ဝေဠုကျော်ကို ကျေအေးပေးချင်စိတ် ရှိကို မရှိသေးဘူးလို့ပြောလာတဲ့ သင်းသင်း

ဝေဠုကျော်ကို ကျေအေးပေးချင်စိတ် ရှိကို မရှိသေးဘူးလို့ပြောလာတဲ့ သင်းသင်း

ဝေဠုကျော်ကို ကျေအေးပေးချင်စိတ် ရှိကို မရှိသေးဘူးလို့ပြောလာတဲ့ သင်းသင်း

thinthin 1

အလှမယ် သင်းသင်းနဲ့ ဝေဠုကျော်တို့ရဲ့ ရုံးချိန်းကိုတော့ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး တရားခွင်ကို နှစ်ဖက်စလုံး တက်ရောက်လာခဲ့ကြပါတယ်။ ရုံးချိန်းအပြန်မှာ ကျေနပ်ပီတိအပြုံးနဲ့ ထွက်လာသူကတော့ သင်းသင်းပါ။ နှစ်ဦးနှစ်ဖက် သက်သေတွေ နားထောင်ပြီး ကျေနပ်မှုရှိကြောင်းကိုတော့ သင်းသင်းက အင်တာဗျူးမှာ ခုလို ဖြေကြားသွားခဲ့ပါတယ်။

thinthin 2

အမှုအခြေအနေကတော့ သက်သေတွေ နားထောင်မှာပါ။ အဲ့ဒါကတော့ တရားသူကြီးဆုံးဖြတ်ပေးမှပဲ ရမယ်။ အချိန် ကြာတယ် မကြာဘူးဆိုတာကတော့ တရားဥပဒေအတိုင်း ဆောင်ရွက်နေတာပဲ။ တရားခံ ဘက်ကပဲ ပျက်ကွက်နေတာ အမဘက်ကတော့ တရားလိုအနေနဲ့ ပျက်ကွက်ထားတာ မရှိပါဘူး။ တရားခံရော တရားလို နှစ်ဦးနှစ်ဖက် ဆုံတော့ ကျေနပ်မှု ရှိပါတယ်။ ” လို့ ဆိုပါတယ်။

thinthin 2

ဝေဠုကျော် ဘက်က ဖြေကြားချက်ကိုလည်း ခုလို ကြားသိရပါတယ်။”အမှုက သက်သေတင်ထားတာတွေ နားထောင်ရုံပဲ ရှိသေးတယ်လေ။ အချိန်တန်ရင် ပြီးသွားမှာပါ။” ဆိုပြီး ပြောသွားပါတယ်။

thinthin 2

သင်းသင်းတို့ရဲ့ နောက်ထပ်ရုံးချိန်းက (၅ ) ရက်နေ့မှ ဖြစ်ပြီး စူးရှထက်တို့လို အမှုကျေအေးပေးဖို့က တစ်ယောက်နဲ့ တစ်ယောက် ဖြစ်တာချင်း မတူတဲ့အတွက် ကျေအေးပေးချင်စိတ် မရှိသေးဘူးလို့ ဆိုပါတယ်။

Comments are closed.