စိုင်းစိုင်းဘောင်းဘီဇစ်ပြုတ်တဲ့အကြောင်းပြောပြတဲ့ ကောင်းမြတ်

စိုင်းစိုင်းဘောင်းဘီဇစ်ပြုတ်တဲ့အကြောင်းပြောပြတဲ့ ကောင်းမြတ်

ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်အချိန်Showပွဲလုပ်လုပ် အောင်မြင်နေပြီး ပရိသတ်တွေ အပေါ်မှာတကယ်ချစ်တတ်ဂရုစိုက်တတ်တဲ့စိုင်းစိုင်းကတော့ သူရဲ့Show ပွဲကို မန္တလေးမှာပြုလုပ်ဦးမယ့်အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ကောင်းမြတ်၊ G-fatt၊ ဘန်နီဖြိုး၊တို့ကို သူနဲ့ပတ်သက်တဲ့ပြီးအမှတ်တရတစ်ခုခုကိုပြောပြခိုင်းခဲ့ပါတယ်။

သူတို့ပြောပြသွားခဲ့ အကြောင်းတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

ကောင်းမြတ်က “စိုင်းစိုင်းဘောင်းဘီဇစ်ပြုတ်နေတာဘယ်ပွဲတုန်းကလဲ ။ အလောသုံးဆယ်နဲ့သူစင်အောက်ကနေပြေးတက်လာတာ အောက်ကပရိသတ်တွေကလှမ်းအော်ကာမှ သူစွဲတင်ရတယ်။

အဲ့ဒါကဘယ်ပွဲလဲ”ဆိုတော့ စိုင်းစိုင်းက “လူစုံတုန်းရှင်းပြတယ်ဆိုတာလေ ။ ကျနော်တို့လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ၂၀၀၄ခုနှစ်ဖြစ်မယ်ထင်ပါတယ်။ MCCခန်းမ စဖွင့်တဲ့အချိန် SAI SAI Show ဆိုပြီးပထမဆုံးသုံးတဲ့ပွဲမှာ ကျနော်ရယ်ကောင်းမြတ်ရယ်ငယ်ငယ်ရယ် ၊ အဲ့ဒီတုန်းက ကျနော့်သီချင်းတွေ မင်းတို့လက်တွေလေထဲမြှောက်ထားလိုက်တို့အရမ်းခေတ်စားတဲ့အချိန် ဖြစ်ပါတယ်။

ကျနော်ရယ်ငယ်ငယ်ရယ်ကောင်းမြတ်ရယ် သုံးယောက်ပွဲစစချင်းမှာ ကျနော်တို့Stageကြီးကို အရှေ့ကပိတ်ကားအဖြူကြီးကာထားတယ်။ ကျနော်တို့နောက်ကနေလမ်းလျှောက်လာပြီး တော့ထွက်လာတာပေါ့နော်။ နောက်ကမီးက Against ထိုးတာဆိုတော့လူအရိပ်ကြီးအကြီးကြီးပေါ့

။ ပြီးတော့မှ ကျနော်တို့သုံးယောက် တီးလုံးနဲ့လာပြီးတော့လမ်းလျှောက်တယ် ဘုန်းဆို Sound Effectတွေဘာတွေနဲ့ ပိတ်ကားကြီးကပြုတ်ကျပြီး လူသုံးယောက်ပေါ်လာတယ်။ မင်းတို့လက်တွေ လေထဲမြှောက်ထားလိုက်လို့အော်ပြီးလက်မြှောက်ထားတော့ အောက်ကပရိသတ်တွေကလှမ်းအော်တယ်။ ကိုစိုင်းစိုင်းဇစ်ပြုတ်နေတယ်။

မတတ်နိုင်ဘူးသူကစဖောက်လိုက်တော့လည်း ကျနော့်မှာရှင်းပြလိုက်ရတာပဲ။”ဆိုပြီးစိုင်းစိုင်းကပြောပြသွားပါတယ်။

