော် သပြေကုန်းရှိ Wisdom Hill မူကြိုကျောင်း၌ တက်ရောက်နေသည့် အသက်(၂)နှစ်နှင့် (၁၁)လအရွယ် ဗစ်တိုရီးယားအတွက် တရားမျှတမှုရရှိ ရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ် ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေးနှင့် လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးနိုင်ရေးဟူ၍ အချက်လေးချက်ကို တောင်းဆိုဆန္ဒပြမည်ဖြစ် ကြောင်း အဆိုပါဆန္ဒပြမှုကို ဦးဆောင်သူ ကိုအောင်ထိုက်မင်းက ပြောသည်။

‘‘တရားခံဆိုပြီး ထုတ်ပြန် လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ ဗစ်တိုရီးယားလေးအ တွက် တရားမျှတမှုရရှိရေးအ တွက်ပဲ တောင်းဆိုမှာပါ’’ ဟု ကိုအောင်ထိုက်မင်းက ပြောသည်။

ဗစ်တိုရီးယားအတွက် ဆန္ဒပြတောင်းဆိုမှုကို ကိုအောင်ထိုက် မင်းအပါအဝင် လူငယ်သုံးဦးက ဦးဆောင်ပြုလုပ်မည်ဖြစ်သည်။ အဆိုပါဆန္ဒပြမှုနှင့်ပတ်သက်ပြီး ‘Justice For Victoria’ ခေါင်းစဉ်ဖြင့် Event ပြုလုပ်၍ ဖိတ်ခေါ်ရာ ယမန်နေ့ ညနေထိ လာရောက်ရန် စာရင်းပေးသွင်းသူ ၇၀၀ ကျော်နှင့် စိတ်ဝင်စားမှုရှိကြောင်း ပြသသူ ၇,၀၀၀ ကျော်ရှိသည်။

ဆန္ဒပြတောင်းဆိုရန် ယမန် နေ့ (ဇူလိုင် ၄) က သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်ပြုမိန့်တင်ပြထားကြောင်း ကိုအောင်ထိုက် မင်းက ပြောသည်။

ဗစ်တိုးရီးယားအမှု သံသယ တရားခံသည် ကျောင်းကြီးကြပ် ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ယာဉ် မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးညိုဌေးက ယမန် နေ့တွင် သတင်းထောက်များအား ပြောသည်။

အောင်ကြီးကို ဖမ်းဆီး၍ ယမန်နေ့တွင် တရားရုံး၌ ချုပ်ရမန်ယူပြီး ဇူလိုင် ၁၅ ရက်တွင် စတင်စစ်ဆေးရန် ချိန်းဆိုထားသည်။ ၎င်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားသည်။ အဆိုပါအောင်ကြီးသည် အမှုနှင့်ပတ် သက်ပြီး ကနဦးတွင် သံသယရှိသူ အဖြစ် စစ်ဆေးခံရပြီး ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့သူဖြစ်သည်။

လတ်တလောတွင် ပြည်သူ များက ကလေးငယ်၏ အမှုမှန် ပေါ်ပေါက်ရေး လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် Justice For Victoria နာမည်နှင့် ကမ်ပိန်းများ ဆက်တိုက်ပြုလုပ်နေသည်။

Credit:7 day daily http://7daydaily.com/story/160328

Comments are closed.