ေရာ္နယ္လ္ဒိုဆီကေန ရက္ရွ္ဖို႔ဒ္ ပညာယူထားႏိုင္တယ္လို႔ ဆိုးရွားခ်ီးက်ဴး

ေရာ္နယ္လ္ဒိုဆီကေန ရက္ရွ္ဖို႔ဒ္ ပညာယူထားႏိုင္တယ္လို႔ ဆိုးရွားခ်ီးက်ဴး

မန္ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ၾကယ္ပြင့္ေလး မားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ တည္ကန္ေဘာနည္းစပိုင္းနဲ႔ပတ္သက္လို႔ ခရစ္စတီယာႏိုေရာ္နယ္လ္ဒိုရဲ႕ ကန္သြင္းမႈေတြၾကည့္ျပီး ပညာယူထားႏိုင္ေၾကာင္း နည္းျပဆိုးရွားက ခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။

အဂၤလန္သားေလးဟာ မေန႔ညက နယူးကာဆယ္အသင္းကို (၂)ဂိုးျပတ္အႏုိင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ လူကာကူရဲ႕အဖြင့္ဂိုးကို သူ႔ရဲ႕ ဖရီးကစ္ကန္ခ်က္နဲ႔ ျဖစ္တည္ေစခဲ့ျပီး ကိုယ္တိုင္လည္း အႏိုင္ဂိုးတဂိုး သြင္းယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ တည္ကန္ေဘာအျပင္းကန္ခ်က္ကို နယူးကာဆယ္ဂိုးသမား မာတင္ဒူဘရာဗ္ကာ အမိဖမ္းႏိုင္ခဲ့ျခင္းမရိွဘဲ ျပန္အံထြက္လာမႈကတဆင့္ တိုက္စစ္မွဴးလူကာကူက ထပ္ဆင့္ပိတ္သြင္းခဲ့တာပါ။

နည္းျပအိုလီဆိုးရွားကေတာ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ အဆိုပါတည္ကန္ေဘာကန္သြင္းခ်က္နဲ႔ပတ္သက္လို႔ (၂၀၀၉)ခုႏွစ္မွာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာသြားခဲ့တဲ့ သရဲနီေဟာင္း ေရာ္နယ္လ္ဒိုဆီကေန အတုယူထားႏိုင္ေၾကာင္း ဆိုခဲ့တာ ျဖစ္ပါတယ္။

” ဒီေန႔ ရက္ရွ္ဖို႔ဒ္ျပသသြားခဲ့တဲ့ အရည္အေသြးေတြ၊ တည္ျငိမ္မႈေတြ၊ ဂိုးကန္သြင္းမႈေတြ၊ သြင္းဂိုးေတြလိုမ်ိဳးဆိုရင္ ကစားသမားတဦးခ်င္းအရည္အေသြးေတြကို ကြ်န္ေတာ္ တခုတရေျပာႏိုင္ပါတယ္။ ” လို႔ ဆိုးရွားက ေျပာပါတယ္။

” ျပီးေတာ့ ဒီေန႔လိုမ်ိဳး ဖရီးကစ္ကန္ခ်က္မ်ိဳးမွာဆိုရင္လည္း ကာဒစ္ပြဲတုန္းကလည္း သူကလုပ္ျပႏိုင္ခဲ့တယ္။ ဒီေန႔လည္း ထပ္လုပ္ျပခဲ့တယ္။ ”

ဆိုးရွားက ” တကယ္ကို ေကာင္းလြန္းတဲ့ ကန္ခ်က္မ်ိဳးပါပဲ။ သူ ေလ့က်င့္ခန္းလုပ္တဲ့ခ်ိန္တုန္းက ေရာ္နယ္လ္ဒိုရဲ႕ကန္ခ်က္ေတြကို အတုယူ ေလ့က်င့္ခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ယူႏိုက္တက္အတြက္ အေကာင္းဆံုးေျခစြမ္းျပသေနသူျဖစ္ျပီး ျပိဳင္ပြဲစံုသြင္းဂိုး (၅)ဂိုးသြင္းယူထားတဲ့အျပင္ ဖန္တီးမႈ (၅)ၾကိမ္လည္း ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

Ref:Goat

UNICODE FONT

မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ တည်ကန်ဘောနည်းစပိုင်းနဲ့ပတ်သက်လို့ ခရစ်စတီယာနိုရော်နယ်လ်ဒိုရဲ့ ကန်သွင်းမှုတွေကြည့်ပြီး ပညာယူထားနိုင်ကြောင်း နည်းပြဆိုးရှားက ချီးကျူးပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားလေးဟာ မနေ့ညက နယူးကာဆယ်အသင်းကို (၂)ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူကာကူရဲ့အဖွင့်ဂိုးကို သူ့ရဲ့ ဖရီးကစ်ကန်ချက်နဲ့ ဖြစ်တည်စေခဲ့ပြီး ကိုယ်တိုင်လည်း အနိုင်ဂိုးတဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ တည်ကန်ဘောအပြင်းကန်ချက်ကို နယူးကာဆယ်ဂိုးသမား မာတင်ဒူဘရာဗ်ကာ အမိဖမ်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်အံထွက်လာမှုကတဆင့် တိုက်စစ်မှူးလူကာကူက ထပ်ဆင့်ပိတ်သွင်းခဲ့တာပါ။

နည်းပြအိုလီဆိုးရှားကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အဆိုပါတည်ကန်ဘောကန်သွင်းချက်နဲ့ပတ်သက်လို့ (၂၀၀၉)ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တဲ့ သရဲနီဟောင်း ရော်နယ်လ်ဒိုဆီကနေ အတုယူထားနိုင်ကြောင်း ဆိုခဲ့တာ ဖြစ်ပါတယ်။

” ဒီနေ့ ရက်ရှ်ဖို့ဒ်ပြသသွားခဲ့တဲ့ အရည်အသွေးတွေ၊ တည်ငြိမ်မှုတွေ၊ ဂိုးကန်သွင်းမှုတွေ၊ သွင်းဂိုးတွေလိုမျိုးဆိုရင် ကစားသမားတဦးချင်းအရည်အသွေးတွေကို ကျွန်တော် တခုတရပြောနိုင်ပါတယ်။ ” လို့ ဆိုးရှားက ပြောပါတယ်။

” ပြီးတော့ ဒီနေ့လိုမျိုး ဖရီးကစ်ကန်ချက်မျိုးမှာဆိုရင်လည်း ကာဒစ်ပွဲတုန်းကလည်း သူကလုပ်ပြနိုင်ခဲ့တယ်။ ဒီနေ့လည်း ထပ်လုပ်ပြခဲ့တယ်။ ”

ဆိုးရှားက ” တကယ်ကို ကောင်းလွန်းတဲ့ ကန်ချက်မျိုးပါပဲ။ သူ လေ့ကျင့်ခန်းလုပ်တဲ့ချိန်တုန်းက ရော်နယ်လ်ဒိုရဲ့ကန်ချက်တွေကို အတုယူ လေ့ကျင့်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ပြိုင်ပွဲစုံသွင်းဂိုး (၅)ဂိုးသွင်းယူထားတဲ့အပြင် ဖန်တီးမှု (၅)ကြိမ်လည်း ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Ref:Goat

Comments are closed.