
ကားဒက်ဘုတ်ပေါ်မှာ အရုပ်၊ ရေမွှေးပုလင်း ဘာတခုမှ မတင်ပါနဲ့။ အရမ်းအန္တရာယ်များပါတယ်။
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ၊ အမွှေးနံ့ပုလင်းတွေ တင်တာ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ၊ ပန်းအိုးလေးတွေတင်တာ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ၊ အပေါ်ကနေ အခြားအစွပ်အအုပ်တွေ အုပ်တာတွေ တော်တော်လေးတွေ့လာရပါတယ်။ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ၊ ဘုရားဆင်းတုတော်တွေကို ကားဒက်ဘုတ်အပြည့်တင်ပြီး ကိုးကွယ်ထားတာတွေ များလာပါတယ်။
ကားဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကို တင်မထားသင့်ပါဘူး။ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ တင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။ ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါဝင်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါဝင်ပါတယ်။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။

Airbag System ဘယ္လို အလုပ္လုပ္သလဲ ?
Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ်။ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။
ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ့ အရှေ့ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ့ ကြားထဲမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်းနားလည်သွားမယ်ထင်ပါတယ်။ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလို နားလည်သွားလောက်ပါပြီ။
ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေး ဝင်လာတာမျိုး မဟုတ်ပါဘူး။ အန္တရာယ်ဖြစ်တဲ့အချိန် အကာအကွယ်ရဖို့အတွက် လေအိတ်ရဲ့အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ့ ဓာတုဗေဒပေါက်ကွဲမှုတွေ ဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကား ပွင့်ထွက်လာတာမို့ ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူ လွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ် ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေလျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ။
နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ။ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ်။ ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး။ ကျနော်အပေါ်မှာလည်း ရှင်းပြထားသလို. Airbag System ကို SRS airbag လို့ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ။ အသက်ကယ် အစီအစဉ်ရဲ့ အဓိကတာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး။ ဒီကောင်က အရံအနေနဲ့ တာဝန်ထမ်းဆောင်တာပါ။
ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ၊ ကားတိုက်မှုဖြစ်လို့ လေအိတ်တွေ ပွင့်တယ်ဆိုရင် ကားရဲ့ရွေ့လျားနေတဲ့ အရှိန်နဲ့ လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲ ပြင်းထန်စွာ ပွင့်ထွက်လာတဲ့ လေအိတ်တွေနဲ့ စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ကျနော့် အသိမိတ်ဆွေတယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေ ပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို့ သူ့ကား ယာဉ်မောင်းရော၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ်။
ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ်၊ ကားစီးမယ်ဆိုရင်
- ၁။ ထိုင်ခုံခါးပတ်ပတ်ကြပါ။
- ၂။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန့်လွှတ်ကြပါ။
- ၃။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ့ မောင်းနှင်ကြပါ။
Credit-Aung Myo