မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်း အများစုရဲ့ ရိုးသားမှု မရှိတဲ့ နောက်ကွယ်ကအကြောင်း

မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်း အများစုရဲ့ ရိုးသားမှု မရှိတဲ့ နောက်ကွယ်ကအကြောင်း

ဒီအစိုးရလက်ထက်မှာ အထင်ရှားဆုံး နဲ့ ကိုယ်အကြိုက်ဆုံး လုပ်ရပ်ကတော့ မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နင်းတာပဲ။ ငွေကြေးဖောင်းပွ စီးပွားရေးမတည်ငြိမ်တာက အစ တခြား ကျန်းမာရေး ပညာရေး ဘက်ပေါင်းစုံကနိမ့်ကျနေခြင်းရဲ့ အဓိက သော့ချက်ထဲမှာ ဒီမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲနေခြင်းက ပင်မအကြောင်းရာထဲမှာပါနေတာ။

ဒါကြောင့်ဒီအရေးကြီးတဲ့ပင်မအချက်ကို ဦးတည်ဖြိုခွင်းနိုင်မှ တိုင်းပြည်ရဲ့ရေရှည်အကျိုးဖြစ်ထွန်းမှုကို တည်ဆောက်လို့ ရနိုင်မှာပါ။ စီးပွားရေးဖွ့ံဖြိုးမှု အားနည်းနေသေးတဲ့ နိုင်ငံတစ်ခုမှာ ဖြတ်လမ်းနည်းနဲ့ အမြန်သူဌေးဖြစ်နိုင်တာဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းက အကောင်းဆုံးလို့ ခံယူထားတဲ့ လူနည်းစု အဖွဲ့စည်းတွေဟာ နှစ်ပေါင်းများစွာ ဒါကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ကြတာဆိုတော့ သူတို့ရဲ့ အခြေခိုင်မှုကို ထိခိုက်လာတာနဲ့အမျှ သိမ်းကျုံးရမ်းကားဖို့လည်း ဝန်လေးမှာမဟုတ်ဖူး။

အပေါ်ယံဟန်ပြမှာသာ အမျိုးသားရေးလိုလို၊ တိုင်းရင်းသားဖိနှိပ်ခံ လွတ်မြောက်ရေးလိုလို၊ အာဏာရှင်ဆန့်ကျင်ရေးလိုလို အမျိုးမျိုး ခေါင်းစဉ်တပ် ဖုံးကွယ်ထားပေမယ့် နောက်ကွယ်မှာ တကယ့်ဦးစားပေးလုပ်နေတာကတော့ မူးယစ်ဆေးထုတ်လုပ် ဖြန့်ချိရေးပဲ။

ဒီလိုမျိုး ကိုယ်ကျိုးအတ္တအတွက်ပဲ ဦးတည်လုပ်ကိုင်နေလို့လည်း အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ တကယ်လက်တွေ့ ကျကျ ပူးပေါင်းပါဝင်ဖို့ တွန့်ဆုပ်နေကြတာပဲ။ တကယ့် တိုင်းရင်းသားအရေး ၊ အများပြည်သူကောင်းကျိုးအရေးကိုသာ ဦးတည်ချက် ထားတဲ့အဖွဲ့စည်းဆိုရင် အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ မအောင်မြင်စရာအကြောင်း ဘာမှမရှိဘူး။Read More  အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

မူးယစ်ဆေးဝါးတွေ ပိုင်ရှင့်မယ့်ဖမ်းမိတယ် ပိုင်ရှင်မယ့်ဖမ်းမိတယ်တွေလည်း များလာရော ဟော..အခုဆိုရင် မခံနိုင်ကြ တော့တဲ့ အဆုံး ပိုင်ရှင်တွေ ရုပ်လုံးပေါ် ဇာတိပြလာကြတော့တာပဲ။ နာခဲ ခဲတဲ့ကျားလို တွေ့သမျှ မြင်သမျှ လိုက်ခဲနေ တော့ မှာပဲ။ လတ်တလောမှာတော့ ကျားဆိုးရဲ့ နာခဲ ခဲတဲ့ဒဏ်ကို ခံရနိုင်ချေရှိပေမယ့် အချိန်တန်ရင်တော့ ချုပ်ငြိမ်းသွားရမှာပါပဲ။

ဒီလိုမျိုးအကြောင်းတရား အမျိုးမျိုးတွေကြားက ဘယ်ဘက်မှ မတိမ်းစောင်းရအောင် ညှိ့နှိုင်းဆောင်ရွက်နေရတဲ့ လက်ရှိ အစိုးရအပေါ်မှာလည်း အပြည့်အဝ နားလည်မပေးနိုင်ဘူး ဆိုရင်တောင် ဘာလုပ်လုပ် ထိုင်ပြီးဖောင်းထုနေတဲ့ လူတွေထဲမှာ မပါဘူးဆိုရင်ပဲ အများအတွက် သွယ်ဝိုက်တဲ့နည်းနဲ့ ကူညီရာ ရောက်ပါလားဆိုတာ သဘောပေါက်ကြဖို့ပါပဲ။

Zaw Min Oo (လေးစားမှုဖြင့် ခရက်ဒစ်)

Comments are closed.