မေမီကိုကိုရဲ့ မျက်နှာပြောင်လေးနဲ့ဆော့ကစားခဲ့တဲ့ ချစ်စရာကောင်းတဲ့TikTok ဗီဒီယိုဖိုင်

မေမီကိုကိုရဲ့ မျက်နှာပြောင်လေးနဲ့ဆော့ကစားခဲ့တဲ့ ချစ်စရာကောင်းတဲ့TikTok ဗီဒီယိုဖိုင်

မေမီကိုကိုဟာဆိုရင် လူကြီးလူငယ်မရွေး အားပေးခံရတဲ့ သူပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်တဲ့အပြင် မြိုင်ဆိုတဲ့ ဇာတ်ကောင်ဟာ သူမအတွက် ပရိသတ်သိလာစေတယ်လို့ ဆိုနိုင်ပါတယ်။Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ ဆိုပြီး ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။

dkddiaaoo 2

လက်ရှိမှာလည်း တတိယမြောက်ဆုံမှတ် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်ထားတာဖြစ်ပြီး မကြာခင်မှာ စတင်ပြသတော့မယ့် ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သွားစေဖို့ TikTok လေးတွေမကြာမကြာဆော့ကစားတတ်တဲ့ မင်းသမီးလေးပဲ ဖြစ်ပြီး အနုပညာအလုပ်တွေဆက်တိုက်လုပ်ကာ ပွဲတွေဆက်တိုက်တက်ရောက်နေပြီး မကြာသေးမီကလည်း Aroma Wedding Show (2019) မှာ ပါဝင်ခဲ့သေးတာပဲ ဖြစ်ပါတယ်။

dkddiaaoo 3

လက်ရှိမှာတော့ သူမရဲ့ ပရိသတ်တွေကို”ဘာမှမလိမ်းထားလည်း ချစ်မှာလား” မေးခွန်းထုတ်လိုက်ကာ ချစ်စရာကောင်းလွန်းတဲ့ TikTokလေး ဆော့ကစားထားကာ ပရိသတ်တွေကို အိပ်ရာဝင် နှုတ်ဆက် လိုက်တာပဲ ဖြစ်ပြီး မျက်နှာပြောင်လေးနဲ့ ဘာမှမလိမ်းထားလည်း ချစ်ရဲ့လားလို့ ပြောထားတာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ချစ်စရာကောင်းလွန်းလှတဲ့ မေမီကိုကိုရဲ့ အိပ်ရာဝင်ခါနီး မျက်နှာပြောင်လေးနဲ့ဆော့ကစားခဲ့တဲ့ ချစ်စရာကောင်းတဲ့TikTok ဗီဒီယိုလေးကိုကြည့်ပြီး မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Comments are closed.