ရေဘေး ရံပုံငွေပွဲမှာ ဂိုးသမားတစ်ယောက်အဖြစ် ပါဝင်လာဦးမည့် ဘက်စုံထူးချွန်သူ စိုင်းစိုင်း

ရေဘေး ရံပုံငွေပွဲမှာ ဂိုးသမားတစ်ယောက်အဖြစ် ပါဝင်လာဦးမည့် ဘက်စုံထူးချွန်သူ စိုင်းစိုင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ပျိုပျိုမေမေတို့ရဲ့ အချစ်တော် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ဟာဆိုရင် ပရိသတ်ချစ်ခင်အားပေးမှုအများဆုံးရရှိထားတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။လူကြီးလူငယ်မရွေးအားပေးခြင်းခံနေရပြီး သူကတော့ (၁၅)နှစ်တိုင်တိုင် အောင်မြင်မှုအရှိုန်အဝါကျဆင်းသွားခြင်းမရှိတဲ့ ရှမ်းတိုင်းရင်းသား အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

စိုင်းစိုင်းတစ်ယောက်ကတော့ အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်မှာ ပါရမီပါသူပီပီ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ခေါင်းဆောင်မင်းသားအနေဖြင့် ပါဝင်ရိုက်ကူးနိုင်သည်အထိ အောင်မြင်မှုရရှိထားပါတယ်။သူကတော့ စီပွားရေးအနေဖြင့်လည်း SAI Cosmetix တံဆိပ်ဖြင့် အလှကုန်ပစ္စည်းလေးတွေကို ထုတ်လုပ်ရောင်းချပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုကိုအကောင်းဆုံးရရှိထားပါတယ်။

အနုပညာရှင်များ လေးသင်းပတ်လည် Royal Club ဘောလုံးပြိုင်ပွဲ ကျင်းပတဲ့ နှစ်တိုင်မှာလည်း ဂိုးသမားတစ်ယောက်အနေဖြင့် အကောင်းဆုံး ပါဝင်ဆင်နွဲလေ့ရှိကာ အာကစားဘက်မှာပါ ထူးချွန်တဲ့သူလည်းဖြစ်ပါတယ်။စိုင်းစိုင်းကတော့ လာမည့် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေပွဲဖြစ်တဲ့ ဘောလုံးပြိုင်ပွဲမှာလည်း အကောင်းဆုံး ဂိုးသမားတစ်ယောက်အဖြစ်မြင်တွေ့ရဦးမှာပါ။CeleGabar ပရိသတ်ကြီးထဲမှာရော စိုင်းစိုင်းလို့ ဘောလုံးအားကစား ဝါသနာပါသူတွေရှိရင် အလင်းပြခဲ့ပါဦးနော်။

credit – celegabar

Comments are closed.