အကြမ််းဖက််အဖွဲ့တွေက ဘာကိုလိုချင်လို့့ တိုက်ခိုက််နေတာလဲ

အကြမ််းဖက််အဖွဲ့တွေက ဘာကိုလိုချင်လို့့ တိုက်ခိုက််နေတာလဲ

သောင််းကျန်းသူအဖွဲ့အစည်းအားလုံးရပ်တည်နိုင်ဖို့အတွက် ဘတ်ဂျက်လိုပါတယ်။
အဲဲဒီဘတ်ဂျက်ရနိုင်တဲ့နည်းလမ်းကတော့

၁) သစ်၊
၂) ကျောက်စိမ်းလိုတွင်းထွက်ရတနာ၊
၃) မူးယစ်ဆေးတို့ပဲ ဖြစ်တယ်။
ဆက်ကြေးဆိုတာ စာမဖွဲ့လောက်ပါဘူး။

မြန်မာပြည်အခြေအနေအရ သစ််တောတွေအားလုံးကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ ပြောင် သလင်းခါသလောက် ဖြစ်နေပါပြီ။ ကျောက်စိမ်းလိုတွင်းထွက်ရတနာမျိုးဆိုတာကလည်း တူးဖော်ရတဲ့အချိန်လိုပါသေးတယ်

နောက်ပြီး ပင်လယ်ထဲငါးဖမ်းသလိုပဲဲ တူးတိုင်းလည်းရချင်မှရတာမဟုတ်ပါလား။ဒီတော့လက်နက်ကိုင်တွေအတွက်ဘတ်ဂျက်ရှာရာမှာ ငွေရ အလွယ်ဆုံးလမ်းဟာ မူးယစ်ဆေးပဲဖြစ်ပါတယ်။ မူးယစ်ဆေး သယ်ယူဖြန့်ဖြူတဲ့ လုပ်ငန်းဟာ လက်နက်ကိုင်အဖွဲ့အများစုရဲ့ ပင်မရန်ပုံငွေစီးကြောင်းလို့တောင်ပြောနိုင်ပါတယ်။

ဆက််ကြေးကောက်လို့ရတဲ့ပိုက်ဆံနဲ့ စစ်တိုက်လို့မရပါဘူး။ တစ်လကို တိုက်ပွဲ ဘယ်နှစ်ပွဲ၊ တစ်နှစ်ကို တိုက်ပွဲ ဘယ်နှစ်ပွဲ၊ အသုံးပြုရမယ့် လက်နက်/ခဲယမ်းအသေးစိတ် တွက်ပြမနေ တော့ဘူး။

ဝါသနာပါရင်် Google ခေါက်ပေါက်စျေးရှာကြည့်ပြီး တွက်နိုင်ပါတယ်။ ပြောချင်တာက စစ်တိုက်ရတာပိုက်ဆံအလွန်ကုန်ပါတယ်၊

ဒီကုန်တဲ့ငွေအတွက်် မူးယစ်ဆေးကိုမှီခိုအားထားရုံမှအပ တခြား နည်းလမ်းရွေးချယ်ရခက်ပါတယ်။ ဆိုတော့ ရခိုင်အရေးစဖြစ်ကတည်းက ကျွန်တော်ခဏခဏထောက်ပြပါတယ်။

မူးယစ်ဆေးကိစ္စပါ။

တလောကတင်ထွက်ပြေးသွားတဲဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာမိတဲ့မူးယစ်ဆေးတွေမနည်းပါဘူး။ ကြောက်ခမန်းလိလိပါပဲ။ ဒါတွေကနေ ငွေပြောင်း၊ ငွေကနေ လက်နက်ခဲယမ်းပြောင်းသွားတာပါ။ MNDAA, TNLA, AA တို့ သုံးဖွဲ့ဟာ သာမန်မဟာမိတ်မဟုတ်ဘဲ အခုပြောသလို မူးယစ်ဆေးနဲ့ ဘတ်ဂျက်ရှာဖွေရေးမှာပါ အကျိုးတူပူးပေါင်းဆောင်ရွက်နေကြတဲ့အုပ်စုသုံးခုလို့ထင်ပါတယ်။

ဥပမာ MNDAA က ကိုးကန့်တွေက နဂိုကတည်းကိုက မူးယစ်ဆေး စိုက်ပျိုး၊ ထုတ်လုပ်တဲ့နေရာမှာကျွမ်းကျင်ပြီးသားပါ။ ဒီတော့ Production အပိုင်းကို ကျွမ်းကျင်ပြီးဖြစ်တဲ့ MNDAA ကတာဝန်ယူ၊ Carrying အပိုင်းမှာ အထက်မြန်မာပြည်မှာ TNLA က တာဝန်ယူ၊ အောက်မြန်မာပြည်နဲ့ ပြည်ပနိုင်ငံတချို့ကိုတင်ပို့ဖို့အတွက်က AA ကတာဝန်ယူပြီး Distribution လုပ်တာ မျိုးမဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရပါဘူး။ ထည့်သွင်းစဉ်းစားကြည့်တာပါ။

