တိုက်(၆)လွှာပေါ်က ပြုတ်ကျသွားတဲ့ အချစ်ရဆုံးကြောင်လေးအတွက် ယူကြုံးမရဖြစ် ဝမ်းနည်းနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်

တိုက်(၆)လွှာပေါ်က ပြုတ်ကျသွားတဲ့ အချစ်ရဆုံးကြောင်လေးအတွက် ယူကြုံးမရဖြစ် ဝမ်းနည်းနေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်

ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မော်လ်ဒယ်မင်းသားချောလေး ပိုင်တံခွန်ကတော့ ပြည်ပ ပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားပြီး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသူပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံ ချစ်ခင်မှုတွေကို အပြည့်အဝသိမ်းပိုက်ထားတာလည်း တွေ့ရပါတယ်နော်..။

ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ပုံရိပ်လေးတွေအပြင် တိရိစ္ဆာန်လေးတွေအပေါ် ကြင်ချစ်ခင်တတ်တဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။

တိရိစ္ဆာန်လေးတွေကို ကြင်ကြင်နာနာနဲ့ ချစ်ခင်ကြင်နာတတ်တဲ့ ပိုင်တံခွန်ကတော့ လတ်တလောမှာလည်း သူ့ရဲ့ အချစ်ရဆုံးကြောင်မလေးအတွက် ယူကြုံးမရဖြစ်ကာ ဝမ်းနည်းစိတ်မကောင်းဖြစ်နေပါတယ်..။

ဂရုတစိုက်နဲ့ တယုတယလေး မွေးထားတဲ့ သူ့ရဲ့ကြောင်မလေးဟာ ကစားရင်း တိုက်(၆)လွှာပေါ်က ပြုတ်ကျသွားခဲ့တာမို့ သမီးလေးအတွက် ဘယ်လိုလုပ်ပေးရမှန်း မသိအောင်ကို ယူကြုံးမရဖြစ်ကာ ဝမ်းနည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်နော်..။

“ဘယ်လိုလုပ်ပေးရမှန်း မသိတော့ဘူး ခြောက်လွှာက ဆော့ရင်း ပြုတ်ကျသွားတာ အသံပဲကြားလိုက်တယ် ကလေးရယ် ဒီလောက်ထိန်းနေတဲ့ကြားက..” ဆိုပြီး စိတ်မကောင်းကြီးစွာနဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Comments are closed.