အသည်းကို ကျန်းမာ အားကောင်းစေတဲ့ အစာများ

အသည်းကို ကျန်းမာ အားကောင်းစေတဲ့ အစာများ

အသည်းကို ကျန်းမာစေဖို့ ဘာတွေ စားရမလဲ

သင့်ရဲ့ အသည်းကို အလုပ်တွေ တော်တော်ပေးမိနေပြီဆိုရင်တော့ သူဟာ အလွန်ပဲ ပင်ပန်းနွမ်းနယ် နေလောက်ပါပြီ။ ဂရုမစိုက်မိဘဲ ပစ်ထားခဲ့သမျှ စုပြုံ ခံရရင် မသက်မသာ ဖြစ်ကုန်ပါလိမ့်မယ်။ အခုကစပြီး သင့်ရဲ့ အသည်းကို ဂရုစိုက်ပြီး အာဟာရဖြစ်စေမယ့် အရာတွေကို စားပေးလိုက်ပါ။ အသည်းလေး ပုံမှန် အလုပ်လုပ်စေပြီး အာဟာရဖြစ်နေတာမို့ သင့်ကို ပြန်ဂရုစိုက်ပါလိမ့်မယ်။ အသည်းကျန်းမာစေဖို့ စားရမယ့် အစားအစာတွေကတော့

၁။ ဂရိတ္ဖရုသီး

ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်နေ့ကို တစ်ခွက် သောက်ပေးပါ။ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသည်းမှာ ရှိတဲ့ အဆိပ်တွေကို ကောင်းကောင်း ဖယ်ရှားပေးပါလိမ့်မယ်။ ကိုယ်အလေးချိန် ချစေဖို့ အတွက်လည်း အသုံးဝင်စေပါတယ်။

၂။ မုန္လာဥ

မုန်လာဥအဖြူရော အနီရော စားလို့ရပါတယ်။ အချို့ အသည်းရောင်သူတွေဆိုရင် မုန်လာဥအဖြူ အရည်ကို သောက်ကြပါတယ်။

၃။ အစိမ်းရောင်ရင့် အသီးအရွက်များ

ဟင်းနုနွယ်နဲ့ ဆလပ်ရွက်တွေလိုမျိုး အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးခြင်းဟာ အသည်းကို ကောင်းမွန်စေတဲ့ အပြင် အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရစေနိုင်ပါတယ်။

၄။ ထောပတ်သီး

ထောပတ်သီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အသည်းထဲမှာ ရှိနေတဲ့ အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိပြီး အသည်းထဲကို ရောက်မယ့် မလိုလားအပ်တဲ့ အရာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၅။ သစ်ကြားစေ့

အစေ့အဆန်တွေဟာ အသည်းကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် သစ်ကြားစေ့ပါ။ အိုမာဂါ၃ အက်ဆစ်ပါဝင်တာကြောင့် အသည်း သန့်ရှင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

Source: zeenews

Credit-MyFood Myanmar

(unicode)

၁။ ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးကို အရည်ညှစ်ပြီး တစ်နေ့ကို တစ်ခွက် သောက်ပေးပါ။ ဗီတာမင်စီနဲ့ အင်တီအောက်ဆီးဒင့်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အသည်းမှာ ရှိတဲ့ အဆိပ်တွေကို ကောင်းကောင်း ဖယ်ရှားပေးပါလိမ့်မယ်။ ကိုယ်အလေးချိန် ချစေဖို့ အတွက်လည်း အသုံးဝင်စေပါတယ်။

၂။ မုန်လာဥ

မုန်လာဥအဖြူရော အနီရော စားလို့ရပါတယ်။ အချို့ အသည်းရောင်သူတွေဆိုရင် မုန်လာဥအဖြူ အရည်ကို သောက်ကြပါတယ်။

၃။ အစိမ်းရောင်ရင့် အသီးအရွက်များ

ဟင်းနုနွယ်နဲ့ ဆလပ်ရွက်တွေလိုမျိုး အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးခြင်းဟာ အသည်းကို ကောင်းမွန်စေတဲ့ အပြင် အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရစေနိုင်ပါတယ်။

၄။ ထောပတ်သီး

ထောပတ်သီးမှာ ပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ အသည်းထဲမှာ ရှိနေတဲ့ အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိပြီး အသည်းထဲကို ရောက်မယ့် မလိုလားအပ်တဲ့ အရာတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။

၅။ သစ်ကြားစေ့

အစေ့အဆန်တွေဟာ အသည်းကို ကောင်းမွန်စေပါတယ်။ အထူးသဖြင့် သစ်ကြားစေ့ပါ။ အိုမာဂါ၃ အက်ဆစ်ပါဝင်တာကြောင့် အသည်း သန့်ရှင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

Source: zeenews

Credit-MyFood Myanmar

Comments are closed.