နေပြည်တော်မူကြိုကျောင်းက ကျောင်းအုပ်ကို ဝေဖန်ထောက်ြ ပလိုက်တဲ့ ကျောင်းဆရာတဦး

နေပြည်တော်မူကြိုကျောင်းက ကျောင်းအုပ်ကို ဝေဖန်ထောက်ြ ပလိုက်တဲ့ ကျောင်းဆရာတဦး

နေပြည်တော်မူကြိုကျောင်းက ကျောင်းအုပ်ကို ဝေဖန်ထောက်ပြလိုက်တဲ့ ကျောင်းဆရာတဦး

ကျောင်းဆရာတွေလည်း ပေါက်ကွဲကုန်ပြီ။ အမှန်ပဲလေ ကိုယ်သာဆို ကျောင်းကို အရင်စဆွဲမှာ

ဦးပညာ ရေ.. မင်း က အခုမှ မင်းကျောင်းက ဒရိုင်ဘာမဟုတ်တဲ့ အောင်ကြီးက မင်းရဲ့ ကျောင်းထဲမှာ ၂၆ မိနစ် နေသွား တယ်လို့ မီဒီယာကို ပြောတယ်။ ဦးပညာရေ ဝင်ချင်တဲ့လူ ဝင်ပြီး ထွက်ချင်တဲ့ လူ ထွက်ရအောင် မင်း ဖွင့်ထားတာ ကျောင်း ကွ၊ ဇိမ်ခန်း မဟုတ်ဘူး။

မင်းရော၊ မင်းကျောင်းအုပ်ချုပ်ရေးမှူးရော၊ အတန်းပိုင်မှာရော၊ လက်ထောက်ဆရာမမှာရော စောက်ပြစ်တွေ တလှေကြီး ရှိတယ်ဆိုတာ မင်း သိလား။ မင်းကို ငါ အခု ပြောပြမယ်။ ငါလည်း ကျောင်းဆရာပဲ။ မူကြို ကျောင်းတစ်ကျောင်း ဘယ်လို အချိန်ဇယားနဲ့ လည်ပတ်ရတယ်ဆိုတာ အစအဆုံး သိတယ်။

အခင်းဖြစ်တဲ့ နေ့လည်မှာ ကလေးတစ်ယောက်ကို ၅ မိနစ်ပဲဖြစ်ဖြစ်၊ ၁၀ မိနစ် ပဲဖြစ်ဖြစ်၊ မိနစ် ၂၀ ဆိုတာ တော်တော်ကို လွန်နေပြီ။ အတန်းပိုင်နဲ့ လက်ထောက်ဆရာမ ကလွဲလို့ ဘယ်သူမှ စာသင်ခန်း အပြင်ကို ခေါ်ထုတ်သွားလို့ မရဘူးဆိုတာ ကျောင်းထောင်စားတဲ့ မင်း မသိဘူးဆိုရင်တော့ မင်းနံမည်ကို လှထုံ လို့သာ ပြောင်းလိုက်တော့။မူကြို ကျောင်းတစ်ကျောင်း ရဲ့ အချိန်ဇယားမှာ နေ့လည် ဆိုတာ အိပ်ချိန်။ ၂ နာရီ မှာ ကလေးတွေ အိပ်ယာက ထရတယ်။ နောက် မုန့်စားရတယ်။ နေ့လည် သင်ကြားရေးသင်ခန်းစာလုပ်ပြီးရင် ကလေးတွေ ပြန်ဖို့ စပြင်ဆင်ကြတယ်။

ဒီလောက် ထောင့်စေ့အောင် လုပ်ရတဲ့ လုပ်ငန်း၊ ကလေးတွေကို မျက်ခြည်ပြတ်လို့ မရတဲ့ လုပ်ငန်း၊ ဆရာမတွေနဲ့ ကလေးတွေနဲ့ တချိန်လုံး တရုံးရုံးဖြစ်နေရမယ့် အချိန်မှာ၊ အခင်းဖြစ်တဲ့ နေ့က ဒရိုင်ဘာ အောင်ကြီး က ဝင်လာပြီး အတန်းပိုင်ဆရာမကို ဆရာမ ကျွန်တော် ဒီကလေးကို ဟိုဖက်အခန်းလွတ်ထဲ ခေါ်သွားချင်လို့ ခေါ်ခွင့်ပေးပါလို့ တောင်းမလား။