ကျွန််တော့်အထင်တော့ မူးယစ်ဆေးတစ်ခါဖြန့်ပြီးသွားတိုင်း ရရှိတဲ့အကျိုးအမြတ်ဟာ ဒီသုံးဖွဲ့စလုံးနဲ့ ပတ်သက်နေတယ်လို့ ထင်ပါတယ်။

ဒီတော့မူးယစ်ဆေးတိုက်ဖျက်ရေးကို အစိုးရကအားစိုက်လုပ်ဆောင်လာတာဟာ ဒီသုံးဖွဲ့စလုံးရဲ့ ဘတ်ဂျက်ကို တဖြည်းဖြည်းရိုက်ချိုးနေသလိုဖြစ်နေပါတယ်။

ပြောချင်တာ လာပါပြီ။

အခုတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့ တိုးဂိတ်အနီးက မူးယစ်စစ်ဆေးရေးဂိတ်မှာ အမေရိကန်ကထောက်ပံ့ထားတဲ့ မူးယစ်ဆေး စစ်ဆေးရေး စက်တစ်လုံးရှိတယ် လို့သိရပါတယ်။

ဘယ်လိုပဲဲ လူ/ ယာဉ်ပေါ်မှာ ဝှက်ပြီး သယ်ဆောင်လာသည်ဖြစ်စေ..မလွတ်ဘူးလို့ဆိုပါတယ်။ အင်မတန် အဆင့်မြင့်ပြီး အလွန်ကောင်းတဲ့ စက်လို့ဆိုပါတယ်။ဆိုတော့ကာ ဒီအင်မတန်အဆင့်မြင့်ပြီးအလွန်ကောင်းတဲ့ အမေရိကန်စက်ကြီးဟာ အခုပြောတဲ့အကြမ်းဖက်သူပုန်သုံးဖွဲ့အတွက်တော့ အလွန် မုန်းစရာကောင်းတဲ့စက်ကြီးပါ။

ရှမ်းမြောက်ကနေ သယ်လာတဲ့မူးယစ််ဆေးတွေဟာ ဒီစက်ကြီးရဲ့စစ်ဆေးမှုအောက်ကနေ လွတ်မသွားဘူးလို့ဆိုပါတယ်။ဆိုတော့ ဒီစက်ကြီးကို ရှင်းထုတ်ပစ်ဖို့ လိုလာပါတယ်။ ဒီစက်ကြီးကို ရှင်းထုတ်ပစ်နိုင်မှသာ ဘတ်ဂျက်စီးဆင်းမှုလမ်းကြောင်းပွင့်သွားမှာပါ။

သို့သော်် တခြားဟာတွေကို ဘာမှမလုပ်ဘဲ ဒီစက်ကြီးတစ်ခုတည်းကိုသွားရှင်းထုတ်လိုက်ရင် ကျွန်တော်တို့မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ ရပ်တည်နေကြတာပါဗျာလို့ တရားဝင်ဖွင့်ဟဝန်ခံလိုက်သလိုဖြစ်သွားမှာပါ။ ဒီအတွက် သုံးဖွဲ့စလုံး အမျိုးမျိုးစဉ်းစားပြီး ဉာဏ်နီဉာဏ်နက်၊ ဉာဏ်ဝါ၊ဉဏ်ပြာတွေ အမျိုးမျိုးထုတ်နေပုံရပါတယ်။

ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှှစ်ထဲမှာ မူးယစ်ဆေးဝါးတွေဖမ်းဆီးမိတာ အလွန်များပြားနေတဲ့ အပြင် ရခိုင်စစ်မျက်နှာမှာကလည်း မျက်နှာပန်းမလှပါဘူး။ ပွဲကြီးနှစ်ပွဲလောက်ဖန်တီးလိုက်တာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့အပြင် AAဆီကရိက္ခာစားအတော်လျော့သွားပါတယ်။ကျော်ဟန်တောင် သူငယ်အိမ်တွေဘာတွေ ကြောင််တောင်တောင်ဖြစ်သွားတာကို လေ့လာကြည့်ပါ။

