ရေဘေးအလှူငွေ သိန်း ၄၀၀ ကျော်ရရှိနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

ရေဘေးအလှူငွေ သိန်း ၄၀၀ ကျော်ရရှိနေပြီဖြစ်ကြောင်း ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

လက်တလော ပြည်တွင်းဆိုးဆိုးရွားရွားဖြစ်ပွားနေတဲ့ ရေဘေးသင့်ဒေသတွေအကြောင်း ကိုပရိသတ်တွေလည်းအသိပဲဖြစ်ပါတယ်။ အဆိုပါ ရေဘေးသင့်ဒေသတွေကို ပရဟိတအဖွဲ့များ အနုပညာရှင်များစွာက သွားရောက်ကူညီမှုတွေပြုလုပ်လျှက်ရှိပြီး ရန်ကုန်မြို့အတွင်းအလှူကောက်ခံမှုတွေနဲ့အတူ ရေဘေးအလှူပွဲတွေကိုလည်း ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ရေဘေးအလှူပွဲတွေထဲမှာ ပရိသတ်အချစ်တော်တွေများစွာပါနေတဲ့ အနုပညာရှင်ဘောလုံးပွဲလေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။

osaisai63944 2

အဆိုပါ ဘောလုံး ပြိုင်ပွဲကတော့ သြဂုတ်လ (၂၄) ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းထဲမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဘောလုံးပြိုင်ပွဲကိုတော့ အသင်းနှစ်သင်းခွဲကစားသွားမှာဖြစ်ပြီး ပရိသတ်အချစ်တော် အနုပညာရှင်များ၊ ဂီတလောကမှ အဆိုတော်များစွာလည်း ပါဝင်နေကြောင်း သိရပါတယ်။ အဆိုပါ ရေဘေးအလှူနဲ့ပတ်သက်ပြီး စိုင်းစိုင်းကတော့ လက်ရှိ အလှူငွေ သိန်းလေးရာကျော်ရရှိနေပြီဖြစ်ကြောင်းနှင့် ပြိုင်ပွဲမတိုင်မီအထိ အလှူငွေတွေဆက်လက်လက်ခံနေကြောင်း ပြောပြခဲ့တာတွေ့ရပါတယ်။

osaisai63944 3
osaisai63944 4

စိုင်းစိုင်းရဲ့ စာသားလေးကတော့ “အားလုံး ရင်းရင်းနှီးနှီး နွေးနွေးထွေးထွးနဲ့ ကြည်နူးစရာညလေးပါ လောလောဆယ် သိန်းလေးရာကျော် အလှူငွေရရှိထားပါပြီ မနက်ဖြန်ပွဲကို ကိုယ်တတ်နိုင်သလောက် အလှူငွေယူခဲ့ပြီးလာရောက် အားပေးကြပါဗျို့ ” ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော်များစွာပါဝင်နေတဲ့ အဆိုပါ ရေဘေးအလှူဘောလုံးပြိုင်ပွဲကို ပရိသတ်တွေနဲ့အတူ သွားရောက်အားပေးရင်း အလှူပြုဖို့ မျှဝေပေးလိုက်ပါတယ်။

Comments are closed.