သင် ဆိုင်ကယ်ကို ကြိုက်တဲ့ (ကညန) ရုံးမှာ သက်တမ်းတိုးနို င်ပြီဆိုတဲ့ အကြောင်းလေးမျှဝေ ပေးလိုက်ပါတယ်နော် “

သင် ဆိုင်ကယ်ကို ကြိုက်တဲ့ (ကညန) ရုံးမှာ သက်တမ်းတိုးနို င်ပြီဆိုတဲ့ အကြောင်းလေးမျှဝေ ပေးလိုက်ပါတယ်နော် “

ဆိုင်ကယ်ပိုင်ရှင်တွေ အမြဲစိတ်ရှုပ်စိတ်ညစ်ရတာ လိုင်စင်သက်တမ်းတိုးတဲ့ ကိစ္စပါ။ အခုအခါမှာတော့ သင်ရဲ့ ဆိုင်ကယ်ကို ကြိုက်တဲ့ (ကညန) ရုံးမှာ သက်တမ်းတိုးနိုင်ပြီဆိုတဲ့ အကြောင်းလေးမျှဝေပေးလိုက်ပါတယ်နော် “

10.1.2019 မှစလို့ သက်တမ်းတိုးတာပဲဖြစ်ဖြစ် အပျောက်လျှောက်လို့ပဲဖြစ်ဖြစ် မူလမြန်မာအက္ခရာနှင့် ဖေါင်းကြွနံပါတ်ပြားအား အပ်နှံစေပြီး အသစ်ထုတ်ပေးတဲ့ အင်္ဂလိပ်အက္ခရာနံပါတ်ပြားမှာ ပုံပါအတိုင်း “ယ”နေရာမှာ “W” လို့ပြောင်းလဲပြီး

မူလလိုင်စင်ပြုလုပ်ရာ ပြည်နယ်/တိုင်း အမှတ်အသားဖြစ်တဲ့ NPW(နေပြည်တော်) MDY(မန္တလေး) MON(မွန်) KCN(ကချင်)SHAN(ရှမ်း) စသည်ဖြင့် မြို့အတိုကောက် အင်္ဂလိပ်စာလုံးလေးတွေ ဝှီးတက်တွင် မပါရှိသော်လည်း နံပါတ်ပြားမှာ ပါလာပါတယ်။

ဘယ်ပြည်နယ် ဘယ်တိုင်းမှာပဲ လိုင်စင်ဝင်ခဲ့ပေမဲ့ လုပ်ငန်းအခြေအနေအရ သွားလာလုပ်ကိုင်ကြတဲ့အခါ အဆိုပါဆိုင်ကယ်တွေဟာ နေရာဒေသ အသီးသီးကို ပျံနှံ့တည်ရှိသွားပါတယ်။ဒီအခါ သက်တမ်းကုန်လို့ လိုင်စင်သက်တမ်းပြန်တိုးတဲ့အခါ 1.9.2017 ရက်မှစ၍ မော်တော်ဆိုင်ကယ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ယာဉ်၏ကြံခိုင်မှုကိုပါ စစ်ဆေးပီးမှ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်မည်ဟု ဆိုထားတာကြောင့် မူလလိုင်စင် ဝင်ခဲ့တဲ့ရုံးကို ပြန်လာလုပ်ကြရတာမို့ ဆိုင်ကယ်ကြီး ပြန်သယ်ယူလာဖို့ ဒုက္ခတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ သင့်ဆိုင်ကယ်ဟာ”ယ” ဒါမှမဟုတ် စောစောကပြောသလို”W”ဆိုခဲ့ရင်ဖြင့် သက်တမ်းတိုးဖို့ မူလလိုင်စင် လုပ်တဲ့နေရာထိ ဆိုင်ကယ်ကို ယူသွားစရာမလိုတော့ပဲ မိမိလက်ရှိတည်ရှိရာ ကညနမှာ ဆိုင်ကယ်ကိုစစ်လို့ မူလရုံးကိုစာရွက်စာတမ်း ပို့ပေးစေခြင်းဖြင့် သက်တမ်းတိုးခြင်းကို ဆောင်ရွက်နိုင်ပါတယ်။

(“ယ” “W”မဟုတ်တဲ့ ဆိုင်ကယ်တော့ မရပါ)။

သက်တမ်းတိုးတဲ့အခါ ဆိုင်ကယ်ပါ သယ်သွားရမှာလားလို့ မေးကြတဲ့ fri တွေအတွက်တင်ပြရင်း မိမိကဲ့သို့ မသိသေးတဲ့သူတွေကိုလည်း တဆင့်စကားပါးရင်း အချင်းချင်း ဗဟုသုတမျှဝေပေးကြပါခင်ဗျာ။

source ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Comments are closed.