ပေါင်် ၅၀၀ဗုံးတွေနဲ့ တခြား တင်မော်ဓာတုတို့/ ဇီဝသန်းနိုင်တို့မပါတဲ့ ခေတ်သစ်နည်းပညာသုံး စပယ်ရှယ်ဗုံးတွေရဲ့ဒဏ်ကို ကောင်းကောင်းမြည်းစမ်းခွင့်ရလိုက်ပါတယ်။ ဆိုတော့ မူလရည်ရွယ်ချက်က ဘတ်ဂျက်ကိုထိခိုက်နေတဲ့ အမေရိကန် စက်ကြီးကို ဖျက်ချင်နေတာပါ။ ဒီအချိန်မှာ တိုက်ပွဲအရှိန်မြင့်တက်နေပြီး အကျအဆုံးကလည်းများနေတော့ ချော်လဲရောထိုင်လို့ရအောင် သုံးဖွဲ့ပေါင်းပြီး ကြေညာချက်တစ်စောင် ထုတ်လိုက်ပါတယ်။

တစ်ချက်ခုတ်် လေးငါးခြောက်ချက်ပြတ်ပေါ့။ ဒီတော့ ကြေညာချက်ထုတ််ပြီး တိုက်ကွက်ဖော်ပါတယ်။

“နောင်ချိုမရောက်ခင်် ကျောက်ကြမ်းရွာနားရယ်၊ မြို့အထွက်က မူးယစ်စစ်တဲ့ ဂိတ်ရယ်၊ ဂုတ်တွင်းထဲက တံတားရယ် သုံးနေရာကို တိုက်ခိုက်ခံရတယ်” ဟု ဒေါက်တာ စစ်အောင်လတ်က ပြောဆိုကြောင်း The Voice Journal မှာဖော်ပြထားပါတယ်။

DSTA ကိုတိုက်ခိုက်တာနဲ့ဆိုရင် လေးနေရာလို့ပြောရမယ်ထင်ပါတယ်။

DSAT ကိုတိုက်ခိုက်တာက လက်နက်ကြီးနဲ့ပစ်တယ်လို့ပြောပေမယ့် 7Day မှဖော်ပြထားတဲ့ပုံတွေကို ကြည့်ရတာတော့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်သွားတာလို့ထင်ပါတယ်။ ၆ ချက်ပစ်ပြီး နောက်အလုံးတွေဆက်ပစ်ဖို့ အခြေအနေ မပေးတော့လို့ ချက်ချင်းပြန်လစ်သွားပုံရပါတယ်။

တပ်ကဒုံးကျည်လာရာလမ်းကြောင်းဘက်ကို်ိဦးတည် ရှင်းလင်းသွားချိန်မှာ အသည်းအသန်ထွက်ပြေးသွားကြပုံပေါ်ပါတယ်။

၁။ မူလရည်ရွယ်ချက်အစစ်အမှန်ဖြစ်တဲဲ့ မူးယစ်ဆေးရှာဖွေစစ်ဆေးတဲ့စက်ကို မီးရှို့ဖျက်ဆီးပစ်နိုင်ခဲ့တယ်။

၂။ DSTA ကို ရှော့တိုက်ဒုံးများနဲ့ပစ်ပြခြင်းအားဖြင့် ငါတို့လုပ်လို့ရတယ်ဆိုပြီး ထိပ်ပုတ်ခေါင်းပုတ်လုပ်ပြသွားတာဖြစ်တယ်။

၃။ ကျောက်ကြမ်းရွာနားက တိုက်ခိုက်မှုနဲ့ ဂုတ်တွင်းတံတားဖျက်ဆီးမှုကတော့ ပြည်သူကိုပါခြောက်လှန့်လိုက်တာဖြစ်ပါတယ်။

(စစ်တပ်ကအဲဒီထက်ကြီးတဲ့တံတားကြီးချိုးပစ်လိုက်လည််း မရောက်ရောက်အောင်တံတားထိုးပြီး လာလို့ရပါတယ်။)။ ကျန်တာကတော့ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့အပိုင်းပါ။ ထားပါတော့။ ပြောချင်တာရှိပါသေးတယ်။

အခု အကြမ်းဖက်သူပုန်တွေဝင်ရောက်ဖျက်ဆီးသွားတဲ့ အမေရိကန်က အကူအညီပေးထားတယ်ဆိုတဲ့ မူးယစ်ဆေးရှာဖွေတဲ့ စက်မျိုးကို ရန်ကုန်၊ မန္တလေးအပါအဝင် သံသယရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ ဝင်/ထွက်ပေါက်တွေမှာ ချထားနိုင်မယ်ဆိုရင် တိုင်းပြည်အတွက် အလွန်အကျိုးများမယ်လို့ ယုံကြည်ပါတယ်။

