မင်းဦးနဲ့ ၁၀နှစ်တွဲပြီး ကျန်တဲ့အချစ်တွေက ဘာမဟုတ်ဘူးဆိုတဲ့ ထက်ထက်မိုးဦး

မင်းဦးနဲ့ ၁၀နှစ်တွဲပြီး ကျန်တဲ့အချစ်တွေက ဘာမဟုတ်ဘူးဆိုတဲ့ ထက်ထက်မိုးဦး

တချိန်တုန်းက ပြိုင်ဖက်ကင်း မင်းသမီး တယောက်ဖြစ်ခဲ့ပြီး မြန်မာတနိုင်ငံလုံးက ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးကတော့ အချစ်ရေးဖက်မှာတော့ သူ့အနေနဲ့ ကံမကောင်းခဲ့ပါဘူး။

သူ့အနေနဲ့ အချစ်ရေးကို ကံမကောင်းတာများလာတော့ လက်ရှိမှာ တယောက်ထဲရပ်တည်နေပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ အချစ်ရေးတွေနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ အချစ်ရေး ကံမကောင်းခဲ့တာနဲ့ ပတ်သက်ပြီး “ငယ်ငယ်တုန်းကတော့ ကိုမင်းဦးနဲ့ ၁၀ နှစ်ကျော်တွဲခဲ့တယ်။

အရမ်းချစ်ခဲ့တာပဲလေ။ အဲ့ဒါတွေ ပြီးသွားတဲ့နောက်ပိုင်းမှာတော့ အကြာကြီးချစ်ခဲ့ပြီးမှ ကျန်တဲ့ အချစ်တွေကတော့ ဘာမှမဟုတ်သလိုပဲ။ ပထမဦးဆုံးကတော့ ရင်ခုန်တာပေါ့။ ဒါတွေကလည်း ပြီးခဲ့ပါပြီ”

မထက် အချစ်ရေး ကိစ္စအပေါ် ဘယ်လောက်ထိ ခံစားရလဲဆိုတဲ့ မေးခွန်းကိုတော့ “အသက်တွေ ပြောင်းလဲလာတာနဲ့ အမျှ အချစ်ဆိုတာထက် ဘဝတခုကို ဘယ်လိုကောင်းအောင် တည်ဆောက်ရမလဲပေါ့။ အဲ့လိုပဲ ရပ်တည်ရတာပေါ့။

ဒါပေမယ့်လည်း အဲ့လိုရပ်တည်ပြီးမှ ကြားထဲမှာ ဖြစ်ခဲ့တာတွေကလည်း မဖြစ်နဲ့ဆိုပြီး ဆွဲထားလို့မှ မရတာ။ ကံကုန်ပြီဆိုရင် တမိုးအောက်ထဲမှာ မရှိတော့ဘူးလေ။ ဒါတွေက နားလည်တဲ့သူတွေမှ နားလည်တာပေါ့။ အချစ်ကိုတော့ ဘယ်ပြောင်းချင်ပါ့မလဲ။

တယောက်ဆို တယောက်ပဲ ချစ်ရတာ ပျော်တာပေါ့။ ဒါပေမယ့် နောက်ဆုံးတော့လည်း အနားမှာ ရှိတဲ့သူက အချစ်ဆုံးဖြစ်သွားတာပဲ။ ကိုယ့်ကိုတန်ဖိုးထားတဲ့သူနားမှာ နေရတာကတော့ အကောင်းဆုံးပဲလေ။ ကိုယ့်ကို တန်ဖိုး မထားတဲ့သူနားနေရတာကတော့ မကောင်းဘူးပေါ့။

ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဘဝကိုပြန်တည်ဆောက်ရမယ်။ မသေမချင်းတော့ အလုပ်လုပ်နေရဦးမှာပဲ။ အလုပ်မလုပ်ပဲနဲ့လည်း နေလို့မှ မရတာ။ အလုပ်လုပ်နေရင်တော့ ကောင်းပါတယ်။ အဲ့ကြောင့် ထက်ထက် အလုပ်ကိုပဲ ကြိုးစားနေပါတယ်”

သတိအရဆုံးသူက ဘယ်သူဖြစ်မလဲဆိုတဲ့ အပေါ်မှာတော့ ထက်ထက်မိုးဦးက “မလုပ်နဲ့နော် ငိုမှာ ဘာလို့လဲဆိုတော့ လူတိုင်းလူတိုင်းရင်ထဲမှာ တခုခုတော့ ရှိကြတာပဲ။ မရှိတဲ့သူတော့ မရှိပါဘူး။ ဒါတွေကို ခဏဘေးနားထားပြီးတော့ ဘဝရပ်တည်ဖို့အတွက်ပဲ ရပ်တည်နေရတာကို”

Personal ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ အားပေးမပျက်ကြတဲ့ အပေါ်မှာတော့ “အနုပညာနဲ့ ပတ်သက်ရင်လည်း ထက်ထက်ကို ဘယ်နေရာပဲ ခိုင်းခိုင်းပါ။

ခု အသက်ကြီးတော့လည်း အမေခန်း ရိုက်ရင်ရိုက်ရပေါ့။ ကြော်ငြာတွေအများကြီး ရိုက်ခဲ့ပြီး အနုပညာတွေ လုပ်ခဲ့တဲ့ သူတယောက်ဆိုတော့ ဘယ်နေရာပဲ ရိုက်ရရိုက်ရ ကိုယ်သင့်တော်တဲ့နေရာမှာ ရရာဇာတ်ရုပ်ကို အားမလျော့ပဲ ကြိုးစားမှာပဲလေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Comments are closed.