ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဖြူစင်ဆုံးပြုံးပြနိုင်အောင် ကျင့်ယူပါ ဆိုတဲ့ ဝင့်ယမုံနိုင်

ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဖြူစင်ဆုံးပြုံးပြနိုင်အောင် ကျင့်ယူပါ ဆိုတဲ့ ဝင့်ယမုံနိုင်

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ဝင့်ယမုံနိုင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ဝင့်ယမုံနိုင် ရဲ့ အလှပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝင့်ယမုံနိုင်က ပရိသတ်တွေ တစ်ခဲနက် အားပေးခြင်းခံထားရတဲ့ ” ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ မှ စံမြန်း ရဲ့ ဇာတ်ရုပ် နဲ့ ပရိသတ်အားပေးမှု များစွာရရှိထားတာပဲ ဖြစ်ပါတယ်။ ဗီလိန် ဇာတ်ရုပ် နဲ့ ပရိသတ်တွေ အားပေးအသိအမှတ် ပြုခံထားရတဲ့ သူမက စံမြန်း ဇာတ်ရုပ် နဲ့ လည်း လိုက်ဖက်ညီအောင် သရုပ်ဆောင်နိုင်ခဲ့တာပါ။

ဝင့်ယမုံနိုင် က ” မှားတဲ့ ဘက်ကနေကြည့်ပေးပါ ” ဇာတ်ကားကြီး ကို အောင်ရဲလင်း ၊ သက်မွန်မြင့် တို့နဲ့အတူ သရုပ်ဆောင်ထားပြီး ပရိသတ်တွေ အားပေးမှုများစွာရရှိခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ဝင့်ယမုံနိုင် က ” ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို အဖြူစင်ဆုံးပြုံးပြနိုင်အောင် ကျင့်ယူပါ …. ခွှင့်လွှတ်ခြင်း ဥပေက္ခာပြုခြင်းဖြင့် အနိုင်ယူပါ “ဆိုပြီး သူမရဲ့ ပုံလေးတွေနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ဝင့်ယမုံနိုင် ရဲ့ အလှပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;wint yamone naing

Comments are closed.