

နေပြည်တော် Wisdom Hill  ပုဂ္ဂလိကမူကြိုကျောင်းတွင်  ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရမှုနှင့်ပတ်သက်၍ သံ သယတရားခံ အောင်ကြီး၏ ဖခင်ဦးမြသိန်းကို 7 Day Daily သတင်းစာက ယမန်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။

ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာ လှိုင်ဆီကို ဘယ်လိုအလုပ်ဝင်ဖြစ် တာလဲ။ ဗစ်တိုးရီးယားအမှုဖြစ်တဲ့ နေ့မှာ အောင်ကြီးဘာလုပ်နေ တယ်လို့ အန်ကယ်သိထားလဲ။

၁၅ ရက်နေ့ကျမှ အိမ်သွား ပြောတာ၊ အေး…မနက်ကျရင် လိုက်ခဲ့ဆိုပြီး။ ၁၆ ရက်နေ့မှာ ကားနဲ့ပါသွားတာ။ အလုပ်စဝင် တဲ့နေ့မှာဖြစ်တာ။ သီးသန့်ဖယ်ရီ မဟုတ်ဘူး။ ဆရာမနဲ့ ပတ်သက် ရာပတ်သက်ကြောင်း လူရင်း လေးယောက်လားမသိဘူး။ လူ ရင်းလေးယောက် ဆီဖိုးရအောင်ဆိုပြီး ဆီဖိုးကျေသူတို့လည်း သုံး မယ်ဆိုပြီးခေါ်တာ၊ မောင်းတောင် မမောင်းရသေးဘူး။   လမ်း ကြောင်းမသိလို့ သူလိုက်ပြီးကြည့် နေတုန်း။

နည်းနည်းအသေးစိတ်လေးပြော ပြနိုင်တာရှိလား။

၁၆ ရက်နေ့ မနက်ပိုင်းမှာ သူတို့ထွက်လာတယ်။ ထွက်လာ တော့ ကျွန်တော့်သားက လမ်းထိပ် ကစောင့်ပြီးတော့ ကားနဲ့ထွက် လာတာ။ ထွက်လာပြီးတော့မနက် ပိုင်း သူကလေးနဲ့ဆရာမကို ချ တယ်။ ကျောင်းမှာချထားပေးခဲ့ပြီး တော့ သူတို့ကလေးလေးယောက် လားမသိဘူး။ ကျောင်းကိုပတ်ကြို တာပေါ့။ ပတ်ကြိုပြီး ၉ နာရီခွဲ  ကလေးတွေကို ပြန်ချပြီးတာနဲ့ ဆရာမယောက်ျားက ကားကို ယူသွားတယ်။ သူ့ရုံးကို ကျွန် တော့်သားကဆိုင်ကယ်နဲ့ အိမ်ပြန် တယ်။ ညနေ ၃ နာရီထိုးတော့ ဆိုင်ကယ်နဲ့ ပြန်လာတယ်။ ပြန် လာတော့ကျောင်းကို ပြန်လာတာ ပေါ့။ အဲဒီမှာကားလည်းမရောက် သေးဘူး။

ဆရာမဒေါ်ဥမ္မာက အ ခွေလာယူပါဆိုလို့  အထဲကိုဝင်ယူ လိုက်တယ်။ ဝင်ယူပြီးတော့ ကား  မလာခင် အပေါက်ဝနားမှာ ဆိုဖာ မှာ ထိုင်နေတာပေါ့။ အဲဒီမိနစ် ကြာတဲ့အချိန်မှာ ကားရောက်လာ တော့ သူထွက်ပြီး ကားနဲ့ပဲ ပြန်ပါ သွားပြီးတော့ ညနေပိုင်းတစ်ကြိမ်  ထပ်ကြိုတာပေါ့။ ကြိုပြီးတော့ က လေးတွေပြန်ပို့ပြီးတော့ ကျောင်း ကိုပြန်ပြီး သူ့အမေနဲ့ ဆရာမနဲ့ က လေးကြိုပြီး ကျွန်တော်တို့အိမ်ပြန် တာပေါ့နော်။ အဲဒီလိုပဲ သွားကြို တဲ့ကလေးကတော့ မသိဘူး။ နေ ပြည်တော်ကောင်စီ၊ စည်ပင်က  ပါတယ်လို့တော့ပြောတယ်။

