
ဆေးလိပ်သောက်ခြင်းက မျက်စိကိုထိခိုက်စေနိုင်
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်တင်မကဘဲ အမြင်အာရုံပါ ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အမြင်အာရုံထိခိုက်မှုကြားမှာ သိသာထင်ရှားတဲ့ ဆက်နွယ်ချက်တွေ ရှိနေပေမဲ့ အဲဒီဆက်နွှယ်မှုကို လက်ခံသူက (၅) ဦးမှာ တစ်ဦးပဲ ရှိပါတယ်။ ဆေးလိပ်မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေက အမြင်အာရုံဆုံးရှုံးရနိုင်ခြေ (၂) ဆ ပိုများတယ်လို့ အမြင်အာရုံဆုံးရှုံးမှုဆိုင်ရာ တော်ဝင်အမျိုးသားသိပ္ပံ(RNIB)က ပြောပါတယ်။ စီးကရက်မီးခိုးတွေထဲမှာ မျက်လုံးကို ထိခိုက်စေတဲ့ အဆိပ်သင့်အခိုးအငွေ့တွေ ပါဝင်နေပါတယ်။
ဥပမာပြောရရင် ခဲ၊ ကြေးနီစတဲ့ သတ္တုတွေက မှန်ဘီလူးထဲမှာ စုပြုံလာပြီး
မျက်စိတိမ်စွဲစေနိုင်သလိုမျိုးပါ။ အလင်းတန်းတွေကို စုဆုံစေတဲ့ မှန်ဘီလူးဟာ
သူငယ်အိမ်အနောက်ဘက်မှာရှိပါတယ်။ ဆေးလိပ်သောက်လို့ မျက်ကြည်လွှာထဲက
သွေးကြောတွေကို
ထိခိုက်စေနိုင်သလို ဆီးချိုနဲ့ဆက်နွှယ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း
ပိုဆိုးစေပါတယ်။ ဆေးလိပ်မသောက်သူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်သူတွေဟာ
ပင်မအာရုံကြောကို ထိခိုက်စေနိုင်တဲ့ ဇရာဆိုင်ရာ အခြေအနေကို (၃) ဆ
ပိုဆိုးစေနိုင်ပြီး အမြင်အာရုံ ကြည်လင်ပြတ်သားမှု အားနည်းလာဖို့ ရှိပါတယ်။
ဒါ့အပြင် မျက်လုံးသွေးကြောပိတ်ဆို့မှု (Optic Neuropathy) ကြောင့်
အမြင်အာရုံ ရုတ်တရက်ဆုံးရှုံးမှုဖြစ်နိုင်ခြေ (၁၆) ဆ ပိုများတယ်လို့
ဆိုပါတယ်။
Nz (ရိုးရာလေး)