ကိုရီးယားဆန်ဆန် ဆိုဂျူသောက်တဲ့ပုံစံနဲ့ ကြော်ငြာရိုက်ခဲ့ကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်

ကိုရီးယားဆန်ဆန် ဆိုဂျူသောက်တဲ့ပုံစံနဲ့ ကြော်ငြာရိုက်ခဲ့ကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်

နာမည်ကြီး အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်က အောင်မြင်မှု လမ်းမပေါ်မှာ ကိုယ်စီလျှောက်လှမ်းကြသူတွေ ဖြစ်ပါတယ်။ ဖွေးဖွေးနဲ့ ပိုင်တံခွန်ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများအပြားရှိပြီး အနုပညာလောကမှာတော့ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေချစ်ကြတဲ့ ဖွေးဖွေးနဲ့ ပိုင်တံခွန်က ဒီနေ့မှာတော့ ကြော်ငြာတစ်ခုမှာ အတူတူ သရုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။

ဖွေးဖွေးနဲ့ ပိုင်တံခွန်က Bella Cosmetic အတွက် ကြော်ငြာ ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ ကြော်ငြာကို ကိုရီးယားဆန်ဆန် ဝိုင်းသေးသေးလေးမှာ ထိုင်ပြီး ဆိုဂျူသောက်နေတဲ့ ပုံစံနဲ့ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ရဲ့ အတွဲညီညီ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်နေကြတဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှ မြင်ကွင်းအချို့ကို ချစ်ရတဲ့ မိုမိုလေးပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

ခန့်ညားသန့်ပြန့်နေတာပဲ ပိုင်တံခွန်ရယ်

ဖွေးဖွေး မူးနေတာလေးက ချစ်စရာလေးနော်။

ဖွေးဖွေးနဲ့ ပိုင်တံခွန်ကတော့ အတွဲညီညီနဲ့ သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီကြော်ငြာလေး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Takhon & Phway Phway’s fb

Comments are closed.