သူမနာမည်ကိုတက်တူးထိုးခဲ့တဲ့ ပရိသတ်ကြောင့် အံ့သြမဆုံးဖြစ်သွားတဲ့ သင်ဇာဝင့်ကျော်

သူမနာမည်ကိုတက်တူးထိုးခဲ့တဲ့ ပရိသတ်ကြောင့် အံ့သြမဆုံးဖြစ်သွားတဲ့ သင်ဇာဝင့်ကျော်

အနုပညာလောကထဲကို ဝင်ရောက်လာတာ ဆယ်စုနှစ်ကျော်ရှိခဲ့ပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အချိန်တွေကြာလာတာနဲ့အမျှ သူမရဲ့အောင်မြင်မှုအရှိအဝါကလဲပိုမိုကြီးမားလာသလို အားပေးကြတဲ့ ပရိသတ်အင်အားကလည်း ပိုတိုးလာခဲ့ပါတယ်။ လက်ရှိမြန်မာ့အနုပညာလောကထဲမှာ အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး နာမည်ကြီးသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေတဲ့သင်ဇာဝင့်ကျော်ကတော့ သရုပ်ဆောင်အလုပ်အပြင် ကြော်ငြာမင်းသမီး၊ ပွဲတက်မင်းသမီးတစ်ဦးအဖြစ်ပါ လုပ်ကိုင်လာတာကိုတွေ့ရပြီး Sexy model အဖြစ်ပါ သူမကိုယ်သူမခံယူထားသူပါ။

အပြစ်ဆိုစရာမရှိအောင် လှပတဲ့မျက်နှာလေးနဲ့အတူ ဆွဲဆောင်မှုပြင်းတဲ့ ကောက်ကြောင်းအသွယ်သွယ်ကိုပိုင်ဆိုင်ထားတဲ့ သူမရဲ့ဘော်ဒီလေးက ပရိသတ်ကြားမှာ အင်မတန်ကိုရေပန်းစားလာတာပါ။ ညှှို့အားပြင်းတဲ့ Sexy ကျကျပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလေ့ရှိတဲ့ သင်ဇာကတော့ ယောကျာ်းထုကြီးရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းခံထားရသူဖြစ်သလို သင်ဇာ့ကိုချစ်ကြတဲ့ မိန်းကလေးပရိသတ်တွေကလည်း ဒုနဲ့ဒေးပါပဲ။

ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ ယခုနောက်ပိုင်း Sexy ကျပြီး အရမ်းဟော့လာတဲ့သင်ဇာ့ကို အစပိုင်းမှာ ပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့် မြင်ရဖန်များလာတဲ့အခါမှာတော့ သင်ဇာ့ရဲ့ဖက်ရှင်တွေကို အားလုံးကလက်ခံအားပေးလာကြတာကိုလည်းတွေ့ရပါတယ်။ အောင်မြင်ကျော်ကြားသူတစ်ယောက်ပီပီ အနုပညာအလုပ်တွေကို မအားမလပ်အောင်လုပ်ကိုင်နေရတဲ့ သင်ဇာကတော့ လက်ရှိမှာ အံ့သြဝမ်းသာစရာကိစ္စလေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲ့တာကတော့ သင်ဇာ့ကိုအခိုင်အမာဝန်းရံအားပေးနေတဲ့ ပရိသတ်တွေထဲက မိန်းကလေးတစ်ယောက်က သူမရဲ့ပခုံးပေါ်မှာ သင်ဇာဝင့်ကျော်ရဲ့နာမည်ကို အပြည့်အစုံကို တက်တူးရေးထိုးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ထိုမိန်းကလေးက တက်တူးထိုးထားတဲ့ပုံတွေကို သူမရဲ့ဖေ့စ်ဘွတ်မှာတင်ကာ “My Life” ဆိုပြီးရေးသားခဲ့ပါတယ်။ သူမဘဝအတွက် အရေးပါသူတစ်ယောက်အဖြစ် သူမချစ်တဲ့အနုပညာရှင်နာမည်ကို တက်တူးရေးထိုးခဲ့တာကြောင့် သင်ဇာဝင့်ကျော်က အံ့သြဝမ်းသာမဆုံးဖြစ်သွားခဲ့တာဖြစ်ပါတယ်။

သင်ဇာကတော့ ယခုလိုမျိုး သူမနာမည်ကိုတက်တူးထိုးပြီး အခိုင်အမာဝန်းရံအားပေးလိုက်တဲ့ ပရိသတ်ကြောင့် အရမ်းကိုဝမ်းသာပျော်ရွှင်နေသလို သူမအတွက်လည်း အဓိပ္ပာယ်အများကြီးရှိပါတယ်လို့ ဆိုထားပါတယ်။ သေရာပါတက်တူးထိုးရလောက်တဲ့အထိ သူမအပေါ် ရူးသွပ်အားပေးတဲ့ပရိသတ်ကိုပိုင်ဆိုင်ထားတဲ့ သင်ဇာကတော့ တကယ့်ကိုကံကောင်းသူပါပဲနော်…သင်ဇာဝင့်ကျော်နဲ့ သူမရဲ့ပရိသတ်ကြားက ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရားကို ဖော်ပြပေးလိုက်ပါတယ်နော်…

Credit:S(ပိုပိုလေး)

Comments are closed.