တင်ပါးအတုလား/အစစ်လား မေးနေသူတွေကို လာကိုင်ကြည့်ဖို့ ပြောလိုက်တဲ့ ရှင်ယွန်းမြတ်
တင်ပါးအတုလား/အစစ်လား မေးနေသူတွေကို လာကိုင်ကြည့်ဖို့ ပြောလိုက်တဲ့ ရှင်ယွန်းမြတ်
Photos-Shin Yoon Myat
[Unicode]
မော်ဒယ်ရှင်ယွန်းမြတ်လို့ နာမည်ကြားလိုက်ရင် သူမရဲ့ ခပ်လန်းလန်းပုံလေးတွေနဲ့အတူ ပရိသတ်ကြီးသတိထားမိကြမှာပါနော်။ ရှင်ယွန်းမြတ်ဟာ ဓာတ်ပုံရိုက်တာ ဝါသနာပါလေ့ရှိသူဖြစ်ပြီးတော့ သူမ အားကျရတဲ့ အနုပညာရှင်ကတော့ သင်ဇာဝင့်ကျော်ပါတဲ့။ မော်ဒယ်ရှင်ယွန်းမြတ်ဟာ သီချင်းဆို ဝါသနာပါသူတစ်ဦးဖြစ်ပြီးတော့ သီချင်းတွေကိုလည်း အလွန်ဆိုချင်တဲ့သူတစ်ဦးဖြစ်ပါတယ်။
သို့ပေမယ့် သူမရဲ့ သီဆိုမှုအပေါ်မှာ ကိုယ်တိုင်စိတ်တိုင်းကျမှုတွေမရှိတာကြောင့် သီချင်းလုပ်နေတာတွေကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။ သူမပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် Cover Song တစ်ပုဒ်ကိုလည်း သိပ်မကြာခင်မှာ ချပြသွားမယ်လို့ဆိုပါတယ်။ မော်ဒယ်ရှင်ယွန်းမြတ်ဟာ အများအားကျရတဲ့ ခန္ဓာကိုယ် အချိုးအစားပုံစံမျိုးကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။
ဒါ့အပြင် မကြာခဏဆိုသလို တင်ပါးကို အတုထည့်ထားတာလားဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြေရှင်းနေရတာကြောင့် သူမကတော့ အတုလား/အစစ်လား သိချင်ရင် လာကိုင်ကြည့်ဖို့ပြောလိုက်ပါတယ်။
“ရှင်ယွန်းဆိုမလိမ်ဘူး ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ မျက်နှာမှာ ဘာမှခွဲစိတ်ထားတာမရှိဘူး။ ပြီးတော့ရင်သားခွဲစိတ်ထားတယ်။ ဒါရှင်ယွန်း မလိမ်ဘူး အမှန်တိုင်းပြောတယ်။ ပြီးရင်မျက်နှာက တချိန်လုံး Skin ပြသနာတက်တယ်။ ဒါရှင်ယွန်းအမြဲပြောနေကျပေါ့နော် ဆိုတော့ တစ်ယောက် နှစ်ယောက် သုံးယောက် လေးယောက်က တင်ပါးကိုစီလီကွန်ထည့်ထားတာ သူက တင်ပါးကိုဖော့တွေထည့်ထားတာ တင်ပါးကိုလာကိုင်ကြည့်ပြီးတော့လေ စီလီကွန်လားပေါ့နော်။ သူတို့က ရင်သားကို ထည့်ရင်းနဲ့ တင်ပါးကိုပါထည့်ထားတာ။တခါ၊နှစ်ခါ နှစ်ခါကနေ သုံးခါဆိုတော့ လာကိုင်ကြည့်လိုက်ပါလို့ရေးလိုက်တာ။ မိန်းကလေးများသာ သီးသန့် လာကိုင်ကြည့်လို့ရတယ်ပေါ့နော်။ မိန်းကလေးချင်းဆိုတော့ကိစ္စမရှိပါဘူး။ ယောက်ကျားလေးဆိုရင်တော့ သည်းခံပေါ့နော်” လို့ သူမတင် အတု/အစစ်ပြသနာကို ဆန်းဒေးဂျာနယ်ရဲ့အင်တာဗျူးမှာဖြေကြားသွားခဲ့တာဖြစ်ပါတယ်။We Love Cele
Photos-Shin Yoon Myat
Comments are closed.