စီရော်နယ်ဒိုနဲ့ နေမာပေါင်းစည်းလိုက်ရင် ဘာဖြစ်လာနိုင်သလဲဆိုတာ ပြောပြသွားတဲ့ ဘရာဇီးဂန္ထဝင်

စီရော်နယ်ဒိုနဲ့ နေမာပေါင်းစည်းလိုက်ရင် ဘာဖြစ်လာနိုင်သလဲဆိုတာ ပြောပြသွားတဲ့ ဘရာဇီးဂန္ထဝင်

ဘရာဇီးကြယ်ပွင့်တိုက်စစ်မှူးနေမာဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလကို ပူလောင်မှုတွေနဲ့ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောကြားထားခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း အသင်းတွင်း ပြဿနာများစွာ ဖြစ်ပွားလျက်ရှိနေပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေကလည်း နေမာကိုအသင်းကနေ ထွက်ခွာဖို့အတွက် ဆန္ဒပြနေခဲ့ကြပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နေမာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ပြီးဆုံးဖို့ နီးကပ်နေတဲ့အချိန်အထိတော့ နေမာရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာသေးခြင်းမရှိသေးပါဘူး။

ဘရာဇီးဂန္ထဝင်ကစားသမားကြီးရီဗယ်ဒိုကတော့ နေမာနဲ့ စီရော်နယ်ဒိုတို့ရဲ့ပေါင်းစပ်မှုကို မြင်တွေ့လိုလျက်ရှိနေပါတယ်။ တကယ့်ကို နေမာနဲ့ စီရော်နယ်ဒိုတို့သာ လိုက်ဖက်ညီလွန်းမှာဖြစ်ပြီး သူတို့သာ ပေါင်းစပ်လိုက်ရင် ဂျူဗင်တင်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်သွားလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

“နေမာနဲ့ စီရော်နယ်ဒိုတို့ရဲ ့ပေါင်းစပ်မှုဟာ လုံးဝကို လိုက်ဖက်မှုရှိပြီး တောက်ပလွန်းပါလိမ့်မယ်။ သူတို့နှစ်ဖက်ပေါင်းလိုက်ရင် ဂျူဗင်တပ်ရဲ့တိုက်စစ်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်ဖြစ်လာပါလိမ့်မယ်”လို့ ရီဗယ်ဒိုက ပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းကလည်း နေမာကို ခေါ်ယူဖို့အတွက် ဒိုင်ဘာလားနဲ့ ပေါင် (၉၅)သန်းအထိ အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ လက်ကျန်အပြောင်းအရွှေ့ရက်မှာ နေမာရဲ့အပြောင်းအရွှေ့ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Comments are closed.