G-fattကလည်း စိုင်းစိုင်းနဲ့ပတ်သက်ပြီးသူရဲ့အမှတ်တရတွေကို “ ကျနော်သီချင်းစပြီးတော့လုပ်တဲ့အချိန် Show Show ပွဲရဲ့ဘုတ်တွေမှာ နာမည်တစ်ခါမှမပါဖူးဘူး။ အရှေ့ဆုံးတွေမှာတော့သွားသွားပြီးဆိုဖူးတယ်။ ကျနော့်ဘဝရဲ့ ပထမဦးဆုံး Show ပွဲဘုတ်မှာနာမည်ပါဖူးတာက ကန်တော်ကြီးမှာလုပ်တဲ့ စိုင်းရဲ့ Birthday Showမှာ စပြီးတော့နာမည်စပါဖူးတာ။

ကျနော်ဘဝအတွက်လုံးဝအမှတ်တရပါပဲ။”ဆိုပြီးပြောပြသွားခဲ့တဲ့အပြင် စိုင်းစိုင်းကို ပထမဆုံးတွေ့ဖူးတဲ့အမှတ်တရကိုလည်း “ ကျနော် ၇တန်းနှစ်ကလေးလေးပဲရှိသေးတယ်။ အဲ့ဒီမှာ သုဝဏ္ဏကွင်းရဲ့အရှေ့မှာ စကိတ်ကွင်းရှိတယ်။ အဲ့ဒီမှာ Hip-Hop Crazy ဆိုပြီးတော့ Showပွဲလုပ်ကြတယ်။

လွယ်အိတ်ကလေးလွယ်ပြီးတော့ ဦးလေးနဲ့အတူတူသွားကြည့်တာ ရှေ့မှာအဆိုတော်တွေဆိုနေတာပေါ့ ။ အဲ့ဒီအချိန်မှာစိုင်းစိုင်းခမ်းလှိုင်လာတယ်ဆိုပြီးတော့ ကြားတယ်။ ဦးထုပ်လေးဆောင်းထားပြီးတော့ အနောက်မှာ အဲ့တာကျနော် သူ့ဆီပြေးသွားပြီးတော့ အစ်ကိုကျနော်အင်္ကျီမှာလက်မှတ်ထိုးပေးပါဆိုပြီး လက်မှတ်ထိုးခိုင်းတာအဲ့ဒါကျနော့်ဘဝအတွက်အမှတ်တရပဲ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဘန်နီဖြိုးကလည်း စိုင်းစိုင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေကို “ ကျနော်ကဦးလေးတွေနဲ့ပေါင်းတာဆိုတော့လေးတန်းလောက်ကတည်းက Show ပွဲတွေသူသွားသမျှပွဲတွေအကုန်ကြည့်ရတယ်။ အဲ့ဒီတုန်းကRockပွဲတွေ၊ Punkပွဲတွေ၊အရောပွဲတွေ အဲ့ဒါမျိုးတွေပါအကုန်ကြည့်ရတယ်။

ပြီးတော့မှတ်မှတ်ရရ မြရိပ်ညိုမှာတုန်းက အဲ့ဒီတုန်းက မြရိပ်ညိုShowတွေက Back Stage တွေကို ထရံနဲ့ကာထားတယ်။ အဆိုတော်တစ်ယောက်လာပြီဆိုကာမှာ Security ကဖွင့်ပေးတာ အဲ့ဒီအချိန်မှာအမြန်ဝင်ရတယ်။ မှတ်မှတ်ရရအဲ့ဒီမှာ စိုင်းဆီက ကျနော်ဆွဲကြိုးတောင်းဖူးတယ်။

ဟိတ်ကောင်ဒါပေးလို့မရဘူးတဲ့ ငါ့စော်ပေးထားတာတဲ့ (အားလုံးသဘောကျလျက်)အဲ့ဒါဆိုဦးထုပ်ပေးဗျာဆိုပြီးတောင်းလာတယ်။ အဲ့ဒါကလေးဘဝရဲ့အမှတ်တရပေါ့ ။အဲ့ဒီနောက်စိုင်းမွေးနေ့Showပွဲတွေလုပ်တယ်။ မွေးနေ့Showပွဲတွေမှာ ကျနော်ရည်းစားရဖူးတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.