သင့်မှာသွေးတိုးရောဂါရှိမရှိ ဒါကိုဖတ်ကြည့်ပါ

သင့်မှာသွေးတိုးရောဂါရှိမရှိ ဒါကိုဖတ်ကြည့်ပါ

သင့်မှာသွေးတိုးရောဂါရှိမရှိ ဒါကိုဖတ်ကြည့်ပါ
သွေးတိုး ရောဂါသည် အမျိုးသား များတွင် အဖြစ် များသော်လည်း ထိုအကြောင်းရင်း တစ်ခု တည်းကြောင့် မဟုတ်ပါ။ အောက်ပါ အချက်များ ကြောင့်လည်း ဖြစ်တတ် ပါသည်။

  • (၁) ကိုယ် အလေးချိန်များနေခြင်း
  • (၂) အရက်အလွန် အကျွံသောက်ခြင်း
  • (၃) စိတ်ဖိစီးမှုများသော လူနေမှု စရိုက်ရှိခြင်း
  • (၄) ဆား၊ အငန်စား သုံးမှုများခြင်း
  • (၅) ကိုယ်ကာယ လှုပ်ရှားမှု နည်းပါး ခြင်း
  • (၆) ကျောက်ကပ် ရောဂါဖြစ်ခြင်း စသည်တို့ဖြစ်သည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ တွင် ဖြစ်ပေါ်လာ လေ့ရှိသော သွေး ဖိအားမြင့် တက်မှုသည် အသက် အ္တရာယ်ဖြစ်စေနိုင်သည့် ကိုယ်ဝန် ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ဆိပ် မတက်မီ အကြိုအခြေ အနေ ခံစားရခြင်းတို့ ဖြစ်ရန် အလားအလာ များသည်။ ကလေးမွေးပြီး သောအခါ မြင့်တက်နေ သော သွေးဖိအား ပုံမှန်ပြန်ဖြစ်သွား လေ့ရှိသည်။

ဘာလုပ်သင့် သလဲ

  • (၁) သွေးဖိအား မြင့်တက်နေသည် ကို သိရှိရန် အရေးကြီး သောကြောင့် အသက် ၃ဝ ကျော်သူတိုင်း အနည်း ဆုံး နှစ်နှစ်တစ်ကြိမ် သွေးဖိအား တိုင်း ခြင်းကို ပုံမှန်ပြု လုပ်သင့်သည်။
  • (၂) သင်၏ သွေးဖိအား သည် ၁၄ဝ/၉ဝ mmHg ထက် များနေပါက သင်၏ ဆရာဝန်က ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့ထံပြန် လာပြီး သွေးဖိအား ပြန်တိုင်းကြည့်ရန် ညွှန် ကြားပါလိမ့်မည်။
  • (၃) ၃ကြိမ်ခွဲ၍တိုင်းသောအခါ ရရှိသည့်မြင့်တက်နေသော သွေးဖိ အားမဟုတ်လျှင် သွေးတိုး ရောဂါရှိသည်ဟုများသောအားဖြင့် သတ်မှတ် လေ့မရှိပါ။

သင်၏ ဆရာဝန်က အောက်ပါ စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ပါ လိမ့်မည်။

  • (၁) နှလုံးစမ်းသပ်မှုများ (နှလုံးစမ်း သပ်စက် ရိုက်ခြင်း အပါအဝင်)
  • (၂) ပျက်စီးနေသော သွေးကြော များ ရှိ၊ မရှိ ရှာဖွေရန် မျက်စိစမ်းသပ် မှုများ
  • (၃)သွေးဖိအားမြင့်တက် စေသည့် အကြောင်းရင်းကို ဖော်ထုတ် နိုင်သည့် စမ်းသပ်မှုများ ပြုလုပ်ခြင်း (ဆီး စစ်ခြင်း၊ ကျောက်ကပ်ရောဂါရှိ၊ မရှိသိရန်အာလ်ထရာ ဆောင်းရိုက်ခြင်း သို့မဟုတ် ဟော် မုန်းချို့ယွင်းမှု ပြဿနာ ရှိ၊ မရှိ စမ်းသပ်ခြင်း)

ေ နောက်ဆက်တွဲ ရှုပ်ထွေးမှုများ ရှိပါ သလား

အကယ်၍ အ လွန်ဆိုးဝါးသော သွေးတိုးရောဂါအား ကုသမှု မပေးခဲ့ လျှင် သွေးလွှတ်ကြောများ၊နှလုံးနှင့် ကျောက်ကပ်များကိုထိခိုက်နိုင်သော အခွင့်အလမ်း များပါသည်။ ထိခိုက် ပျက်စီးသွားသော သွေးလွှတ်ကြော များသည် သွေးကြောမာ ခဲကျဉ်း မြောင်းခြင်း(Atherosclerosis) ဖြစ် ရန် အခွင့်အလမ်း များပါသည်။ ဤ သို့ဖြစ်ရခြင်းမှာ သွေးကြောနံရံများ အတွင်း အဆီခဲများ စုပုံလာပြီး ကျဉ်းမြောင်း လာကာ သွေးစီးဆင်းမှု နည်းပါးသွားခြင်း ဖြစ်သည်။ နှစ်ပေါင်း များစွာ ကြာပြီးနောက် ကျောက်ကပ် အတွင်းရှိ သွေးလွှတ် ကြောများ ထိခိုက်သွားပြီး နာတာရှည် ကျောက်ကပ်စ ွမ်းရည်ကျဆင်းသည့် ရောဂါ ဖြစ်စေနိုင် ပါသည်။ မျက်စိ အတွင်းရှိ အမြင် အာရုံခံလွှာသည် လည်း သွေးတိုး ရောဂါကြောင့် ပျက် စီးနိုင်ပါသည်။

Comments are closed.