Exo ရဲ့ D.O နဲ့ တူတယ်လို့ဝေဖန်ခံနေရတဲ့ G Fatt

Exo ရဲ့ D.O နဲ့ တူတယ်လို့ဝေဖန်ခံနေရတဲ့ G Fatt

G Fatt ဟာဆိုရင် အောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး သီချင်းကောင်းတွေနဲ့ပရိသတ်ကိုဖမ်းစားထားသလို နိုင်ငံကျော်အဆိုတော်သရုပ်ဆောင်နန်းစုရတီစိုးရဲ့ချစ်သူလည်းဖြစ်ပါတယ်။

G Fatt နဲ့ နန်းစုတို့အတွဲလေးက သိပ်ကိုလိုက်ဖက်လွန်းတာကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေဝိုင်းချစ်တာကိုခံရတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။

မကြာသေးမီကတော့ ပရိသတ်တွေကြားမှာ G Fatt နဲ့ ပတ်သက်တဲ့ဝေဖန်ချက်တွေထွက်လာခဲ့ပြီး တော်တော်လေးဂယက်ရိုက်သွားခဲ့တယ်လို့ဆိုရမှာပါ။

အဲဒါကတော့ G Fatt နဲ့ နန်းစုကို ပရိသတ်တစ်ဦးက ချစ်ခြင်းမေတ္တာနဲ့ ချီးကျူးသွားခဲ့တာပါ။ နန်းစုကို ကိုရီးယားမင်းသမီးလေးနဲ့တူတယ်လို့ပြောပြီး G Fatt ကို TV မှာလာနေတဲ့ ချစ်နေ့စွဲတစ်ရာ series ထဲက ဝမ်ဒုဆိုတဲ့မင်းသားလေးနဲ့တူတယ်လို့မှတ်ချက်ပေးသွားတာဖြစ်ပါတယ်။

အဲဒီမင်းသားလေးက ကိုရီးယားမင်းသားဆိုတဲ့အတိုင်း ပြစ်မျိုးမှဲ့မထင်အောင်ချောသူဖြစ်ပြီး မင်းသားရဲ့အပြင်နာမည်က ဒိုဂျောင်ဆူးဖြစ်ပါတယ်။ Exo ရဲ့ D.O အဖြစ်လူသိများထင်ရှားပါတယ်။

Exo ဆိုတာ အာရှိတိုက်မှာမသိသူမရှိတဲ့ ကိုရီးယားအဆိုတော်အဖွဲ့ဖြစ်ပြီး ကမ္ဘာအနှံ့မှာလည်း လူသိများထင်ရှားတဲ့ အဆိုတော်အဖွဲ့ဖြစ်ပါတယ်။

Exo ဟာ Idol ချောချောလေးတွေနဲ့ဖွဲ့စည်းထားပြီးသီချင်းတွေလည်းကောင်းသလိုအဖွဲ့ဝင်တွေကလည်း နတ်သားလေးတွေအလားချောလွန်းတာကြောင့် အမျိုးသမီးထုကြီးရဲ့အသည်းကို တဖြုတ်ဖြုတ်ကြွေအောင်ပြုစားထားနိုင်တဲ့အဖွဲ့လည်းဖြစ်ပါသေးတယ်။

D.O ဟာ Exo အဖွဲ့ထဲမှာ အားလုံးကဝိုင်းချစ်ရတဲ့ကောင်လေးဖြစ်ပြီး သရုပ်ဆောင်တာရော အဆိုတော်ဘက်ရော၊ အခြားအရာတွေပါ စွယ်စုံရ skill တွေနဲ့ပရိသတ်တွေတခဲနက်အားပေးတာခံရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။

အဲဒီလို D.O နဲ့ အနှိုင်းခံရပြီး ချစ်ဖို့ကောင်းတယ်လို့အပြောခံရခြင်းဟာ G Fatt အတွက်ဂုဏ်ယူစရာပဲလို့ တွေးတဲ့ပရိသတ်တွေလည်းရှိပြီး G Fatt ကို သက်သက်လူမုန်းများအောင်ပြောတာလို့ဝေဖန်တဲ့ပရိသတ်တွေလည်းရှိနေသလို D.O နဲ့ တူတယ်ပြောရပါ့မလားလို့ ဒေါသူပုန်ထစပြုနေပြီဖြစ်တဲ့ Exo Fans တွေလည်းတစ်နေ့တစ်ခြားပေါ်ထွက်လာနေပြီဖြစ်ပါတယ်။

ပွောခငြျလှနျးလို့ပရိသတျကွီးရော D.O နဲ့ G Fatt တူတယျထငျကွလား။ သူတု့ိနှဈယောကျရဲ့အနုပညာတှကေိုရော အာေးပးကွလား။ D.O နဲ့ တူတယျလို့အပွောခံနရေတဲ့ G Fatt ကိုရော ဘယျလိုမွငျလဲပွောခဲ့ကွပါဦး။

Can’t Wait To Say

Comments are closed.