Victoria လေးရဲ့ သက်ငယ်မုဒိမ်းမှုကို တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းဌာနတွေမှာ ဖော်ပြခြင်းခံနေရ

Victoria လေးရဲ့ သက်ငယ်မုဒိမ်းမှုကို တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းဌာနတွေမှာ ဖော်ပြခြင်းခံနေရ

ပြည်သူများစွာ မျှော်လင့်တောင်းတနေတဲ့ သမီးလေး Victoria လေးရဲ့ အမှုမှန်ပေါ်ပေါက်နိုင်ဖို့နဲ့ ပတ်သက်ပြီး လတ်တလောမှာ မြန်မာနိုင်ငံရဲ့ မြို့ကြီးများစွာမှာ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။ သက်ငယ်မုဒိန်းကျူးလွန်ခံရတဲ့ မူကြိုကျောင်းသူလေးအမှုမှာ နောက်ကွယ်က လက်မဲကြီးက ဘယ်သူလဲလို့ သိချင်နေကြတဲ့ ပြည်သူတွေရှိသလို အမှုမှန်ပေါ်အောင် ဆုတောင်း မျှော်လင့်နေတဲ့သူတွေလည်း များစွာရှိပါတယ်။

အခုဆို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်စော်ကားမှု (sexual assault ) ခံလိုက်ရတဲ့ သမီးလေး Victoria ကို ဝန်းရံထောက်ခံတဲ့ ပြည်သူတွေများပြားလာပြီး မြန်မာနိုင်ငံတင်မက တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းဌာနတွေမှာတောင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခြင်းခံနေရပါတယ်။ တောင်ကိုရီးနိုင်ငံရဲ့ သတင်းဌာနတွေမှာ “ တရားခံကို အတိအကျခန့်မှန်းဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဟာ (၂)နှစ်အရွယ်ကလေးမလေးရဲ့ ထွက်ဆိုချက်ကိုပဲ နားထောင်ရင်း အချိန်မှီ လုပ်သင့်တာတွေ မလုပ်နိုင်ခဲ့ပါ။ ဒါကြောင့် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူပြည်သားတွေ မြို့လယ်ကောင်မှာ အမှန်တရား စစ်ဆေးချက်တွေ ဖော်ထုတ်ပေးဖို့ စတင်ဆန္ဒပြကုန်ကြပါပြီ။ သတင်းပေးချက်အရ ရန်ကုန်မြို့မှာ မြန်မာပြည်သူ ပြည်သား (၆၀၀၀)ကျော်ဟာ နိုင်ငံတော် ရဲတပ်ဖွဲ့ကို ဆန္ဒပြကြပါတယ်။ သူတို့ဟာ အဖြူရောင် အဝတ်အစားကို ဝတ်ထားကြပြီး သူတို့ ကလေးတွေ လုံခြုံရေးအတွက် ဆန္ဒပြနေကြတာဖြစ်တယ်။ “ Justice to Victoria ” “ We don’t want another Victoria anymore ” လို့ အော်ဟစ်နေကြပါတယ်။

ဒီအမှုဟာ (၅)လပိုင်း (၁၆)ရက်နေ့မှာ (၂)နှစ်အရွယ် ကလေးမလေးဆီမှာ ဖြစ်ခဲ့တာဖြစ်ပြီး မိခင်က ရဲတွေကို တိုင်ကြားခဲ့ပါတယ်။ (၅) လပိုင်းမှာပဲ အသက် (၂၉)နှစ်အရွယ် သံသယရှိသူကို ဖမ်းခဲ့ပေမဲ့ သက်သေအထောက်အထား မခိုင်လုံလို့ ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေက “ အဖမ်းခံရတဲ့သူဟာ မတရား လူစားထိုးခံရတာ ” ဆိုပြီး အမှန်တရားကို ဖော်ထုတ်ဖို့ တောင်းဆိုနေကြပါတယ်။

ရဲထောက်လှမ်းရေးတွေဟာ အခု (၇)လပိုင်းအထိ တရားခံကို မရှာနိုင်ဖြစ်နေပါတယ်။ ဒါကြောင့် သမီးလေးရဲ့ ဖခင်ကို စာနာပြီး လူမှုကွန်ယက်ကတဆင့် ပြည်သူတွေက စတင်ကူညီ ဝန်းရံပံ့ပိုးလာကြပါတယ်။ ရဲထောက်လှမ်းရေးတွေဟာ သက်သေအထောက်အထား မရှိလို့လွတ်လာတဲ့ အသက် (၂၉)နှစ်အရွယ် အမျိုးသားကို ထပ်ပြီး သံသယရှိတယ်ဆိုပြီး ဖမ်းဆီးပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားရေးက Nickey Diamond (Myanmar Human rights activist ) က ဒီအမှုမှာ အထူးထောက်လှမ်း စုံစမ်းစစ်ဆေးရေး အဖွဲ့လိုတယ်လို့ အကြံပေးပါတယ်။

“ ကလေးတွေကို ကာကွယ် စောင့်ရှောက်ရမှာ ကျုပ်တို့ တာဝန်ဖြစ်တယ်။ ဒီအမှုမှာ သံသယဖြစ်စရာတွေက အများကြီး ” လို့ ပြောခဲ့ပါတယ်။ အသက် (၃၀)အရွယ် မြန်မာအမျိုးသားတစ်ယောက်ကတော့ “ ကျွန်တော့်မှာလည်း သမီးလေးရှိတယ်။ ဒီနိုင်ငံမှာ ဒီလိုတွေထပ်မဖြစ်အောင် မျှော်လင့်ပါတယ်ဗျာ။ ကျွန်တော်တို့ တရားမျှတမှုကို မျှော်လင့်ပါတယ်။ အပြစ်မရှိတဲ့သူကို ဖမ်းချုပ် အစားထိုးတာမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာထပ် မဖြစ်ချင်တော့ဘူး ” လို့ ရေးသားဖော်ပြနေပါတယ်။

Victoria လေးရဲ့ သတင်းကို တောင်ကိုရီးယားနိုင်ငံ၊ YTN သတင်းဌာနမှာ (၇)လပိုင်း (၇)ရက်နေ့မှစပြီး ကြေငြာခဲ့ကာ “ 미얀마 2살 유아 성폭행 ” လို့ Naver မှာရှာကြည့်ရင် သတင်းတွေ အများကြီးတွေ့နိုင်ပါတယ်။ သတင်းစာထဲမှာတော့ Victoria လေးရဲ့ အသက်ကို (၂)နှစ်အရွယ်လို့ ဖော်ပြနေကြပါတယ်။ အခုအချိန်က တောင်ကိုရီးယားနိုင်ငံမှာ ရဲတွေ လာဒ်စားပြီး နာမည်ပျက်နေချိန်မို့ ဒီသတင်းဟာ အတော်လေး ကျယ်ပြန့်လာခဲ့ပါတယ်။

Crd; မေ႐ႊမိုး – ကိုရီးယား

Comments are closed.