တောင်းရင်ရော တစိမ်းမပြောနဲ့ အုပ်ထိန်းသူတစ်ယောက်လာခေါ်ရင်တောင်မှ အကျိုးအကြောင်းမေးပြီးမှ ထည့်ပေးရမှာ၊ အောင်ကြီးက အဲသလိုတောင်းခဲ့ရရင်ရော ဆရာမက ပေးရမလား။ ဒီလောက် ကလေးတွေ တရုံးရုံးနဲ့ အချိန်ပြည့် သင်ကြားရေး လုပ်ငန်းစဉ်တွေပြည့်နေတဲ့ မူကြို ကျောင်းတစ်ကျောင်းမှာ ကျော်မကောင်း ကြားမကောင်း ကိစ္စဖြစ်တယ် ဆိုတည်းက မင်းရဲ့ ကျောင်းက အုပ်ချုပ်ရေးမှူးတွေ ၊ ဆရာမတွေ အဲဒီအချိန်မှာ ကလေးတွေကို ဂရုမစိုက်ပဲ ဘာလုပ် နေလဲ။

နောက်ဆုံး ကုန်ကုန်ပြောမယ်ကွာ။ မနေ့ တနေ့ကမှ အုပ်ချုပ်ရေးမှူးရဲ့ ဒရိုင်ဘာဖြစ်လာတဲ့သူက ဗစ်တိုးရီးယားလေးကို သူ့စာသင်ခန်း အပြင်ဖက်ကို ခေါ်သွားခဲ့ရင် ကလေးက ကြည်ကြည်ဖြူဖြူ လိုက်သွားမယ် ထင်လား။ မတော်မတရား လုပ်တာ ထားအုံး။ ငါ ရေးရင်း ရေးရင်းနဲ့ မေးချင်တာ မင်းကျောင်းမှာ အခင်းဖြစ်တဲ့နေ့က ကျောင်းတာဝန်ခံတွေ အားလုံးရှိရဲ့နဲ့ အဲဒီ စောက်ပြဿနာကြီး ဘယ်လိုဖြစ်တာလဲ။ ဦးပညာ ဖြေစမ်းကွာ။ မင်း ဘယ်လိုကျောင်းမျိုး ဖွင့်ထားတာလဲ။ မင်း ကျောင်းက ဘယ်လိုကျောင်းမျိုးလဲ။

CCTV တွေဘာတွေ ငါ မပြောသေးဘူး။ မင်း ကျောင်းက ဒီကလေးတွေကို မိဘ ကိုယ်စား စောင့်ရှောက်ပါမယ်လို့ မင်းတို့ တာဝန်ခံ ပြီး ဖွင့်ထားတာမဟုတ်ဘူးလား။ လူစိမ်းတစ်ယောက်လုံး ဝင်လာပြီး ကြိုက်တဲ့ ကလေး ကို လုပ်ချင်တိုင်း လုပ်သွား ရအောင် မင်း ကျောင်းက ဆရာမ တွေ က အဲဒီ နေ့ခင်းမှာ ဘာလုပ်နေကြလဲ။

ကျောင်းဆိုတာ အထူးသဖြင့် မူကြိုကျောင်းဆိုတာ စိတ်ကွယ်ရာ အနည်းဆုံး နေရာပဲ။ ကလေးတွေ အိမ်သာ သွားရင်တောင် တစ်ယောက်ထဲ လွှတ်လို့ မရတဲ့ နေရာ။ အိမ်သာ ရေချိုးခန်းတွေရှေ့မှာ သန့်ရှင်းရေး အလုပ်သမားတွေ ရှိတယ်။ စာခန်းတိုင်းမှာ ဆရာမတွေရှိတယ်။ ဆရာ ဆရာမ နားနေခန်းမှာ ဆရာမတွေရှိတယ်။ ကျောင်းဝန်ထမ်းတွေ ရှိတယ်။

