ဗျိုက်ရဲ့ သီချင်းတွေကို ခွေပြန်ထုတ်ပေးမယ့် အကိုဖြစ်သူ ညီနန္ဒ

ဗျိုက်ရဲ့ သီချင်းတွေကို ခွေပြန်ထုတ်ပေးမယ့် အကိုဖြစ်သူ ညီနန္ဒ

ကွေကာနဲ့ ကန်တော့ပါရစေ အမေလို့ ကြော်ငြာရိုက်ကူပြီး ပရိသတ်အားလုံးကို နှုတ်ဆက်သွားတဲ့ သရုပ်ဆောင် ဗျိုက်ကို အားလုံးမှတ်မိဦးမယ်ထင်ပါတယ်။

သူဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပါရမီရှိသူတစ်ယောက်ဆိုတာကိုတော့ သိသူနည်းပါတယ်။ ဒီအကြောင်းကို အကိုဖြစ်သူ ညီနန္ဒက ခုလိုပြောပြသွားခဲ့ပါတယ်။

ပြန်ပြီးရနိုင်တဲ့ကိစ္စမဟုတ်တော့ အရမ်းကြီးတော့ သတိရနေတာမျိုးမဟုတ်ပေမယ့် တိုက်ဆိုင်လာရင်တော့ သတိရနေဆဲပါ။

သူအပေါ်တာဝန်မကျေတာက သူသက်ရှိထင်ရှားရှိစဉ်က သီဆိုခဲ့တဲ့ သီချင်း ၁၀ပုဒ်ကို အကို မထုတ်ဖြစ်နိုင်သေးဘူးဖြစ်နေတာပါ။ အရင်ကလည်း ၁၀နှစ်ပြည့် အမှတ်တရထုတ်မယ်ဆိုပြီး မထုတ်ဖြစ်ဘူး။

အခုဆိုရင်ပဲ ၁၂နှစ်ရှိသွားပြီ။ သေချာတာတစ်ခုက ပရိသတ်ကြီးရှေ့ကိုသေချာပေါက်ရောက်အောင်တော့ လုပ်မှာပါ။ အခုခေတ်က ချပြဖို့ Facebook လည်းရှိနေပြီးဆိုတော့ အကုန်လုံးမနိုင်ရင်တောင် ၁ပုဒ်ချင်းစီး ချပြပေးသွားပါမယ်။

ညီအကိုဖြစ်ကြသူ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဆက်နွယ်ပုံလေးတွေရှိပြီး တခါတစ်လေ ရိုးသားတဲ့ ကာရိုက်တာတွေဆိုရင် သူ့ရဲ့ ပုံစံကိုပဲ စိတ်ထဲမှာ Mood သွင်းပြီး သရုပ်ဆောင်လေ့ရှိပါတယ်။

ကျန်တာကတော့ ကိုယ့် Style နဲ့ကိုပဲ သရုပ်ဆောင်ပါတယ်။ အရမ်းကြီးလွှမ်းမိုးတာတာတော့မရှိပါဘူးလို့ ညီနန္ဒက ဆိုပါတယ်။

အခွေထုတ်ဖို့ ကိစ္စက အနည်းငယ်တော့ အခက်အခဲတွေရှိမယ်ထင်တယ်။ အကိုက အနုပညာနဲ့ အဆက်အသွယ်ပြတ်ပြီး စီးပွားရေးဘက်ကို လမ်းချော်သွာတာဆိုတော့လေ။ အခုအခွေထုတ်ဖို့ကျပြန်တော့လည်း Producer ကထိုက်သင့်နဲ့ငွေကြေးရှိမှရမယ်လေ။

နောက်တစ်ခုက နာမည်ကြီးနေတဲ့အဆိုတော်တွေတောင် သူတု့ိအခွေသူတို့ကိုယ်တိုင် ထုတ်နေရတာရှိတယ်။ ဒါက ကျွန်တော်ကြားမိသလောက် စီးရီးလောက ခေတ်ပျက်နေတဲ့အကြောင်းလေးပါ။

အဲ့တော့ ထုတ်လုပ်သူလည်း မရှိနိုင်တာကြောင့် ကျွန်တော်ကိုယ်တိုင်ပဲ အကောင်းဆုံးလုပ်ရမှာဆိုတော့ အနည်းငယ် ကြန့်ကြာနေရတာပါ။ အကိုရဲ့ နောက်ဆုံးကျန်တဲ့ လူ့သက်တမ်းမှာတော့ အကို အကောင်းဆုံးလုပ်သွားမယ်လို့ ပြောချင်ပါတယ်။ Post Views: 6

Comments are closed.