ကန်ချက်တိုင်းကို ပိုင်နိုင်စွာဂိုးဖမ်းနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ လေ့ကျင့်ကွင်းဆင်း ဗီဒီယိုဖိုင်လေး

ကန်ချက်တိုင်းကို ပိုင်နိုင်စွာဂိုးဖမ်းနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ လေ့ကျင့်ကွင်းဆင်း ဗီဒီယိုဖိုင်လေး

ကန်ချက်တိုင်းကို ပိုင်နိုင်စွာဂိုးဖမ်းနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ လေ့ကျင့်ကွင်းဆင်း ဗီဒီယိုဖိုင်လေး

saisaikhant6394 1

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် အသက်အရွယ်မျိုးစုံ နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ အမျိုးသားအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင်မှုကို ကြာရှည်စွာထိန်းထားနိုင်တဲ့ ထိပ်တန်းရှားရှားပါးပါးအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ အရွယ်မျိုးစုံ အားပေးတဲ့ စိုင်းစိုင်းကတော့ တစ်ပုဒ်ဆိုတစ်ပုဒ် ပရိသတ် ပါးစပ်ဖျားမှာ ရေပန်းစားအောင် လုပ်နိုင်သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူဘာလုပ်လုပ် အပြည့်အ၀ ထောက်ခံအားပေးရလောက်အောင် ပရိသတ်အမာခံတွေရှိတယ်ဆိုရင်လည်း မမှားပါဘူးနော်။

saisaikhant6394 3

နှစ်တိုင်း ဧပြီ၁၀ ရက်နေ့ဟာ စိုင်းစိုင်း မွေးနေ့ ဖြစ်ပြီး နှစ်တိုင်း သူ့မွေးနေ့ မှာကျင်းပလေ့ ရှိတဲ့စိုင်းစိုင်း Birthday Show ဟာလည်း ကြောက်ခမန်းလိလိ ပရိသတ်များ ကွင်းလုံးပြည့်အားပေးကြမ်းတာ အမှန်ပါပဲနော်။အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲဆယ်လီမို့ တချို့ သော အမျိုးသားပရိသတ်တွေရဲ့ Troll ခြင်းကိုတော့ နည်းနည်းပါးပါးခံရတာတွေတော့ရှိပါတယ်။

saisaikhant6394 2

စိုင်းစိုင်းကို အားပေးတဲ့ ပရိသတ် ဘယ်လောက် များလဲ ဆို ရင် နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့ Show ကိုလာတဲ့ ပရိသတ် အရေ အတွက်ကို ကြည့်ရင်သိနိုင်ပါတယ်။အမျိုး သမီး ပရိသတ် အခိုင်အမာရှိထားသူမို့ အနုပညာ အလုပ်တင်မကပဲ SAI Cosmetix ဆိုပြီး စီးပွားရေးလုပ်ငန်း လုပ်ပြန်တော့လည်း အရမ်းကို အားပေးကြတာတွေ့ရပါတယ်။ဆယ်စုနှစ်တစ်ခုတိုင် ပရိသတ်အားပေးမှုကို ယနေ့ချိန်ထိ ထိန်းထားနိုင်တဲ့ အနုပညာရှင်ဦးပဲ ဖြစ်ပါတယ်။

saisaikhant6394 4

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေဘောလုံးပွဲကို သြဂုတ်လ (၂၄)ရက်နေ့မှာ အနုပညာရှင်တွေများစွာပါဝင်ပြီး ကျင်းပမှာပဲ ဖြစ်ပါတယ်။ထိုအနုပညာရှင်တွေထဲမှာ စိုင်းစိုင်းလည်းပါဝင်မှာဖြစ်ပြီး ဂိုးသမားအနေနဲ့ ပါဝင်အားဖြည့်မှာပဲ ဖြစ်ပါတယ်။ထိုပါဝင်အားဖြည့်မယ့်အနုပညာရှင်တွေဟာ လေ့ကျင့်ရေးပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။

saisaikhant6394 3

လေ့ကျင့်ရေးဆင်းနေတုန်း ဂိုးဖမ်းလေ့ကျင့်နေတဲ့ဗီဒီယိုလေးကို စိုင်းစိုင်းဟာသူ့ရဲကလူမ့ကါန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကန်ချက်တိုင်းကို ပိုင်နိုင်စွာဂိုးဖမ်းနိုင်မှုကြောင့် မိန်းကလေးပရိသတ်တွေများစွာက ချီးကျူးနေကြတာပဲ ဖြစ်ပါတယ်။အဆိုဘက်တင်မဟုတ်ဘဲ အဘက်ဘက်ကတော်လွန်းလှတဲ့ ဦးစိုင်း ကို သဘောကျနှစ်သက်ရင် CeleGabar ပရိသတ်ကြီးလည်း မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Comments are closed.