စည်သူမောင်တယောက် ပလပ်ကျွတ်နေတာကို ဆေးကြီးကြီးထိုးလိုက်တဲ့ ပိုင်ဇေရဲထွန်း

စည်သူမောင်တယောက် ပလပ်ကျွတ်နေတာကို ဆေးကြီးကြီးထိုးလိုက်တဲ့ ပိုင်ဇေရဲထွန်း

အနုပညာလောကမှာ ရပ်တည်လာတာ ကြာပြီဖြစ်တဲ့ သရုပ်ဆောင် စည်သူမောင်နဲ့ ပိုင်ဇေရဲထွန်းတို့ကိုတော့ ပရိသတ်တွေတော်တော်များများ ရင်းနှီးပြီးသား ဖြစ်မှာပါ။

စည်သူမောင်နဲ့ ပိုင်ဇေရဲထွန်းတို့ကတော့ ညီအကိုရင်းတွေလို ခင်မင်ရုံသာမက ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီး ဇင်သဲနိုင်နဲ့ကလည်း တော်တော်လေးကို ခင်ခင်မင်မင်ရှိကြပါတယ်။

တယောက်နဲ့ တယောက် ညီအကိုလိုမျိုး ဖြစ်နေတာကြောင့် ဆိုရှယ်မီဒီယာပေါ်တွေမှာတော့ အချင်းချင်းတယောက်ကို တယောက် စနောက်ပြီး ဆေးထိုးတာတွေကို တွေ့ရမှာပါ။

လက်ရှိမှာလည်း ဆေးထိုးကြမ်းတဲ့ ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့သူငယ်ချင်းအရင်းကြီး ဖြစ်တဲ့ မင်းသား စည်သူမောင် အသောက်လွန်ပြီး မူးပြီးမောက်နေတဲ့ပုံတွေကို အမိအရ ဓာတ်ပုံရိုက်ထားပြီး သူ့ရဲ့ ဖေ့ဘုတ်အကောင့်ပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ပိုင်ဇေရဲထွန်းကတော့ “ပြောလိုက်ရင် အကိုကြီး idol ကြီးနဲ့ အန်ဖတ်မကျုံးရရုံတမယ် သေနေတာ သူမဟုတ်သလိုပဲ” ဆိုတဲ့ စာသားလေးကို ရေးပြီးတော့ စည်သူမောင် တယောက် ပလပ်ကျွတ်နေတဲ့ ပုံတွေနဲ့ အကြီးကြီး ဆေးထိုးလိုက်တာ ဖြစ်ပါတယ်။

အရင်တခေါက်ကလည်း ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးချော ဇင်သဲနိုင်ကလည်း စည်သူမောင်တယောက် ကနေတဲ့ ဗီဒီယိုလေးကို အွန်လိုင်းပေါ်တင်ပြီးတော့ ဆေးထိုးဖူးပါသေးတယ်။ အဲ့တုန်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပြီး စည်သူမောင်တယောက် ဟာသဖြစ်ခဲ့ပါသေးတယ်။

ဒီတခေါက်မှာတော့ ကတာထက်ပိုပြီးတော့ ဆိုးတဲ့ ပုံတွေကို ဆေးထိုးလိုက်တာဖြစ်ပါတယ်။ ဒီပုံတွေကလည်း လက်ရှိမှာဆို ပရိသတ်တွေကြားမှာ ပြန့်နှံနေပါပြီ။

စည်သူမောင်တယောက်ကတော့ဒေါသထွက်ရခက် စိတ်ဆိုးရခက်တဲ့ အချစ်ဆုံးသူငယ်ချင်းကြီး ပိုင်ဇေရဲထွန်းကိုတော့ အပြစ်မမြင်လောက်ဘူး ထင်ပါတယ်။

စည်သူမောင်တယောက် ပလပ်ကျွတ်ပြီး မြင်သူတိုင်းခွီနေရမယ့်ပုံတွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။ သင်တို့ထဲမှာလည်း ဒီလိုအသောက်လွန်ပြီး မောက်သွားတဲ့ သူတွေရှိကြလား။

Comments are closed.