သဘောထားချင်းမတိုက်ဆိုင်လို့ (၂) နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူသက်တမ်းကို အဆုံးသတ်လိုက်ကြပြီဖြစ်တဲ့ သူရိယနဲ့ ဆုအိမ်စံ

သဘောထားချင်းမတိုက်ဆိုင်လို့ (၂) နှစ်ကျော်တွဲခဲ့တဲ့ ချစ်သူသက်တမ်းကို အဆုံးသတ်လိုက်ကြပြီဖြစ်တဲ့ သူရိယနဲ့ ဆုအိမ်စံ

ဆုဆု၊ ဆုဆုလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်နေကြတဲ့ ဆုအိမ်စံဟာ လွန်ခဲ့တဲ့ လပိုင်းတွေကမှ သရုပ်ဆောင် သူရိယနဲ့ စေ့စပ်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူရိယနဲ့ ဆုအိမ်စံတို့ဟာ ပရိသတ်တွေအချို့ရဲ့ Idol Couple တွေလည်းဖြစ်ခဲ့ဖူးပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့အတွဲရဲ့ ဓာတ်ပုံလေးတွေဟာ လူငယ်တွေကြားမှာလည်း အားကျစရာကောင်းပြန်ခဲ့သေးတာပါ။

Image may contain: 3 people, people sitting and outdoor
Image may contain: 1 person, smiling, sitting

နှစ်ယောက်လုံးဟာ အနုပညာရှင်တွေဖြစ်ကြပြီးတော့ တစ်ဦးကိုတစ်ဦး နားလည်မှုနဲ့ လက်တွဲလာခဲ့ကြတာ (၂) နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ ချစ်သူများနေ့မှာ စေ့စပ်ပွဲလေးကို ပြုလုပ်ခဲ့ပါတယ်။

Image may contain: 2 people, people smiling, people sitting and outdoor
Image may contain: 2 people, people standing, wedding, flower and outdoor
Image may contain: 1 person, smiling, standing, wedding and outdoor

နှစ်ဦးသား စုံတွဲပုံလေးတွေ၊ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲတစေတင်တတ်တဲ့ ဆုဆုတို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကို ပရိသတ်တွေ မမြင်တွေ့ရတာကြာလာတဲ့အချိန်မှာတော့ သူတို့ နှစ်ဦးချစ်သူသက်တမ်း ပြတ်ဆဲသွားကြပြီလားဆိုတဲ့ ပြောဆိုမှုတွေလည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ စေ့စပ်ပွဲပြီးသွားတဲ့နောက်မှာတော့ ဆုအိမ်စံက မင်္ဂလာပွဲကို Surprise လုပ်မှာဖြစ်တယ်လို့ မီဒီယာတွေကို ဖြေကြားထားခဲ့ပါသေးတယ်။

Image may contain: 3 people, people smiling, people standing and outdoor
Image may contain: 2 people, people standing, sunglasses and outdoor
Image may contain: 2 people, people smiling, people standing, tree and outdoor

သူတို့ နှစ်ဦးရဲ့ ပရိသတ်တွေကတော့ သူရိယနဲ့ ဆုအိမ်စံတို့ရဲ့ အချစ်ရေးလေးကို အဆုံးမသတ်စေချင်ခဲ့ကြပေမယ့်လည်း သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြပြီဖြစ်တဲ့အကြောင်းကို သူရိယက မီဒီယာကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။ ဘဝတစ်ခုကို လက်တွဲတည်ဆောက်သွားနိုင်ဖို့ဆိုတာ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့သာ တည်ဆောက်သွားနိုင်တာဖြစ်ပြီးတော့ သဘောထားချင်း မတိုက်ဆိုင်ဖြစ်ခဲ့ရင် လမ်းတဝက်မှာဘဲ လမ်းခွဲမှုတွေက ကြုံတွေ့လာရတာ ဓမ္မတာတစ်ခုပါပဲ။

Image may contain: 3 people, people smiling, people standing

ဒီလိုဖြစ်စဉ်တစ်ခုကိုလည်း သူရိယနဲ့ ဆုအိမ်စံတို့ (၂) ဦးလုံး ဖြတ်ကျော်ခဲ့ကြပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းအသိပေးလိုက်တာဖြစ်ပါတယ်။ (၂) နှစ်ကျော်ကြာခဲ့တဲ့ Relationship တစ်ခုကို ပြန်လည်အဆင်ပြေစေချင်တဲ့ ပရိသတ်တွေကတော့ အများကြီးရှိကြဦးမှာပါ။

Image may contain: 2 people, people smiling, people standing
Image may contain: 2 people, people sitting, shoes and sunglasses

ပရိသတ်တွေ ချစ်တဲ့ သူရိယနဲ့ ဆုအိမ်စံ အနုပညာလမ်းကြောင်းတစ်လျှောက်မှာ အောင်မြင်မှုတွေဆွတ်ခူးပြီးတော့ ကိုယ်စီလျှောက်လှမ်းနိုင်ကြပါစေလို့သာ ပရိသတ်တွေနဲ့အတူ တောင်းဆုပြုပေးလိုက်ပါတယ်။We Love Cele

Image may contain: 1 person, smiling, standing

Photos-Thuriya & Hsu Eaint San

Comments are closed.