လမ်းမထက်မှာ ကို့ယို့ ကားယားကြော်ငြာရိုက်ကူးနေတဲ့ ဖြူဖြူထွေးတို့ သားအမိ

လမ်းမထက်မှာ ကို့ယို့ ကားယားကြော်ငြာရိုက်ကူးနေတဲ့ ဖြူဖြူထွေးတို့ သားအမိ

လမ်းမထက်မှာ ကို့ယို့ ကားယားကြော်ငြာရိုက်ကူးနေတဲ့ ဖြူဖြူထွေးတို့ သားအမိ

phyuphyuhtwe 2

သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေး ကတော့ နာမည် နဲ့လိုက်အောင် ရိုးသားဖြူစင် လွန်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ အကနဲ့ဟာသဗီဒီယိုလေးတွေ ရိုက်ကူးရင်း လူသိများအောင်မြင်လာတဲ့ ဖြူဖြူထွေးက အနုပညာအလုပ်တွေလုပ်ကိုင်ပြီး မိဘကိုရိုးသားစွာ လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေး လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖြူဖြူထွေး ဆိုတာနဲ့ အားလုံးကချစ်ခင်အားပေးနေရတာ ဖြစ်ပါတယ်။

phyuphyuhtwe 5

လတ်တလော မှာတော့ ဖြူဖြူထွေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ အများဆုံးရိုက်ကူးနေရတာ တွေ့ရပါတယ်။ အခုလည်း ဖြူဖြူထွေးက”သမာဓိ စိန်ရွှေရတနာဆိုင် ” အတွက် ကြော်ငြာအသစ်လေးတစ်ခု ရိုက်ကူးပေးနေရတာ ဖြစ်ပါတယ်။

phyuphyuhtwe 1

ဒီကြော်ငြာလေး မှာတော့ ဖြူဖြူထွေးနဲ့အတူ သူမရဲ့အမေကလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့လမ်းလယ်ခေါင်မှာ ကားလမ်းကူးနေတဲ့ ဖြူဖြူထွေးတို့သားအမိရဲ့ရိုက်ကွင်းပုံလေးတွေကလည်း တကယ့်ကိုချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

phyuphyuhtwe 3

အခုလည်း စိန်လင်းက ” ကိုကိုစိန် တို့ရဲ့ aroma studio မှဒါရိုက်တာ အဖြစ် ဒီနေ့ “သမာဓိ စိန်ရွှေရတနာဆိုင် ” အတွက် ဖြူဖြူထွေးတို့ သားအမိ နဲ့ True Story လေးကို အခြေ ခံပြီး TV Commercialလေးရိုက်ပေးခဲ့ပါတယ် ။

phyuphyuhtwe 4

ထွက်လာရင် အားပေးကြပါ ဗျ ” ဆိုပြီး ရိုက်ကွင်းပုံရိပ်လေးတွေကို တင်ပေး ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးတို့သားအမိနှစ်ယောက် ရဲ့ ရိုက်ကွင်းပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Comments are closed.