၂၀၁၈ ဟာ ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆံုးႏွစ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္တဲ့ စီ ေရာ္နယ္ဒို

၂၀၁၈ ဟာ ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆံုးႏွစ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္တဲ့ စီ ေရာ္နယ္ဒို

ဂ်ဴဗင္တပ္အသင္းရဲ႕ တုိက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္ဒိုက ၂၀၁၈ ခုႏွစ္ဟာ သူ႕ရဲ႕ ကစားသမားဘဝမွာ အေကာင္းဆံုးႏွစ္ျဖစ္တယ္လုိ႔ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ စီ ေရာ္နယ္ဒိုက သူဟာ ၂၀၁၈ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္အျဖစ္ ရယူႏုိင္ခဲ့တဲ့အျပင္ ဂ်ဴဗင္တပ္အသင္းထံလည္း ေျပာင္းေရႊ႕ခြင့္ ရရွိခဲ့တာေၾကာင့္ ယခုလို ေျပာဆိုခဲ့တာျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဂ်ဴဗင္တပ္အသင္းကို ယခုရာသီအစမွာမွ ယူရို ၁၁၅ သနး္နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ စီ ေရာ္္နယ္ဒိုဟာ ၂၀၁၈ ခုႏွစ္မွာ The Best FIFA Men’s Player နဲ႔ Ballon d’Or လိုမ်ိဳး တစ္ဦးခ်င္းဆုတံဆိပေ္တြနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ သူ႕ရဲ႕ ကစားသမားဘဝမွာ စိတ္ခ်မ္းေျမ႕ဖြယ္အေကာင္းဆံုး ႏွစ္တစ္ႏွစ္ျဖစ္တယ္လုိ႔ သံုးသပ္ခဲ့ပါတယ္။

“၂၀၁၈ ဟာ ကၽြန္ေတာ့္ရဲ႕ ကစားသမားဘဝမွာ အေကာင္းဆံုး ႏွစ္ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕ႏုိင္ခဲ့လိုပါ။ စီးရီးေအမွာ အသင္းတိုင္းဟာ ခံစစ္သိပ္ေကာင္းၾကပါတယ္။ ကစားရတာပိုခက္ခဲပါတယ္။ ခ်န္ပီယံလိဂ္ဆုဖလားကို ရယူႏိုင္ဖို႔က အိပ္မက္တစ္ခုျဖစ္ေပမယ့္ ဒါကို ဥပါဒါန္တစ္ခုလို စြဲလမ္းေနလုိ႔ မျဖစ္ပါဘူး။ ကၽြန္ေတာ္က အသင္းေအာင္ျမင္ဖို႔အတြက္ ကစားေပးေနတာပါ။” လို႔ သူက ေပၚတူဂီမီဒီယာ Record နဲ႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

“တူရင္က လူတုိင္းက အဘက္ဘက္က ေႏြးေႏြးေထြးေထြး ၾကိဳဆိုဆက္ဆံၾကပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ဒီခံစားခ်ပ္ဟာ အရမ္းေကာင္းမြန္လြန္းပါတယ္။ ကၽြန္ေတာ့္ရဲ႕ ကစားသမားဘဝက ဘယ္အခ်ိန္မွာ အဆံုးသတ္မယ္ဆိုတာကို ကၽြန္ေတာ္ကိုယ္တုိင္ ေသခ်ာမသိေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ခုထိ အဆင္ေျပေနပါေသးတယ္။ ေနာက္ထပ္ ႏွစ္မ်ားစြာ ကစားသြားဦးမွာပါ” လုိ႔ သူက ဆိုခဲ့ပါတယ္။

during the Group H match of the UEFA Champions League between Manchester United and Juventus at Old Trafford on October 23, 2018 in Manchester, United Kingdom.

