တကယ်ချစ်တဲ့လူမတွေ့သေးလို့ ရည်းစားမထားသေးဘူးဆိုတဲ့ စူးရှထက်

တကယ်ချစ်တဲ့လူမတွေ့သေးလို့ ရည်းစားမထားသေးဘူးဆိုတဲ့ စူးရှထက်

စူးရှထက်ဟာဆိုရင်ပြီးခဲ့တဲ့ နှစ်က အစ္စဏီကိုတရားစွဲလိုက်တဲ့ကိစ္စနဲ့ဟိုးလေးတကျော်ဖြစ်လာပြီးနောက်မှာ လူသိများလာပြီး ပရိသတ်အားပေးမှုလည်းရရှိလာကာ ဝေဖန်မှုတွေရော အားပေးမှုတွေရောကို လက်ခံတတ်တဲ့အနုပညာရှင်တစ်ဦးလို့လည်း နာမည်ကျော်ကြားသူပါ။

စူးရှထက်က မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအချစ်ရေးအခြေအနေနဲ့ လိုချင်တဲ့ချစ်သူပုံစံမျိုးုကိုပြောပြသွားပြီး လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းလည်း ဖြေကြားသွားပါတယ်။

စူးရှထက်က လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အနုပညာလှုပ်ရှားမှုကတော့ ဓာတ်ပုံရိုက်တယ်။ MTV ရိုက်တယ်။ ပွဲလေးတွေဖိတ်ရင်တက်ပေးတယ် ဒါပါပဲ”လို့ပြောပြထားပြီး လက်ရှိအချစ်ရေးအကြောင်းကိုတော့ “ရည်းစားမရှိဘူးလေ။ တစ်ယောက်တည်း။

ချစ်တဲ့သူမတွေ့သေးလို့ပေါ့။ တစ်ယောက်တည်းနေရတဲ့ခံစားချက်ကကောင်းပါတယ်။ အချစ်က ပူလောင်ပါတယ်။ ပူလောင်တဲ့ခံစားချက်ကြီးကို ခံစားဖူးလာတော့ မချစ်တတ်တော့ဘူးပေါ့နော်။ အချစ်တွေကုန်သွားတာလားမသိဘူး။ မချစ်လာဘူးပေါ့”လို့ ပြောထားပါတယ်။

စူးရှထက်က ပထမလူကိုတကယ်ချစ်ရင်ဒုတိယလူဆိုတာမဖြစ်လာဘူးလို့လည်း “ပထမလူကိုတကယ်ချစ်ရင် ဒုတိယလူဆိုတာမဖြစ်လာဘူးပေါ့။စကားပုံတောင်ရှိသေးတယ်။ ဒါပေမယ့် မတွေ့သေးဘူးပေါ့နော်။ ကိုယ်ကတကယ်ချစ်တဲ့လူလည်းမတွေ့သေးဘူးလေ။ နင့်ကိုငါကြိုက်တယ်။တွဲမယ်ဆိုတာမျိုး။

ကိုယ့်ကိုတကယ်ချစ်တာမဟုတ်ဘူးကွာ။ ရယူလိုစိတ်တစ်ခုတည်းများကြတယ်ကွာ”လို့ ဖြေကြားထားပြီး ကိုယ့်ကိုတကယ်ချစ်တဲ့လူဆိုရင်ဆင်းရဲလည်းတွဲဖြစ်မှာပဲလို့ “ကိုယ့်ကိုတကယ်ချစ်တဲ့သူသည် ပိုက်ဆံရှိရှိမရှိရှိ ကိုယ့်ကိုတကယ်ချစ်ပြီး ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုလက်ခံနိုင်မယ့်လူမျိုး ကိုယ့်မိဘကိုလည်းလက်ခံနိုင်မယ့်လူမျိုး။

ပိုက်ဆံကလူကလုပ်မှဖြစ်တာပါ။ ဆင်းရဲပဲဆင်းရဲပါစေ အဲ့လိုလူမျိုးကိုတွဲဖြစ်မှာပါ”လို့ ဖြေကြားထားပါတယ်။

စူးရှထက် သူခံယူထားတဲ့အချစ်စစ်အကြောင်းကိုလည်းပြောပြသွားပါသေးတယ်။ “ကိုယ်တိုင်က အချစ်ကိုဘယ်လိုခံယူထားလဲဆိုတော့ အဆင်မပြေတာရှိရင် နင်တော့အဆင်မပြေဘူး။

ဒါတော့ငါအဆင်မပြေဘူးဆိုပြီး ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်လေးဆိုရင်ကောင်းပါတယ်လို့။ ကိုယ်တိုင်ရည်းစားထားဖြစ်မယ်ဆိုရင်တော့ ပိုက်ဆံကိုစိတ်မဝင်စားဘူး။ညီမက ကိုယ်တိုင်ရှာတယ်လေ။ ပိုက်ဆံချမ်းသာတာလိုချင်ရင် ချမ်းသာတဲ့လူနားမှာသွားနေနေမှာပေါ့။

ဆင်းရဲပါစေ ကိုယ့်အပေါ်နားလည်ရမယ်။ ကိုယ့်မိဘကိုသူ့မိဘလိုဆက်ဆံရမယ်။ ကိုယ်ကလည်းသူ့မိဘကို ကိုယ့်မိဘလိုဆက်ဆံမယ်။ အဲ့လိုလူမျိုးပဲတွဲမှာပါ”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော စူးရှထက်ကိုချစ်ကြလား။ စူးရှထက်ရဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Comments are closed.