မနေ့က ရန်ကုန်မှာ အဖမ်းခံရတဲ့ ဖြစ်စဉ်လေးပြောပြပါဦး။

မနေ့က ရန်ကုန်ကိုပြန်သွား တယ်။ မနေ့က ကျွန်တော့်ဆီ ဖုန်း ဆက်ပြီး အောင်ကြီးကို တွေ့ချင် လို့၊ မေးချင်လို့ဆိုပြီး ခေါ်တယ် လေ။ ခေါ်တော့ ဟုတ်ကဲ့ ကျွန် တော်တို့လည်းလာခဲ့မယ်။ လတ် မှတ်ရတဲ့ ကားနဲ့လာခဲ့မယ်ပြော တော့ ကျွန်တော်တို့ အိမ်ကနေ ထွက်လာပြီး လမ်းကတော့မလာ တော့နဲ့။ ကျွန်တော်တို့က သာ ကေတမှာနေတာကိုး။ သာကေတ  စခန်းမှာ သွားတွေ့လိုက်ပါ။ CID ရန်ကုန်က လာစစ်လိမ့်မယ်တဲ့။ စခန်းသွားပြီးစောင့်တော့ CID က လာခေါ်သွားတာပေါ့။ လာခေါ်ပြီး ကလေးနောက်က လိုက်မယ်။ မ လိုက်ပါနဲ့ မေးမြန်းပြီး ပြန်လွှတ် မှာပါတဲ့။ အဲဒါနဲ့ နေခဲ့လိုက်တာ ပေါ့။ မနက် ၁၀ နာရီခွဲကနေ ခေါ် သွားတာ ညနေ ၅ နာရီ ၆ နာရီထိ မလာတော့ ကျွန်တော်တို့သွား တဲ့အခါကျတော့ ဘာသတင်းမှ မရဘူးဗျ။

မရတော့ စဉ်းစားတာ ပေါ့။ မနက်မိုးလင်းမှပဲ အင်းစိန် CID လိုက်မယ်ပေါ့။ အဲဒါနဲ့ ည ၉ နာရီခွဲရောက်မှ ဖုန်းလာတယ်။ ဖုန်းလာတယ်ဆိုတာ CID က ပေါ့။ ဖုန်းနဲ့ ကျွန်တော့်သားကခေါ် ပြီးတော့ ဖေဖေသားနေပြည်တော် ရောက်နေတယ်တဲ့ ကျွန်တော် မ နက်ကတည်းကနေပြီးတော့စခန်း ကနေခေါ်ပြီးတော့ လေယာဉ်ပျံ နဲ့ ဒီကိုလာတာတဲ့၊  လေယာဉ်ပျံနဲ့ နေပြည်တော်ကိုပို့တာ။ ပို့ပြီး တော့ CID မှာ တစ်ညလုံး မနေ့ က စစ်တာပေါ့။ စစ်တယ်။ ဒီမ နက်ကျမှ စစ်ပြီးရင် ပြန်လွှတ်မှာ ပေါ့။ အကုန်လုံးစစ်တယ်ဆိုပြီး ထင်တာပေါ့။ ဖုန်းဆက်တဲ့အချိန် မြို့နယ် ခရိုင်တရားရုံးကို သွားနေ တာ။ သွားတော့ သူ့ကို ၃၇၆ နဲ့အ မှုဖွင့်တယ်။ စွဲချက်လိုက်တာပေါ့ နော်။ အခုထောင်ပို့လိုက်တာပေါ့။  အမှန်ဖြစ်စေချင်တာပေါ့ဗျာ။

Comments are closed.