ေအာင္ျမင္မႈအလီလီ ရယူခဲ့ဖူးတဲ့ ရီးရဲလ္မက္ဒရစ္အသင္းက ကာလေတြကိုေက်ာ္လြန္ျပီး ယခုလို ေျဖၾကားခဲ့တာေၾကာင့္ သူ႕ရဲ႕ ေျဖၾကားခ်က္ဟာ ရီးရဲလ္မွာကစားခဲ့တဲ့ ေနာက္ဆံုးႏွစ္ေတြမွာ အသင္းဥကၠဌ ပီရက္ဇ္နဲ႔ အဆင္မေျပျဖစ္ခဲ့တာေၾကာင့္ စိတ္မခ်မ္းမသာျဖစ္ခဲ့ရတာကို ရည္ညႊန္းဟန္ရွိျပီး မက္ဒရစ္အသင္းတာဝန္ရွိသူေတြအတြက္ေတာ့ စိတ္ကသိကေအာင့္ျဖစ္ဖြယ္ျဖစ္တယ္လုိ႔ မီဒီယာေတြက သံုးသပ္ခဲ့ၾကပါတယ္။

စီ ေရာ္နယ္ဒိုဟာ ယခုရာသီအစမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႕လာခဲ့ျပီး ၂၄ ပြဲပါဝင္ကစားေပးထားကာ ၁၅ ဂိုးသြင္း၊ ၇ ဂိုးဖန္တီးေပးထားပါတယ္။

UNICODE FONT

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ၂၀၁၈ ခုနှစ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံးနှစ်ဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စီ ရော်နယ်ဒိုက သူဟာ ၂၀၁၈ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်အဖြစ် ရယူနိုင်ခဲ့တဲ့အပြင် ဂျူဗင်တပ်အသင်းထံလည်း ပြောင်းရွှေ့ခွင့် ရရှိခဲ့တာကြောင့် ယခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်အသင်းကို ယခုရာသီအစမှာမှ ယူရို ၁၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ စီ ရော်နယ်ဒိုဟာ ၂၀၁၈ ခုနှစ်မှာ The Best FIFA Men’s Player နဲ့ Ballon d’Or လိုမျိုး တစ်ဦးချင်းဆုတံဆိပေ်တွနဲ့ လွဲချော်ခဲ့ပေမယ့် သူ့ရဲ့ ကစားသမားဘဝမှာ စိတ်ချမ်းမြေ့ဖွယ်အကောင်းဆုံး နှစ်တစ်နှစ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

“၂၀၁၈ ဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အကောင်းဆုံး နှစ်ဖြစ်ပါတယ်။ ဂျူဗင်တပ်ကို ပြောင်းရွှေ့နိုင်ခဲ့လိုပါ။ စီးရီးအေမှာ အသင်းတိုင်းဟာ ခံစစ်သိပ်ကောင်းကြပါတယ်။ ကစားရတာပိုခက်ခဲပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ဖို့က အိပ်မက်တစ်ခုဖြစ်ပေမယ့် ဒါကို ဥပါဒါန်တစ်ခုလို စွဲလမ်းနေလို့ မဖြစ်ပါဘူး။ ကျွန်တော်က အသင်းအောင်မြင်ဖို့အတွက် ကစားပေးနေတာပါ။” လို့ သူက ပေါ်တူဂီမီဒီယာ Record နဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“တူရင်က လူတိုင်းက အဘက်ဘက်က နွေးနွေးထွေးထွေး ကြိုဆိုဆက်ဆံကြပါတယ်။ ကျွန်တော်တို့အတွက် ဒီခံစားချပ်ဟာ အရမ်းကောင်းမွန်လွန်းပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝက ဘယ်အချိန်မှာ အဆုံးသတ်မယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင် သေချာမသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော် ခုထိ အဆင်ပြေနေပါသေးတယ်။ နောက်ထပ် နှစ်များစွာ ကစားသွားဦးမှာပါ” လို့ သူက ဆိုခဲ့ပါတယ်။

အောင်မြင်မှုအလီလီ ရယူခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကာလတွေကိုကျော်လွန်ပြီး ယခုလို ဖြေကြားခဲ့တာကြောင့် သူ့ရဲ့ ဖြေကြားချက်ဟာ ရီးရဲလ်မှာကစားခဲ့တဲ့ နောက်ဆုံးနှစ်တွေမှာ အသင်းဥက္ကဌ ပီရက်ဇ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရတာကို ရည်ညွှန်းဟန်ရှိပြီး မက်ဒရစ်အသင်းတာဝန်ရှိသူတွေအတွက်တော့ စိတ်ကသိကအောင့်ဖြစ်ဖွယ်ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ကြပါတယ်။

စီ ရော်နယ်ဒိုဟာ ယခုရာသီအစမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ၂၄ ပွဲပါဝင်ကစားပေးထားကာ ၁၅ ဂိုးသွင်း၊ ၇ ဂိုးဖန်တီးပေးထားပါတယ်။

Comments are closed.