ပိုင်ပွဲဝင်ခဲ့စဉ်က ဗီဒီယိုတွေ ပြန်လည် ထွက်ပေါ်လာပြီး ဟစ်ဖြစ်နေတဲ့ အလှမယ် နန်းချယ်ရီ

ပိုင်ပွဲဝင်ခဲ့စဉ်က ဗီဒီယိုတွေ ပြန်လည် ထွက်ပေါ်လာပြီး ဟစ်ဖြစ်နေတဲ့ အလှမယ် နန်းချယ်ရီ

လူမှုကွန်ယက်မှာ သြဂုတ်လ(၂၁)ရက်နေ့ကစတင်ပြီး နာမည်ကြီးခဲ့တဲ့ အလှမယ် နန်းချယ်ရီရဲ့ ပြိုင်ပွဲဝင်ခဲ့စဉ်က အင်္ဂလိပ်စကားပြောတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ပျံ့နှံ့လို့လာခဲ့ပြီး အများစုက မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အဖြစ်သွား ရောက် ခဲ့ပေမယ့် ယခုလို နိုင်ငံသိက္ခာကျစေတဲ့ အပြုအမူတစ်ခုဆိုပြီး မျှဝေလာကြခြင်းကြောင့် ဖြစ်ပါတယ်။ သူမဟာ MISS JEWEL OF THE WORLD 2019 ကို မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု တစ်ယောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။

အလှမယ် နန်းချယ်ရီဟာ Miss Jewel Of Myanmar 2019 ရဲ့ Winner အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး မေလ (၄)ရက်နေ့ ကနေ (၁၄) ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံ။ မနီလာမြို့မှာ သွားရောင်ယှဉ်ပြိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ သူမဟာ အဆိုပါ ပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ နိုင်ငံရဲ့လှပမှုအကြောင်းကို ပြောဆိုတဲ့ နေရာမှာ အင်္ဂလိပ် စကားပြော အရမ်းကို ဆိုးရွားလွန်းတာကြောင့် အလှမယ်တွေကြားမှာသာမက ပရိသတ်တွေကြားမှာလဲ လွန်စွာ ဂယက်ထနေခဲ့ပါတယ်။

မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် တွေဟာ အင်္ဂလိပ်စကားပြောကို အကောင်းဆုံး မဟုတ်ရင်တောင် ပြေပြစ်စွာပြောဆိုတက်ဖို့အတွက် သင်ယူလေ့လာသွားရတာဖြစ်ပြီး ယခုလို စင်မြင့်ထက်မှာ သရုပ်ပျက်စေတဲ့ စကားပြောဆို ခဲ့တဲ့ ပုံစံကတော့ မြန်မာ့ဂုဏ်ကို ညှိုးနွမ်းစေခဲ့ တယ်လို့လဲ ဝိုင်းဝန်းပြောဆိုနေကြပါတယ်။

အလှမယ် နန်းချယ်ရီဟာ Miss Jewel Of Myanmar 2019 ရဲ့ Winner အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး မေလ (၄)ရက်နေ့ ကနေ (၁၄) ရက်နေ့အထိ ဖိလစ်ပိုင် နိုင်ငံ။ မနီလာမြို့မှာ သွားရောင်ယှဉ်ပြိုင်ခဲ့တာဘဲ ဖြစ်ပါတယ်။ သူမဟာ အဆိုပါ ပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ နိုင်ငံရဲ့လှပမှုအကြောင်းကို ပြောဆိုတဲ့ နေရာမှာ အင်္ဂလိပ် စကားပြော အရမ်းကို ဆိုးရွားလွန်းတာကြောင့် အလှမယ်တွေကြားမှာသာမက ပရိသတ်တွေကြားမှာလဲ လွန်စွာ ဂယက်ထနေခဲ့ပါတယ်။

Miss Jewel of the World မှာ ပြိုင်ပွဲဝင်နေခဲ့တဲ့ နန်းချယ်ရီ ရဲ့ စင်မြင့်ထက်က ဗီဒီယို ဟာ မြန်မာတစ်နိုင်ငံလုံးအတွက် အရှက်ရစရာဖြစ်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုကို ပရိသတ်တွေ ကြည့်ရှု့ခံစားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Miss Jewel of the World 2019

ဖတ်ရှု့ပေးတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – Missology

Comments are closed.