ပိုင်တံခွန်ကိုစိတ်ဝင်စားကြောင်းအရိပ်အယောင်ပြလိုက်တဲ့ ထိုင်းမင်းသမီး Baifern

ပိုင်တံခွန်ကိုစိတ်ဝင်စားကြောင်းအရိပ်အယောင်ပြလိုက်တဲ့ ထိုင်းမင်းသမီး Baifern

ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသမီး Baifern Pimchanok ကိုတော့ ပရိသတ်တော်တော်များများက Crazy Little Thing Called Love ဆိုတဲ့ လူငယ်အချစ်ရုပ်ရှင်ဇာတ်ကားလေးထဲက မင်းသမီးလေးအဖြစ် မှတ်မိကြမှာပါ။

Baifern ဟာ အပြင်လောကမှာလည်း အဲဒီရုပ်ရှင်ဇာတ်ကားထဲက မင်းသား Mario ကို ရုပ်ရှင်ထဲက လိုပဲ တိတ်တိတ်လေးကြိတ်ပြီး နှစ်တွေအကြာကြီး crush နေသူလေးဖြစ်ပြီး Mario နဲ့ ဆင်တူအသုံးအဆောင်လေးတွေတောင် လိုက်ဝယ်ပြီးသုံးတတ်သူပါ။

ဒါပေမယ့် Mario ကတော့ သူ့ကိုလုပ်ဖော်ကိုင်ဖက်လို ညီမလေးလိုပဲသဘောထားကြောင်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။

Baifern က ဆယ်ကျော်သက်အရွယ်ကတည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီးတွေနဲ့ ကာရိုက်တာအမျိုးမျိုးနဲ့ ပရိသတ်ရင်ထဲကိုရောက်လာခဲ့ပြီး တဟုန်ထိုးအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေးဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ရတနာတစ်ပါးလို့ နိုင်ငံတကာသတင်းဌာနတွေက တင်စားရတဲ့ ပြစ်မျိုးမှဲ့မထင်ချောမောလှပတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပိုင်တံခွန်ကတော့ ချစ်ဖို့ကောင်းပြီးကလေးဆန်တဲ့အမူအရာလေးတွေ၊ အပြစ်ကင်းစင်တဲ့မျက်ဝန်းတွေနဲ့ ကျစ်လျစ်တောင့်တင်းတဲ့ကိုယ်နေဟန်ထားတွေကြောင့် အိမ်နီးချင်းနိုင်ငံတော်တော်များများမှာ ကျော်ကြားမှုဂုဏ်သတင်းမွှေးပျံ့နေသူဖြစ်ပြီး ရုတ်တရက်ကြီးထပြီး အော်မြင်သွားခဲ့တာ လပိုင်းလောက်သာကြာပါသေးတယ်။

ပိုင်တံခွန်က အချိန်အနည်းငယ်အတွင်းမှာတင် ထိုင်းမှာ Fan Meeting တွေသွားလုပ်ခဲ့ပြီး အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေပြီဖြစ်သလို ထိုင်းပျိုမဒီလေးတွေရဲ့အသည်းကို အပိုင်သိမ်းထားလိုက်ခဲ့ပါပြီ။ ပိုင်တံခွန်က

မကြာသေးမီက အင်တာဗျူးမှာ သူချစ်တဲ့သူက ထိုင်းလူမျိုးလည်းဖြစ်နိုင်တယ်လို့ဖြေသွားခဲ့ပြီး သူ့ရဲ့စိတ်ကူးထဲက ချစ်သူကတော့ Baifern ဖြစ်ကြောင်းနဲ့ ဖြစ်နိုင်ရင် Baifern နဲ့ ခဏလောက်တွေ့ပြီးစကားပြောချင်တယ်လို့ ဖြေသွားကြောင်းသိရပါတယ်။

ပိုင်တံခွန်ရဲ့ အောင်မြင်မှုအရှိန်က Baifern လို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ မင်းသမီးကိုတောင် သူ့ကိုသတိထားမိစေဖို့ဖြစ်လာခဲ့ပြီလို့ပဲဆိုရမှာပါ။ မကြာသေးမီက

ထိုင်းမီဒီယာတွေနဲ့အင်တာဗျူးမှာ Baifern က မြန်မာရဲ့ ပိုင်တံခွန်ကိုသိလားလို့ အမေးခံခဲ့ချိန်မှာ ချစ်စရာကောင်းစွာ ခဏလောက်စဉ်းစားလိုက်ပြီး “အခုနာမည်ကြီးနေတဲ့ ပိုင်တံခွန်လား၊ သိတယ်လေ ကြားမိပါတယ်”လို့ အဓိပ္ပါယ်ရတဲ့စကားတွေ ဖြေကြားခဲ့တယ်လို့သိရပါတယ်။

ပိုင်တံခွန်ရဲ့ ပရိသတ်တွေကတော့ Baifern ရဲ့ အဖြေအတွက်ဝမ်းသာနေကြြုပီး ထိုင်းနိုင်ငံမှာအနုပညာအလုပ်တွေသွားလုပ်နေတဲ့ ပိုင်တံခွန်နဲ့ Baifern နဲ့ အလုပ်အတူတူလုပ်ဖို့များဖြစ်လာနိုင်မလားလို့ မျှော်လင့်နေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Baifern နဲ့ ပိုင်တံခွန်နဲ့ လိုက်ဖက်တယ်လို့ထင်ကြလား။ Baifern နဲ့ ပိုင်တံခွန်နဲ့ အနုပညာအလုပ်တွေအတူူတူလုပ်ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.