ကျောင်းအုပ်ချုပ်ရေးမှူးဆိုတာ စာသင်ခန်းတွေရဲ့ အခြေအနေကို တချိန်လုံးစောင့်ကြည့်နေရတယ်။ ဘာကြောင့်လဲ။ ကလေးတွေ တခုခု ဖြစ်မှာစိုးလို့ပဲ။ အဲဒီအတွက် စောင့်ကြည့်ရေး CCTV ကင်မရာတွေ တပ်ရတယ်။ အချိန်ပြည့် မဟုတ် ရင်တောင် အချိန်တော်တော်များများ ကျောင်းဝန်ထမ်းတစ်ယောက်က မော်နီတာကို ကြည့်နေရတယ်။ ကလေးတွေ တစ်ခုခု ဖြစ်ခဲ့ရင် မိဘတွေကို ရှင်းပြနိုင်အောင်လို့ ထောင့်စေေနေအောင် လုပ်ထားရတယ်။

အခု အမှု ဖြစ်စဉ်အရ ဒီကိစ္စက ကျောင်းထဲမှာ ဖြစ်ခဲ့တာ။ ဦးပညာရေ၊ မင်း မီဒီယာကို ဖြေတဲ့ ၂၆ မိနစ် အတွင်းမှာ ဖြစ်ခဲ့တာလို့ ကောက်ချက်ချရမယ်။ အဲဒီအချိန်မှာ ဆရာမတစ်ယောက်မှ မသိဘူးဆိုတာ ဖြစ်နိုင်မလား။ မင်း ချီးစားပြီး ငါ့လာပြောရင် မင်းထပ်စားဖို့ ချီး ငါထပ် ပါ ပေးလိုက်မယ်။

မင်းခန့်ထားတဲ့ ကိုးတန်း နှင်းနု က အဲဒီစာသင်ခန်းရဲ့ တာဝန်ခံ။ ဘာစောက်သံမှ မထွက်တာ ဘာလို့လဲ။ သူက မသိဘူး လို့ ပြောရင်တောင် အဲဒီအချိန် Victoria ကို ဒရိုင်ဘာခေါ်သွားတာ ဘာလို့ မတားတာလဲ။ သူ အကုန်သိတယ်ဆိုရင် သူ့ကို ပါ ထိန်ချန်မှုနဲ့ တရားစွဲလို့ရတယ်။ ဘာကြောင့်လဲ။ သူ့ရဲ့ အတန်းထဲက ကလေးကို အောင်ကြီးလာခေါ်သွားတယ်။ ပြီးတော့ ဒီကိစ္စဖြစ်တယ်။ အဲဒါကို သူက ရေငုံနှုတ်ပိတ်နေတယ်။ တရားစ ရင်ဆိုင်ပြီဆိုရင် သူ့ကိုပါ ထိန်ချန်မှုနဲ့ အမှုတွဲလို့ရတယ်။

ဦးပညာ မင်း တကယ် ပညာရှိတယ်ဆိုရင် ငါ ဆက်မမေးတော့ဘူး။ တာဝန်အရှိဆုံးရှေ့ထွက်လာရမှာက မင်းနဲ့ အတူ ကျောင်းအုပ်ချုပ်ရေးမှူးရော၊ ဆရာမတွေပဲ။ မင်းတို့ ဒီကိစ္စကို တာဝန်ခံရမယ်။ မင်းတို့ ပြောတဲ့ ဇာတ်လမ်းတွေက စောက်ဓိပ္ပါယ်ကို မရှိတာ။ အဲဒါ နွားတွေကို သွားပြေရင်တောင်၊ မင်းကို လှည့်တောင် သေးပန်းမှာ မဟုတ်ဘူး။

ဆရာလေး ကြည်နိုင် (လေးစားမှုဖြင့် ခရက်ဒစ်)

Comments are closed.