သွေးတွင်းအဆီကျပြီး လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျနည်းသော ဆေးကောင်း

သွေးတွင်းအဆီကျပြီး လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျနည်းသော ဆေးကောင်း

(Zawgyi)

အချိုရည်တွေအစား ရေနွေးကြမ်း သောက်ကြမယ်…

ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့် ရေနွေးကြမ်းသောက်သူတို့မှာ ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် အစာအိမ်သက်တမ်းရှည်မှု မတူညီကြပါ။

တိုင်းရင်းဆေးပညာရှုထောင့်တွင်ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် ‘ဝမ်းမီး’လိုသည်။ ‘ဝမ်းမီး’ကို ဒေသနာနယဆေးပညာတွင် ‘ပါစကတေဇော’ ဟုလည်း ခေါ်သည်။ ‘ဝမ်းမီး’မှာ ဝမ်းထဲမှမီး ဖြစ်သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွားမည် ဖြစ်သည်။

‘ပါစကတေဇော’သည် အစာကိုလောင်မြိုက်ပြီး ကြေကျက်အောင် ချက်ပြီးသော တေဇော ဖြစ်၍ပူသော တေဇော (ဥဏှတေ ဇော)ဖြစ်ပြန်သည်။ ပူသောတေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေးသောအရသာရှိသဖြင့် ‘သီတ’ အစာဖြစ်သည်။ အစာကြေစေ သောအပူဆန့်ကျင်ဘက်လောင်းထည့်လိုက်လျှင် မည်သို့ဖြစ်မည်နည်း။ ရှင်းပါသည်။ အစာမကြေနိုင်တော့။ မကြေသည့်အပြင် ပါစကတေဇောပျက်မည်ဖြစ်လေသည်။ ပူလိုက် အေးလိုက် ဖြစ်ပါများလျှင် အစာအိမ် ပျက်စီးသည်။ အစာအိမ်ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည်။ ရနိုင်သောရောဂါများမှာ-

(၁)အစာမေၾကေရာဂါ

(၂)အစာအိမ်ရောင်ရောဂါ

(၃) အချဉ်ပြန်ရောဂါ

(၄)အစာအိမ်အချဉ်ပေါက်ရောဂါ

(၅) အစာအိမ်အနာပေါက်ခြင်း

(၆) အစာအိမ်ကင်ဆာစသော ရောဂါများဖြစ်နိုင်လေသည်။ ရိုးရာဆေးပညာ၊ အာယု ဗေဒဆေးပညာအလိုအရ’ရောဂါ မှန်သမျှသည် အစာမကြေမှစသည်’ ဟုဆိုသည်။

အနောက်တိုင်းဆေးပညာများတွင် မကြာသေးမီကမှဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည်နှင့် သံဗူးများ၊ ဂက်စ်ပါသော အချိုရည်သောက်သုံးလေ့ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင် လုပ်လိုက်သဖြင့် ချေဖျက်ရန်ခက်ခဲပြီး ‘ဆီးချို’ရောဂါဖြစ်ဖို့ လမ်းစ ဖြစ်လာနိုင်သည်။

ထို့အပြင် ထိုအက်ဆစ်ဖတ်များကို အဟာရအဖြစ် အူသိမ်မှစုပ်ယူရာမှ သွေးကြောများအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီထု တက်လာလေသည်။ သွေးတွင်း အဆီထုတက်လာသူများမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲ ပတ်ထွက်မျောပါသွားပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများပါ ဖြစ်နိုင်သည်။

ရေနွေးကြမ်းနှင့်ပတ်သက်ပြီး ပြန်လည်ကောက်ချက်ချရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ကြီးပြကြီးများ၌ နေထိုင်သူများလောက် လေဖြတ်သူမများရခြင်း အကြောင်းအရင်းများတွင် ရေနွေးကြမ်း သောက်သောဓလေ့သည်လည်း တစ်ခု အပါအဝင်ဖြစ်နိုင်ပါသည်။

တောနယ်များတွင် ဆင်းရဲသားလယ် သမား၊ ယာသမားများဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။တရုတ်ပြည်မှ ရှေးနှစ်ပေါင်း များစွာ(အေဒီ-၆ဝဝ)ကျော်ကတည်းက ဆူပွက်သော ရေနွေးထဲသို့ သစ်ရွက် ကြွေကျရာမှ စတင်ခဲ့သော လဘက်ခြောက်ခတ် သောက်သော ဓလေ့ကြောင့် အာရှနှင့် အရှေ့တောင်ဥရောပနိုင်ငံများတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်သူ နည်းပါးသည်။ ဥရောပနိုင်ငံများမှာ အဖြစ်များသော ကင်ဆာသည် အရှေ့တောင် အာရှရှိ ရေနွေးကြမ်းသောက် သောနိုင်ငံများတွင် ဖြစ်ပွားမှုရာ နှုန်းနည်းသည်ကို လေ့လာတွေ့ ရှိကြသည်။

လေဖြတ်ခြင်းသည် လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုးဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့လိုသည်။ အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေးဟူ၍ မရှိပါ။ သွယ်ဝိုက်သောနည်းဖြင့်သာ အကျိုးရှိနိုင်သောဆေးများကိုသာ ရောင်းနေကြခြင်း ဖြစ်သည်။ သတ္တုစပ်လက်ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့်လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်းနေခြင်းများလည်း ရှိသည်။ သင် လေဖြတ်ခြင်းမှကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း ရေနွေးကြမ်းတစ်ခွက် သောက်ပါ။

အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုးရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်းအဆီကျစေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေးကျနည်းသော ဆေးကောင်းဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

SHADE Journal

Comments are closed.