ခရစ္စမတ်နေ့လေးမှာ မိသားစု(၃)ယောက်ရိုက် ကူး ထား တဲ့ အမှတ်တရပုံလေးတွေကို မျှဝေဖော်ပြ လာတဲ့ စန္ဒီမြင့် လွင်

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင် မင်း သမီး အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ ခင်ပွန်းနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ အားကျနှစ်သက်ရတဲ့ မိသားစုလေးဖြစ်နေခဲ့ပါတယ်။

ဒီနေ့ ဒီဇင်ဘာလ (၂၅)ရက်နေ့ ခရစ္စမတ်နေ့လေးမှာတော့ စန္ဒီမြင့်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဒီဇင်ဘာဆိုတာနဲ့ Christmas Vibe လေးက ရလာပြီဟုတ်..!Treasure လေးကို ချစ်တဲ့သူတွေလည်း ကြည့်လို့ရအောင် Dee တို့ မိသားစု Christmas အမှတ်တရပုံလေးတွေ တင်အုံးမယ်နော်.. Dee ကတော့ Family နဲ့အတူတူ အိမ်မှာပဲ‌ ဖြတ်သန်းမှာ ဖြစ်ပါတယ်။ “ဆိုပြီး မိသားစု(၃) ယောက်ရိုက်ကူးထားတဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်ပါတဲ့ပုံလေးတွေကိုမျှဝေဖော်ပြလာခဲ့ပါတယ်။

ပုံလေးတွေနဲ့အတူ နောက်ထပ်လည်း “အားလုံးပဲ Merry Christmas ပါ.. ပျော်ရွင်တန်ဖိုးရှိတဲ့ Christmas အချိန်လေးကို ပိုင်ဆိုင်နိုင် ကြပါစေ ရှင့်”ခရစ္စမတ်ဆုတောင်းလေးလည်း ဆုတောင်းပေးထားပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ခရစ္စမတ်နေ့လေးမှာ ဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာလေးတွေ ပြောပြခဲ့ကြပါဦးနော်။

Source – Sandy Myint Lwin
Chilli – CeleZone

Advertisement

[zawgyi]




Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*