အရေးကြီးတဲ့ တိုင်းနဲ့ ပြည်နယ်က ဝင်/ထွက်ပေါက်တွေ၊ လေဆိပ်၊ သင်္ဘောဆိပ်တွေမှာ ချားထားသင့်တဲ့စက်တွေပါ။ စက်က quality ကောင်းလွန်းလို့ ညာလို့မရ/ ဖုံးကွယ်ထားလို့မရဘူးလို့ဆိုပါတယ်။ ဒီစက်ကြီးကြောင့် ဒီတိုက်ပွဲဖြစ်လာတာပါ။ ဆိုတော့ မြန်မာပြည်မှာ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေရော မကြမ်းတကြမ်းဖက်အဖွဲ့လက်နက်ကိုင်အဖွဲ့တွေရော အားအင်ချိနဲ့သထက်ချိနဲ့သွားစေချင်သလား.. မူးယစ်ဆေးဝါး ထုတ်လုပ်/သယ်ယူ/ဖြန့်ဖြူးမှုကို ထိထိရောက်ရောက်ချေမှုန်းနိုင်ရင် ရပါတယ်။

ဒါကတော့ အစိုးရနဲ့ တပ်မတော် လက်တွဲဆောင်ရွက်ရမယ့်ကိစ္စတွေပါ။ ကိုယ်ထင်တာလေးနဲ့ တစ်ဖက်ဖက်ကို အပြစ်လျှောက်ပြောနေလို့ အကျိုးမရှိပါဘူး။

DSTA ဆိုတာက ကားလမ်းဘေးကနေ လှမ်းကြည့်ရင်တောင် အတိုင်းသားမြင်နေရတာကိုး။ ရှော့တိုက်ဒုံးကျည်မဟုတ်ပါဘူး၊ ရှော့မတိုက်တဲ့ပခုံးထမ်းလောင်ချာနဲ့ ကားပေါ်ကနေ ပစ်ပြေးလုပ်သွားလည်း ရတာပါပဲ။

ရှော့တိုက်ဒုံးကျည်သုံးရတဲ့ရည်ရွယ်ချက်တွေထဲမှာ တစ်ချိန်က ဗကပတွေလော လောင်ချာ (တစ်ခါသုံး) သုံးသလို ရည်ရွယ်ချက်လည်း ပါနိုင်ပါတယ်။ ဆိုလိုတာပစ်ပြီး ပြောင်းကြီးပြန်သယ်ရတဲ့ဒုက္ခမရှိတော့ပါဘူး။ ကျွန်တော်တို့က လောလောင်ချာလို့ အလွယ်ခေါ်တဲ့ တစ်ခါသုံးလောင်ချာဆိုတာ ဖိုင်ဘာကိုယ်ထည်ပြောင်းခွံကြီးထဲမှာ ဗုံးသီးတစ်ခါတည်းမြှုပ်ထားတာပါ။

ပစ်ခါ်နီးမှာအပေါ်က အခေါက်ဖတ်လေးဆွဲလှန်ချလိုက်ပြီး ပစ်ပြီးတာနဲ့ ကိစ္စပြီးသွားပါပြီ။

တစ်ခါသုံးဆေးထိုးအပ််လို လွှင့်ပစ်လိုက်ရုံပါဘဲ အရင်က ဗကပတွွေ တစ်ယောက်တစ်လုံးမဟုတ်ရင်တောင် နှစ်ယောက်တစ်လုံးလောက် ပါတတ်ပါတယ်။ ဘာပြောပြော လေးငါးဆယ်လုံးလောက် တဂျိမ်းဂျိမ်းပစ်လိုက်ရင်ကို တစ်ဖက်က နည်းနည်းတော့ ရှိန်သွားတတ်တယ် မဟုတ်လား။ ထားပါတော့။ ပြန်ချုပ်ပါ့မယ်။

မူးယစ်ဆေးစစ်ဆေးတဲ့ စက်ကြီးကို ဖျက်ဆီးချင်လို့ ဒီတိုက်ပွဲကို ဖန်တီးတာပါ။ မြန်မာပြည်ကအကြမ်းဖက် အဖွဲ့အစည်းတွေအထိနာစေချင်ရင် မူးယစ်ဆေးနှိမ်နှင်းရေး ကို လက်ရှိလုပ်နေတာထက် အရှိန်တိုးမြှင့်ပြီး ပိုမိုထိထိ ရောက်ရောက်ဆောင်ရွက်ဖို့လိုပါတယ်။

ဒီလောက် တန်ဖိုးကြီးပြီး အစွမ်းထက်လှတဲ့စက်ကြီးအတွက်် လုံခြံုရေး ဆောင်ရွက်ထားမှုကတော့ အလွန်ကို အားနည်းတယ်လို့ပဲပြောချင်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် — ရဲကျော်သူရ

Comments are closed.