ကိုရင်လူထွက်ဖြစ်တဲ့သားလေးကို ဆံပင်အတုစွပ်ပေးပြီး ဆေးထိုးစနောက်လိုက်တဲ့ မေမေထွန်းအိန္ဒြာဗိုလ်

ကိုရင်လူထွက်ဖြစ်တဲ့သားလေးကို ဆံပင်အတုစွပ်ပေးပြီး ဆေးထိုးစနောက်လိုက်တဲ့ မေမေထွန်းအိန္ဒြာဗိုလ်

မခိုင်ကြီးလို့ ရင်းနှီးသူတွေကချစ်စနိုးခေါ်ဝေါ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာလောကမှာ အားလုံးလေးစားရတဲ့ အဆိုတော် ၊ သရုပ်ဆောင် မင်းသမီးကြီးတစ်ဦး ဖြစ်ပါတယ်။ ထူးခြားတဲ့အသံပါဝါပိုင်ရှင် မခိုင်ကြီးက သီချင်းဆိုကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ပြောင်မြောက်လှပါတယ်။ ဝါရင့်သရုပ်ဆောင်ပီပီ ယနေ့တိုင်အောင် သရုပ်ဆောင ယ်စွမ်းရည်ပြည့်ဝနေတဲ့ မခိုင်ကြီးက လက်ရှိမှာ ”သူစိမ်းအိမ်” ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု ရရှိထားပါတယ်။

ဂရုစိုက်ကြင်နာတတ်တဲ့ ချစ်ခင်ပွန်းနဲ့အတူ သားတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မခိုင်ကြီးက အေးချမ်းသာယာတဲ့ မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မခိုင်ကြီးက တစ်ဦးသောသားလေးဖြစ်တဲ့ အောင်ဘိုလေးကိုလည်း အချိန်ပြည့်ဂရုစိုက်ပြီး ချစ်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း မခိုင်ကြီးက ကိုရင်လူထွက်ဖြစ်တဲ့ သားလေးကို ဆံပင်တုနဲ့ စနောက်ကျီစယ်လိုက်တာ တွေ့ရပါတယ်။

မခိုင်ကြီးက သူမရဲ့ဆံပင်တုကို သားလေးခေါင်းမှာတပ်ပေးလိုက်ပြီး Snap ပုံလေးတွေရိုက်ကာ တင်လိုက်တာပဲ ဖြစ်ပါတယ်။ ”ကိုရင် လူထွက်မို့ ဆံပင်ရှည်အောင်လုပ်ပေးတာကို ကျေးဇူးမတင်ဘူး… စိတ်ဆိုးနေတယ်…” ဆိုပြီး သားကိုစနောက်ထားတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမေ့ရဲ့ဆံပင်တုနဲ့ စနောက်ခံလိုက်ရတဲ့ ထွန်းအိန္ဒြာဗိုလ်သားလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Mi Mi Khine;,credit – myanmarload

Comments are closed.