Wisdom Hill မူကြိုကျောင်းကို အပြီးတိုင်ပိတ်သိမ်းခိုင်းပြီး… အရာရှိများကို အရေးယူမည်…

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – အသက် ၂ နှစ်ကျော်မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည့် wisdom hill မူကြိုကျောင်းကို ကျောင်းတည်ထောင်ခွင့်ပြုမိန့် ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးကပြောသည်။

ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “တရားမဝင်ကျောင်းဖြစ်နေတယ်။ အဲ့ကျောင်းကပိတ်ရမှာ။ လိုင်စင်တွေဘာတွေမပေးတော့ဘူး။ အဲ့မူကြိုကျောင်းကတော့ပိတ်ရမယ်” ဟု ဆိုသည်။ ယနေ့ နေပြည်တော်တွင် သတင်းမီဒီယာများအား သတင်းထုတ်ပြန်ခြင်းအခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

wisdom hill က ဖွင့်လှစ်ထားသည့် အခြားသော အထက်တန်း/အလယ်တတန်း /မူလတန်း ပုဂ္ဂလိကကျောင်းများကိုလည်းစစ်ဆေးခိုင်းထားပြီး စည်းမျဉ်းစည်းကမ်းနှင့်မညီမှုများတွေ့ပါက အရေးယူမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ယနေ့ပဲ နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ wisdom hill ကျောင်းသည် ခွင့်ပြုချက်မရခင် ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သည့်အတွက် လူမှုဝန်ထမ်းက ယာယီပိတ်ခိုင်းထားသည့်ကျောင်းဖြစ်သည်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် wisdom hill မူကြိုကျောင်းကို မသိချင်ယောင်ဆောင်ထားသော လူမှုဝန်ထမ်းမှအရာရှိများကို အရေးယူမည်။

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် နေပြည်တော်မှ wisdom hill မူကြိုကျောင်းဖွင့်လှစ်နေမှုကို မသိချင်ယောင်ဆောင်ထားသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးကပြောသည်။

ယနေ့နေပြည်တော်တွင် သတင်းထုတ်ပြန်ခြင်းအခမ်းအနားပြုလုပ်စဉ် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းဖွင့်လှစ်နေမှုအပေါ် မသိကျေးကျွံပြုသည့် လူမှုဝန်ထမ်းအရာရှိများကို အရေးယူမည်ဖြစ်ကြောင်း၊ ယင်းအရာရှိများကို စုံစမ်းဖော်ထုတ်ရန်ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

wisdom hill မူကြိုကျောင်းတွင် အသက်၂နှစ်ကျော်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရပြီး လက်ရှိတွင် ပြဿနာဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းသည် ခွင့်ပြုမိန့်မကျသေးခင် တွင် ကြိုတင်ဖွင့်လှစ်ထားသည့်အတွက် ပြီးခဲ့သည့် ၁ ရက်နေ့တွင် အစိုးရက စာထုတ်၍ ပြန်လည်ပိတ်ခိုင်းထားခြင်းဖြစ်သည်။

(သတင်းတမန်)
လေးစားစွာဖြင့် ခရက်ဒစ်

Unicode

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – အသက် ၂ နှစ်ကျော်မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရမှုဖြစ်ပွားခဲ့သည့် wisdom hill မူကြိုကျောင်းကို ကျောင်းတည်ထောင်ခွင့်ပြုမိန့် ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးကပြောသည်။

ပှောရေးဆိုခှင့ရြှိသူ ဦးဇောဌြေးက “တရားမဝငကြွောငြးဖှဈနတယြေ။ အဲ့ကွောငးကြပိတရြမှာ။ လိုငစြငတြှဘောတှမပေေးတော့ဘူး။ အဲ့မူကှိုကွောငြးကတော့ပိတရြမယြ” ဟု ဆိုသညြ။ ယနေ့ နပှညေတြောတြှငြ သတငြးမီဒီယာမွားအား သတငြးထုတပြှနခြှငြးအခမြးအနားတှငပြှောကှားခဲ့ခှငြးဖှဈသညြ။

wisdom hill က ဖွင့်လှစ်ထားသည့် အခြားသော အထက်တန်း/အလယ်တတန်း /မူလတန်း ပုဂ္ဂလိကကျောင်းများကိုလည်းစစ်ဆေးခိုင်းထားပြီး စည်းမျဉ်းစည်းကမ်းနှင့်မညီမှုများတွေ့ပါက အရေးယူမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ယနေ့ပဲ နိုင်ငံတော်သမ္မတက ပညာရေးဝန်ကြီးကို ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ wisdom hill ကျောင်းသည် ခွင့်ပြုချက်မရခင် ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သည့်အတွက် လူမှုဝန်ထမ်းက ယာယီပိတ်ခိုင်းထားသည့်ကျောင်းဖြစ်သည်။

ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် wisdom hill မူကြိုကျောင်းကို မသိချင်ယောင်ဆောင်ထားသော လူမှုဝန်ထမ်းမှအရာရှိများကို အရေးယူမည်။

နေပြည်တော်၊ ဇူလိုင် ၅ (သတင်းတမန်) – ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် နေပြည်တော်မှ wisdom hill မူကြိုကျောင်းဖွင့်လှစ်နေမှုကို မသိချင်ယောင်ဆောင်ထားသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာရှိများကို ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးကပြောသည်။

ယနေ့နေပြည်တော်တွင် သတင်းထုတ်ပြန်ခြင်းအခမ်းအနားပြုလုပ်စဉ် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းဖွင့်လှစ်နေမှုအပေါ် မသိကျေးကျွံပြုသည့် လူမှုဝန်ထမ်းအရာရှိများကို အရေးယူမည်ဖြစ်ကြောင်း၊ ယင်းအရာရှိများကို စုံစမ်းဖော်ထုတ်ရန်ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

wisdom hill မူကြိုကျောင်းတွင် အသက်၂နှစ်ကျော်အရွယ် မိန်းကလေးငယ် လိင်ပိုင်းဆိုင်ရာပြုကျင့်ခံရပြီး လက်ရှိတွင် ပြဿနာဖြစ်ပွားနေခြင်းဖြစ်သည်။ အဆိုပါမူကြိုကျောင်းသည် ခွင့်ပြုမိန့်မကျသေးခင် တွင် ကြိုတင်ဖွင့်လှစ်ထားသည့်အတွက် ပြီးခဲ့သည့် ၁ ရက်နေ့တွင် အစိုးရက စာထုတ်၍ ပြန်လည်ပိတ်ခိုင်းထားခြင်းဖြစ်သည်။

(သတင်းတမန်)

Comments are closed.