ယာဉ်မောင်းလိုင်စင် အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ သိထားရမည့် အချက်များ

ယာဉ်မောင်းလိုင်စင် အဆင့်တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ သိထားရမည့် အချက်များ

အနက်”ခ”ယာဉ်မောင်းလိုင်စင်(၃)နှစ်သက်တမ်းပြည့်ရင် အညို”ဃ”ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ်။ အနက်”ခ”ယာဉ်မောင်းလိုင်စင်(၅)နှစ်သက်တမ်းပြည့်ရင် အနီ”င”ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ်။ အညို”ဃ”ယာဉ်မောင်းလိုင်စင်(၂)နှစ်သက်တမ်းပြည့်ရင် အနီ”င”ယာဉ်မောင်းလိုင်စင်ပြောင်း(ဖြေ)လို့ရတယ်။

အဲ့ဒီလို(၃)နှစ် (၂)နှစ် (၅)နှစ်တို့ပြည့်မှ ပြောင်း(ဖြေ)လို့ရတယ်လို့ ဆိုထားပေမဲ့လည်း တချို့က သက်မှတ်နှစ်ပြည့်ကာနီး လပိုင်း ရက်ပိုင်းအလိုမှာ ပြောင်း(ဖြေ) လို့ရမရ သိချင်နေကြပါတယ်။

မကြာမကြာမေးကြတဲ့သူတွေများလို့ဖြေပေးလိုက်ပါတယ်။ လိုင်စင်တွေဟာ သတ်မှတ်နှစ်ပြည့်မှသာ နောက်တဆင့် ပြောင်းလို့ရ ပါတယ် တစ်ရက်ကလေးလိုရင်တောင်မရပါဘူး။ အနက်(၃)နှစ်ပြည့်လို့ အညိုပြောင်းချင်ရင် သုံးနှစ်ပြည့်ပြီးမှ သာလျှင်ပြောင်းလို့ရမှာပါ။ အနီဆိုရင်လည်း(၅)နှစ်ပြည့်ပြီးမှရမှာပါ။ လပိုင်း ရက်ပိုင်းပဲလိုတော့တာမို့ ကြိုတင်လို့ ပြောင်း(ဖြေ) လို့မရပါဘူး။

နောက်ပြီး တချို့လိုင်စင်တွေဟာ ဥပမာ မနက်ဖြန်ဆို အနက်(၅)နှစ်ပြည့်လို့ အနီပြောင်းချင်တယ်။ သက်တမ်းကလဲ မနက်ဖြန် ဆိုပြည့်ပြီ။ ဒီတော့ သက်တမ်းတိုးမနေတော့ဘဲတစ်ခါတည်း အနီဖြေချင်တယ် ဒါမျိုးတွေလဲရှိကြပါတယ်။ သတ်မှတ်နှစ် ပြည့်ပြီးမှလို့ ဆိုထားတဲ့အတွက် သက်တမ်းတိုးပြီးမှပဲ ဖြေလို့ပြောင်းလို့ ရမှာပါ။ တဆင့်တက်မည့် ဖြေမည့် လက်ရှိကိုင်ဆောင်ထားတဲ့ လိုင်စင်တွေဟာ သက်တမ်းရှိနေရမှာပါ။ လက်ထဲက လိုင်စင်ဟာ(၅)နှစ်တောင် မကတော့ဘူး ကျော်တောင်နေပြီလို့ ပြောပေမဲ့လည်း သက်တမ်းကုန်နေရင်မရပါဘူး။ သက်တမ်းတိုးပြီးမှရမှာပါ။

(messenger ကနေ မေးကြတဲ့ fri တွေအတွက် ကျွန်တော်သိထားတာကို ပြန်လည်ဖြေကြားပေးခြင်းဖြစ်ပါတယ်။ နေ့စဉ် ယာဉ်/လမ်း စည်းကမ်းမေးမြန်းကြသူ (၅၀)ဦးခန့်ကို ပြန်လည်ဖြေကြားပေးနေပါသော်လည်း ည (၁၁)နာရီ နောက်ပိုင်း မေးကြတဲ့ သူတွေကိုတော့ နောက်နေ့မှပဲ ဖြေကြားပေးပါရစေခင်ဗျ)

Credit – ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ 29.3.2019

Comments are closed.